ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ဘန်ထိုလနယ်မြေ ဘန်ခေါင်ဆူးလမ်းခြံနံပါတ် ၅/၉ရှိ နေအိမ်တန်းလျားတစ်ခုတွင် မြန်မာအလုပ်သမားအမျိုးသား မောင်ချစ်ကိုကို(၂၀နှစ်)သည် ယမန်နေ့ ည ၇နာရီအချိန်ခန့် တွင် နေထိုင်ရာအခန်း၌ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသူနှင့်အခန်းဖော်၃ဦးတို့သည် အခင်းဖြစ်ပွားသည့် အခန်းအားငှားရမ်နေထိုင်သည်မှာ ၂နှစ်ခန့်ရှိပြီးဖြစ်ကာ ယမန်နေ့တွင် အတူအခန်းဖော်များသည် အလုပ်မှပြန်လာပြီး အချိန်အတန်ကြာ အခန်းတံခါး
ခေါက်ရာ ထူးခြားမှုရှိသဖြင့် အခန်းအနောက်ဘက်မှကြိုးစားဝင်ရောက်ခဲ့ရကြောင်းသိရသည်။




