Sunday, November 28, 2021

Whey ပရိုတင်းဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ

 


လူတိုင်းနီးပါး ကြိုက်လို့ သောက်နေသော နို့။ ကျန်းမာရေးအတွက် အသားအရေအတွက်၊ အရိုးသန်စွမ်းရေးအတွက် ကလေး၊ လူကြီး၊ လူငယ်မရွေး သောက်နေကြတဲ့ နို့မှာ casein နဲ့ whey လို့ ခေါ်တဲ့ ပရိုတင်း (၂)မျိုးပါတယ်။ မသောက်ဖူးတဲ့သူ မရှိတဲ့ နို့ရဲ့ ကောင်းကြောင်းတွေကို အားလုံးသိပြီးကြသော်လည်း ခုနောက်ပိုင်းခေတ်စားလာတဲ့ လူပြောများလာတဲ့ န့ိုထဲပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey ပရိုတင်းဆိုတာ ဘာများပါလဲ။ သောက်လိုက်ရင်ရော ကျန်းမာရေးအတွက် ဘာတွေကောင်းစေလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။


Whey ပရိုတင်းဆိုတာ ဘာလဲ။

Whey ပရိုတင်းဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓါတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓါလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့သူတွေ ကြွက်သားတက်အောင် သောက်နေကြတဲ့ ဖြည့်စွက်စာ တစ်မျိုးအဖြစ် လူသိများခဲ့ရာက အခုနောက်ပိုင်းမှာတော့ ဆီးချိုသွေးချိုသမားတွေအတွက် ဆီးချိုထိန်းဖို့ ဖြည့်စွက်စာအနေနဲ့ပါ ထင်ရှားလာခဲ့ပါတယ်။ Whey ပရိုတင်းမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ amino acids (၉)မျိုးပါပြီး သူ့ရဲ့ ကောင်းကျိုးအာနိသင်တွေလည်း အရမ်းများပါတယ်။ ဘာတွေအတွက် ကောင်းလဲဆိုတာကို ကြည့်လိုက်ရအောင်။

အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ

 

အမျှင်ဓာတ် ဆိုတဲ့ Fiber ဓာတ်က နောက်ပိုင်းမှာ ခေတ်စားလာတဲ့ ဝေါဟာရ တခုပေါ့။ အစားအသောက်တွေမှာ အမျှင်ဓာတ် ပါသင့်တယ် ဆိုပြီး ဘယ်အရာတွေက အမျှင်ဓာတ် များတယ်၊ ဘာတွေ စားသင့်တယ် ဆိုတာကို ညွှန်းလာကြ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျှင်ဓာတ်တွေက ကိုလက်စထရော ဆိုတဲ့ အဆီဓာတ်ကို လျှော့ချ ပေးတယ်၊ ဝမ်းမချုပ်အောင် ကာကွယ်တယ်၊ အစာကြေလွယ်စေတယ် ဆိုတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ ပါပဲ။ နာတာရှည် ကင်ဆာလို ဝေဒနာမျိုးတွေပါ ကာကွယ်ပေးတယ် လို့တောင် ဆိုကြပါတယ်။ အဲဒီ အပြောများ လာတဲ့ အမျှင်ဓာတ်ကို ဘယ်လို အစားအသောက်တွေကနေ ရနိုင်မလဲဆိုတာ သိထားရင်ဖြင့် စီစဉ် စားသောက်နိုင်ကြမှာ ပါ။