Thursday, December 09, 2021

ထိုင်းနိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းသွားလာရသဖြင့် ယခုနှစ်အတွင်း မြန်မာအလုပ်သမား ၆ ဦး သေဆုံးခဲ့ရ


တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာကြတဲ့မြန်မာအလုပ်သမား ၈၅ဦး ( ကျား၄၆ ၊ မ ၃၉ ) တို့ကို မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင် ၊ မေ(င်)မြို့နယ်တွင်ဒီဇင်ဘာလ ၈ရက်နေ့ နံနက် ၂နာရီမှ ည ၁၀ နာရီအတွင်း  ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။


အဆိုပါနေ့၌ပင်  တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးတို့ကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစီးကိုသက်ဆိုင်ရာတာဝန်ရှိသူများက မသင်္ကာလို့ ကားကိုတားဆီးရာ အရှိန်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ရာ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်  ဖိုင်ခွယ်မီးပွိုင့်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမြန်မာလုပ်သား ၃ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးပြီး ၄ဦးဒဏ်ရာပြင်းထန်းစွာရရှိခဲ့သည်။

Monday, November 08, 2021

မြန်မာအလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ နေ့စဉ်ရှိနေ


ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်တွင် ယမန်နေ့တရက်တည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားပေါင်း ၂၃၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Friday, November 05, 2021

ကြိုးတန်းပေါ်လမ်းလျှောက်နေရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များဘဝ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ဆာခွန်ခရိုင် နခွန်ပထုံခရိုင်နှင့် စမွတ်ပရာကန်ခရိုင် များတွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၁၁၂ဦးတို့ကိုနိုဝင်ဘာလ ၄ ရက်နေ့တွင် ကန်ချနဘူရီခရိုင်တွင် အဖမ်းခံခဲ့ရကြောင်းထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Sunday, October 31, 2021

မြန်မာအလုပ်သမား ၁၈၄ဦး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့်အဖမ်းခံရ


တဦးလျှင် ပွဲစားခ ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိပေးပြီး  ဘန်ကောက်မြို့၊ စမွတ်ဆာခွန်ခရိုင်၊ နခွန်ပထုံခရိုင်၊ နွန်ထဘူရီခရိုင်၊ စမွတ်ပရာကန်ခရိုင်များနှင့်ချွန်ဘူရီခရိုင်တို့တွင် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၈၄ဦးတို့အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနဘူရီခရိုင်နဲ့ ပကျွတ်ခီလီခမ်းခရိုင်၌ အဖမ်းခံရကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Friday, October 29, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၂၇ဦး အဖမ်းခံရ

 

မြန်မာနဲ့ထိုင်းနိုင်ငံ တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များပိတ်ထားသဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၃၇ ဦးအောက်တိုဘာလ ၂၇ ရက်နေ့က ပကျွတ်ခီလီခမ်းခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် ဖမ်းမိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။


သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၅နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်  မီ(င်)နယ်မြေ ခွန်းခါးရပ်ကွက် လိုင်းခေလာတွင် မြန်မာအလုပ်သမား၂၂ ဦး ( ကျား ၇ ၊ မ ၁၅ ) နှင့် ည ၁၀ နာရီအချိန်တွင် ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေ ဘန်းကောင်ရပ်ကွက် ဖုနံမ့်မလွန်တွင် မြန်မာအလုပ်သမား ၁၅ဦး (ကျား ၃၊ မ၁၂ ) အသီးသီးဖမ်းဆီးရမိကြောင်းသိရသည်။

Thursday, October 28, 2021

ပကျွတ်ခီလီခမ်တွင် မြန်မာအလုပ်သမား ၂၇ ဦးအဖမ်းခံရ

 

တဦးလျှင် ပွဲစားခ ဘတ်ငွေ ၁၈၀၀၀ ပေးပြီး စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၂၇ဦး ( ကျား ၁၅ ၊ ၂ ) တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅နာရီအချိန့်တွင်ပကျွတ်ခီလီခမ်ခရိုင် ၊ မီ(င်)နယ်မြေ ကော့လပ်ရပ်ကွက် ဘန်နွန်ခမ်အုပ်စုတွင် ဒေသဆိုင်ရာအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏သတင်းထုတ်ပြန်ခဲ့သည်။

Wednesday, October 27, 2021

“နယ်စပ်ဖြတ်ကျော်ပြီး Sai Yok ကို တရားမဝင်ဝင်ရောက်လာတဲ့ အလုပ်အကိုင်ရှာဖွေသူတွေ ရာနှင့်ချီရှိလာ”

