Friday, July 03, 2020

ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) အချက်အလက်ဖြည့်သွင်း ရန်ထုတ်ပြန်ခြင်


မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများဖြစ်သောချင်းမိုင်ခရိုင်၊ လန်ဖုန်ခရိုင်၊ လန်ပန်ခရိုင်၊ ဥတ္တရာဒစ်ခရိုင်၊ ဖရာယ့်ခရိုင်၊ နန့်ခရိုင်၊ဖယောင်ခရိုင်၊ ချင်းရိုင်ခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်များတွင်နေထိုင်သည့်မြန်မာနိုင်ငံသားများအနေဖြင့် ယခုပူးတွဲပါ လျှောက်လွှာကိုပရင့်ထုတ်ပြီး နမူနာအတိုင်းဖြည့်ပြီးပါက ကိုယ်တိုင်းဖြစ်စေ Emailမှဖြစ်စေ ၊ စာတိုတ်မှဖြစ်စေ (၁၆.၇.၂၀၂၀ မှ ၅.၈.၂၀၂၀ )အတွင်းလျှောက်လွှာများကို ပြန်လည်းပေးပို့ရပါမည်။

Wednesday, July 01, 2020

ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ ၇၅ ဦးအား မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ တာဝန်ရှိသူများက မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂) မှတစ်ဆင့် ပြန်လည်လွှဲပြောင်းလက်ခံ



နေပြည်တော် ဇွန် ၃၀

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများမှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၅ ဦးအား ဇွန် ၂၆ ရက်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တစ်ဆင့် ပြန်လည်လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရ သည်။ 

ယင်းသို့ လွှဲပြောင်းလက်ခံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်သူနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့်နိုင်ငံသားဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(မြဝတီ)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြဝတီမြို့ ပြည်သူ့ဆေးရုံတို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေး ဝန်ကြီးဌာန၊ Songkhla Shelter မှ ညွှန်ကြားရေးမှူး Mr. Parinwat Thitiphonthannawit ဦးဆောင်သော အဖွဲ့ထံမှ အထောက်အထား စာရွက်စာတမ်းများနှင့် လူကုန်ကူးခံရသူများအား ထိုင်းနိုင်ငံအစိုးရ၏ ထောက်ပံ့ ငွေစုစုပေါင်း ထိုင်းဘတ် ၅၂၄၄၁၇ နှင့်အတူ လွှဲပြောင်း လက်ခံသည်။