၁၀.၈.၂၀၁၇၊ ဘန်ကောက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်၊ ဘန်ကပိနယ်မြေ လက်ဖလောင်ရပ်ကွက်၊
လမ်းနံပါတ် ၁၀၁ရှိ နေအိမ်အတွင် အိမ်ရှင်ဖြစ်သူက အိမ်ဖော်အဖြစ်အလုပ်
လုပ်နေသူ မနန်းအိအိ ကိုင်ဆောင်သည့် ပက်စပိုစ့်ကိုသိမ်းထားပြီး
အလုပ်မှထွက်ခွင့်မပေးသည့်အတွက် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က
ကူညီပေးခဲ့ကြောင်းသတင်းရှိရပါသည်။
မနန်းအိအိ(အသက် ၂၂နှစ်)သည် အဆိုပါနေအိမ်အတွင် အလုပ်လုပ်ကိုင်
နေသည်မှာ ၁လခန့်ရှိပြီးဖြစ်သော်လည်း အလုပ်ရှင် မိသားစု၏ ဝေယျာဝစ္စ
အ၀၀တို့၏ တာဝန်ဆောင်းရွက်မပေးနိုင်သဖြင့် အလုပ်ထွက်ခွင့်တောင်း
သော်လည်းအလုပ်ရှင်ဖြစ်သူက ထွက်ခွင့်မပေးသည့်အပြင် သူမကိုင်ဆောင်
ထားသည့် ပက်စပိုစ့်ကိုလည်း သိမ်းဆည်းခြင်းခံရကြောင်းသူက ရှင်းပြပါသည်။
“အလုပ်ရှင်မိသားစုရဲ့ဝေယျာဝစ္စတွေတင်မကဘူး သူတို့မွေးထားတဲ့ခွေးကိုပါ
ထိန်းကြောင်းပေးရနဲ့ အဲဒါ ညီမ ဒီအလုပ်မှာဆက်ပြီးမလုပ်နိုင်တော့လို့
ထွက်ခွင့်တောင်းတာ ထွက်ခွင့်မပေးတဲ့အပြင် ပက်စပိုစ့်ပါသိမ်းလိုက်တယ်၊
ပက်စပိုစ့်ကလည်း အခု၈လပိုင်း ၁ရက်နေ့မှာ ရက် ၉၀တုံးထုရတော့မယ်၊
အဲဒါလည်းသူတို့မလုပ်ပေးဘူး နောက်ပြီး သမီးကိစ္စရှိလို့အပြင်သွားလာမယ်ဆိုလည်း
ပက်စပိုစ့်မပေးဘူး ဒီအတိုင်းသွား ဘယ်သူမှမဖမ်းဘူးလို့ပြောတယ်၊ တကယ်တမ်း
ဒုက္ခရောက်ရင်သမီးပဲရောက်မှာ အဲဒါဘယ်လိုပဲတောင်းပန်ပြီးပြောပြော၊မရတော့တာ
နဲ့ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ထံဖုန်းဆက်အကူညီတောင်းခဲ့ရတာပါ”