Sai Yok ခရိုင်အတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၁) ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် ခရိုင်အတွင်းမှာ တစ်ရက်အတွင်း ဖမ်းဆီးခံရသူ (၂၆၀) ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အလုပ်ရှာဖွေသူအုပ်စု (၄)မှာ အမျိုးသား (၃၆) ဦးနဲ့ အမျိုးသမီး (၃၅) ဦးတို့ကို ဖူဖရာ သို့မဟုတ် မူး ၄ ရွာအနီးမှာရှိတဲ့ tambon Si Mongkhon မှာ ညနေ ၅ နာရီခန့်က အာဏာပိုင်တွေ လှည့်ကင်းလှည့်နေချိန်မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က‌ပြောပါတယ်။ အဆိုပါ အလုပ်ရှာဖွေသူတွေဟာ တောလမ်းကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်ပါတယ်။

Tuesday, October 26, 2021

ချင်းမိုင်းတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သဖြင့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာလ ၂၅ ရက်နေ့တွင် ချင်းမိုင်ခရိုင် ဖန်(င်)နယ်မြေ မဲ့ငွန်ရပ်ကွက်တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦး ( ကျား၇၊ မ ၁၇ ) ကလေးငယ်၂ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Monday, October 25, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများထပ်မံအဖမ်းခံရ

တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့်များပိတ်ထားသဖြင့် ထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရသဖြင့် ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ထပ်မံဖမ်းဆီးခံရကြောင်းသိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ လာကြသည့် မြန်မာအလုပ်သမား ၁၄ ဦး (ကျား ၁၀ ၊မ ၄ ) နှင့် ခေါ်ဆောင်သူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ လူးစူ(မ်)ရပ်ကွက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား ၁၂၀ဦး ထပ်မံအဖမ်းခံရ

 

ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ ဆီလီမုံခွန်ရပ်ကွက်အနီးရှိ တောတွင်တနေရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  ၁၂၀ ဦး ( ကျား  ၆၅ ၊ မ ၅၅ )တို့ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရနောင်းခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာ ၂၅ ၊ ရနောင်း ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ရနောင်းခရိုင် လအူ(န်)မြို့နယ် မှ ချွန်ဖော်ခရိုင် စဝီမြို့နယ်သို့ ဦးတည်းမောင်နှင်းလာ ကား ၄စီးပေါ်တွင်လိုက်ပါလာသည့် တရားမဝင်မြန်မာအလုပ်သမား ၄၄ဦး (ကျား ၃၅ ၊ မ ၉ ) ပွဲစားနှင့် ယာဉ်မောင်းများအပါဝင်စုစုပေါင်း ၅၀ ဦးတို့ကို ယနေ့တွင် ထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Saturday, October 23, 2021

အစိုးရအလုပ်ရှင်အလုပ်သမားတို့အတွက် အခက်ခဲတွေ့ရသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြဿနာ


တဦးလျှင်ထိုင်းနိုင်ငံသုံးငွေနှစ်သောင်းပေးပြီး တရားမဝင်လမ်းကြောင်းမှတဆင့်ဝင်ရောက်လာသည့်မြန်မာအလုပ်သမား ၇ ဦး ( ကျား၅ ၊ မ ၂ ) တို့သည် ယမန်နေ့တွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရကြောင်းသိရသည်။

Thursday, October 21, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်နေရသဖြင့် မြန်မာအလုပ်သမားများနေ့စဉ် အဖမ်းခံနေရ၊ တာဝန်ရှိသူများထူးခြားသည့်ဆောင်ရွက်ချက်များ ယနေ့ထိမရှိ

အောက်တိုဘာ ၂၁ ၊ စိုင်ယိုး ၊ အလုပ်သမားဟစ်တိုင်

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ တရားဝင်နိုင်ငံနယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များ ပိတ်ပင်ထားသဖြင့် တရားမဝင်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံထဲအလုပ်သွားရောက်အလုပ်လုပ်မည့် မြန်မာအလုပ်သမား ၂၈ ဦး (ကျား ၉ ၊မ ၁၉ ) နှင့် ယာဉ်မောင်း ၁ဦးနှင့်အတူ  အောက်တိုဘာလ ၂၀ ရက်နေ့ကကန်ချနဘူရီခရိုင်၊ စိုင်ယိုးနယ်မြေ၊ ပွန်းတီးရပ်ကွက် ပွန်းတီးလန်းနေရာတွင် ထပ်မံအဖမ်းခံရကြောင်းသိရသည်။


Friday, October 08, 2021

ရနောင်းခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသား ၄၁ဦး အဖမ်းခံရ


ယမန်နေ့ နံနက် ၄နာရီအချိန်ခန့်တွင်  ခြုံဖော်ခရိုင် စဝီမြို့နယ်သို့ ဦးတည်ထွက်ခွာလာသည့် ကားတစီးကို ရနောင်းခရိုင် လအူ(န်)မြို့နယ် စကဲဝိုရပ်ကွက် အုပ်စု (၃)ရှိ စစ်ဆေးရေးဂိတ်တွင် ရပ်တန်စစ်ဆေးရာ အသက် (၄၃ )နှစ်အရွယ်နှင့် အသက် (၂၀)အရွယ်ရှိ ထိုင်းနိုင်ငံသား ယာဉ်မောင်းသမားများနှင့် ကားနောက်ဘက်အတွင်း လိုက်ပါလာသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦး (ကျား ၃၆ ၊ မ ၇ )တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Saturday, December 19, 2020

