Saturday, June 06, 2020

မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆၃၈)ဦး ထပ်မံဝင်ရောက်




ဘားအံ၊ ဇွန်(၆)

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့ဇွန်လ (၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီမှ ညနေ(၆)နာရီအချိန်ထိ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆၃၈)ထပ်မံ ဝင်ရောက်ကြောင်း သိရပါသည်။

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှ ဇွန် ၅ ရက်၌ ဦးရေ ၁၁၉၀ ဆက်လက်ဝင်ရောက်



မြဝတီ ဇွန် ၅

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံ ခဲ့ရာ ဇွန် ၅ ရက်တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူဦးရေ ၁၁၉၀ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှဖြစ်ကာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူပြီး ၎င်းတို့၏အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက် သူများဖြစ်ကြောင်း သိရသည်။

Wednesday, June 03, 2020

ထိုင်းမှ နေရပ်ပြန်မြန်မာအလုပ်သမားတစ်ဦးထံ မှ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ



Covid-19 PositiveCase(233)သည် ၂၅.၅.၂၀၂၀ရက်နေ့ကထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင်၊မဟာချိုင်မြို့နယ်မှ မြန်မာနိုင်ငံအ တွင်းသို့မြဝတီနယ်စပ်မှဝင်ရောက်သည့်ပြည်တော်ပြန်ပြန်တစ်ဦးဖြစ်ပါသဖြင့် Closed Contact Person များကိုဆက်သွယ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။


Tuesday, June 02, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး ဆက်လက်ဝင်ရောက်



မြဝတီ ဇွန် ၁
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံမှ မေ ၁ ရက်ကစပြီး လက်ခံခဲ့ရာ ဇွန် ၁ ရက်တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၀၄၃ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၃၀၈ ဦး သည် ထိုင်းနိုင်ငံ မော်ချစ်ကားဂိတ်မှ ကား ၁၅ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ပြီး ကျန် ၇၃၅ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။