Tuesday, January 24, 2017

မက်ဇူကာဗတ်ဧ။် အောင်မြင်ရေးလျှို့ဝှက်ချက် ၅ ချက်

 


၂၀၁၀ခုနှစ် တိုင်းမ်မဂ္ဂဇင်းကြီးဧ။် `Person of the Year´ တနှစ်တာအတွင်း အထင်ရှားဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခံရသူမှာ အသက်၂၅အရွယ် မက်ဇူကာဗက်ဆိုသည့် လူငယ်လေးဖြစ်သည်။ 

၁၉နှစ်အရွယ်သာရှိသေးသည့် ဇူကာဗက်သည် ဖေဖော်ဝါရီလ ၄ရက်နေ့၊ ၂၀၀၄ခုနှစ်တွင် ဖေ့ဘွတ် တည်း ဟူသော အင်ပါယာကို စတင်လွှင့်တင်ခဲ့သည်။တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ရှိလူဦးရေ အရေအ တွက် ပြီးလျင် ဖေ့ဘွတ်သည် တတိယအင်အားအတောင့်တင်းဆုံး နေမဝင်အင်ပါယာဖြစ်သည်။ အင်ပါယာ တည် ထောင်သူ ဇူကာဗက်သည် ၂၀၁၂ခုနှစ်တွင် ကမ္ဘာအချမ်းသာဆုံး နံပါတ် ၂၉ဖြစ် လာခဲ့တော့သည်။