မလေးရှားနိုင်ငံမှ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသည့်မြန်မာနိုင်ငံသား ၁၁ဦးအဖမ်းခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စတူ(လ်)ခရိုင် ခွန်ခံနယ်မြေ အုပ်စု(၆) ဆောက်လုပ်ဆဲနေအိမ်တစ်လုံးတွင် နေရပ်ပြန်ကြမည့်  မလေးရှားနိုင်ငံဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား (၁၁)ဦးကို  ယနေ့နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း   #Thai PBS သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

Wednesday, December 09, 2020

တရားမ၀င်မြန်မာအလုပ်သမား ၇ဦးဖမ်းဆီးခံရ

ထိုင်းလူ၀င်မှုကြီးကြပ်ရေးဌာန၊ ထိုင်းစစ်တပ်မှတာ၀န်ရှိသူများ၊ ခရိုင်ကျန်းမာရေးအဖွဲ့၀င်များနှင့် ရပ်ရွာတာ၀န်ရှိသူများပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ တာခ်ခရိုင် မယ်ဆောက်မြို့ရှိ Phacharoenစျေးကို ၀င်ရောက်စစ်ဆေးခဲ့ရာ တရားမ၀င်မြန်မာအလုပ်သမား ၇ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် SAQ၏ဖော်ပြချက်အရသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၄ဦးအဖမ်းခံရ


ယနေ့(၈.၁၂.၂၀၂၀)၌ ထိုင်းမြန်မာနယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင် မယ်ဆောက်မြို့  ထာ့စိုင်လူမြို့နယ်ဘန်ဝမ်ထာ့ခမ်ကျေးရွာအုပ်စု(၇)ရှိ ကြံခင်တစ်ခုအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား အမျိုးသမီး ၄ဦးတို့ကို ကင်းလှည့်နေသည့် ထိုင်းစစ်တပ်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Tuesday, August 11, 2020

အထောက်ထာမဲ့မြန်မာအလုပ်သမားများဖမ်းဆီးရမိ


ပထုန်ဌာနီခရိုင် ပထုန်ဌာနီမြို့  ပေါ်ဖလပ်မြို့နယ် ရပ်ကွက်(၆)အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအား သတင်းရရှိချက်အရ ပထုန်ဌာနီခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့တပ်များအပါဝင် တာဝန်ရှိသူများကယနေ့(၁၁.၈.၂၀၂၀) ညနေ ၅နာရီအချိန်က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်း၌ မြန်မာအလုပ်သမားအလုပ်သမား ၂၁ဦး(ကျား ၁၄၊ မ၇)တို့ကို တွေ့ရှိကြောင်းသိရသည်။

၎င်းအလုပ်သမားများကို စစ်ဆေးခဲ့ရာ အထောက်မရှိဘူး ၁၇ဦး(ကျား ၁၁၊ မ၆)တို့ကိုဖမ်းဆီးရမိသဖြင့် ယင်းတို့ကို တရားမဝင်နေထိုင်မှုဖြင့်အရေးယူရန် နခွန်ပထုန်ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

Saturday, July 11, 2020

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၆ဦးအဖမ်းခံရ

 

ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင် မေ(င်)နယ်မြေ ၊ခလောင်ဝမ်းမြို့နယ်၊ချောင်စင်ခွန်ကျေးရွာ အုပ်စု(၆)တွင် ယနေ့(၁၁.၇.၂၀၂၀) နံနက်(၁)နာရီအချိန်၌ တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား(၆)ဦးကို ဖမ်းဆီး၇မိကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပေါ်နေသည့်ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်မှုများမဖြစ်ပေါ်စေရန် ပကျွတ်ခီလီခမ်ခရိုင်၌ သံဆူးကြိုးများကားရံထားရှိသောလည်း ယခုဖမ်းဆီးရမိသည့် တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်သူများသည် ညသန်းခေါင်းယံအချိန်များတွင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Thursday, July 09, 2020

ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်လာသည့် မြန်မာအလုပ်သမားစုစုပေါင်း ၂၉ဦးတို့ကို ယနေ့၌ဖမ်းဆီးရမိ




မြန်မာနှင့်ထိုင်းနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် တာခ်ခရိုင် မယ်မရတ်မြို့နယ်၊ ခန်နူကျေးရွာအုပ်စု(၇)တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၁ဦးတို့ကို တင်ဆောင်လာသည့် ပစ်ကတ်ကားတစ်စီးကို ထိုင်းလူဝင်မှုကြီးကြပ်အဖွဲ့ကယနေ့တွင်ဖမ်းဆီးရမိကြောင်း သိရသည်။