တရုတ်(တိုင်ပေ) အခြေစိုက် Acer ကုမ္ပဏီဟာ ယခုအခါ Dell ကုမ္ပဏီကို ကျော်လွန်ကာ ကမ္ဘာ့ဒုတိယ အကြီး ဆုံး PC ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်လာနေပြီလို့ ဈေးကွက်ကျွမ်းကျင် သူတွေဆိုကြပါတယ်။
ဒါဟာ အလွန်အံ့သြစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကတော့ Acer ဟာ ကမ္ဘာ့ထိပ်တန်း PC ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးများစာရင်းမှာ ထိပ်တန်း ၁၀ စာရင်းတောင် မဝင်ခဲ့လို့ပါ။
ဒါကြောင့် နာမည်ကြီးဆောင်းပါးရှင် တစ်ဦးဖြစ်တဲ့ ဂျော်ဖရီဂျိမ်းစ်က Acer ဟာ ယခုလိုပိုအောင်မြင်လာ ရခြင်း မှာ Dell ထက်ပိုကောင်းတဲ့ “ရောင်းချရေးဓလေ့ Sales Culture ” ပိုင်းမှာ သာလွန်လို့ပဲ ဖြစ်ရ မယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဂျော်ဖရီဂျိမ်းစ်ဟာ Acer ရဲ့တည် ထောင်သူ စတန်ရှီးကို သူအနားမယူခင် ကာလတွေမှာပဲ တွေ့ဆုံအင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ ဂျော်ဖရီဂျိမ်းစ်က စတန်ရှီးဟာ Acer မှာ လျင်မြန်အားကောင်းတဲ့ ပူးပေါင်းဆက်ဆံရေးဓလေ့ကို ဖန်တီးပေးခဲ့သူလို့ဆိုပါတယ်။ ဒါ့အပြင် စတန်ရှီးဟာ hi-tech နည်းပညာလောကရဲ့ တန်ဖိုးတွေကို အာရှစီးပွားရေးလုပ်ငန်းတွေနဲ့ အချိုးညီညီ ပေါင်းစပ်ထားခဲ့ တာကိုလည်း သူကကောက်ချက်ချခဲ့ပါတယ်။