Wednesday, November 17, 2021

ဘန်ကောက်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေး(ပကန်ဆာခွန်)ရုံးလိပ်စာများ


ဘန်ကောက်မြို့နယ်အတွင်းရှိ မြန်မာအလုပ်သမားများအနေဖြင့်  လူမှုဖူလုံရေး(ပကန်ဆာခွန်) ကိစ္စရပ်များနှင့်ပက်သတ်ပြီး ဆောင်ရွက်စရာအကြောင်းများရှိလာပါက အလွယ်တကူဆက်သွယ်နိုင်ရန် မိမိနေထိုင်ရာမြို့နယ်များနှင့်သက်ဆိုင်သည့် လူမှုဖူလုံရေး(ပကန်ဆာခွန်)ရုံးလိပ်စာများနှင့်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို အလုပ်သမားဟစ်တိုင်မှ ဖော်ပြပေးလိုက်ပါတယ်။

Monday, November 15, 2021

ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားမှ အလုပ်ပြောင်းခြင်း၊ ခရိုင်ဖြတ်ကျော်ခြင်း အဆင်ပြေမည် ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးကြရန် သံအရာရှိရုံး တိုက်တွန်း

 


၁၄ နိုဝင်ဘာ ၂၀၂၁ ၊ နခွန်ပထုံ ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အနေဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားမှအလုပ်ပြောင်းခြင်း၊ ခရိုင်ဖြတ်ကျော်ခြင်း အဆင်ပြေမည် ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးကြရန် အလုပ်သမား သံအရာရှိရုံးက တိုက်တွန်းပြောကြားထားကြောင်း သိရသည်။ 


Sunday, November 14, 2021

သင် သတိမထားမိလောက်တဲ့ Facebook လုပ်ဆောင်ချက် (၆) ခု

 

Facebook ကို နေ့တိုင်း သုံးနေကြတယ်ဆိုတာ သူငယ်ချင်း၊ မိသားစုတွေနဲ့ ချိတ်ဆက်ဖို့၊ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို မျှဝေဖို့နဲ့ တခြားသူတွေရဲ့ ရှုထောင့်ကနေ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေကို သိရှိလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။

Facebook ဆိုတာ လူတွေ အချက်အလက်မျှဝေရင်းက ကမ္ဘာကြီးကို ပိုပြီး ပွင့်လင်းမြင်သာလာအောင်၊ အချင်းချင်း ပိုပြီး နီးစပ်လာအောင် လုပ်ပေးနိုင်စွမ်း ပေးအပ်ထားတယ် ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒါပေမဲ့ ပလက်ဖောင်း အသုံးပြုတဲ့လူတိုင်း ဘေးကင်းစေဖို့နဲ့ စိတ်လုံခြုံမှုရစေဖို့ Facebook ပလက်ဖောင်းမှာရှိတဲ့ နည်းပညာကိရိယာတွေနဲ့ လုပ်ဆောင်ချက်တွေ အကြောင်းကိုတော့ သေသေချာချာ သိတဲ့သူ သိပ်ပြီး မရှိလောက်ပါဘူး။

လယောင်တွင် မြန်မာအလုပ်သမား ၆ ဉီး ပျောက်ဆုံးနေမှု အလုပ်သမားသံ အရာရှိနှင့် ထိုင်းအလုပ်သမားဝန်ကြီးတို့တွေ့ဆုံ

 


လယောင်တွင် မြန်မာအလုပ်သမား၆ဦးပျောက်ဆုံးနေမှု တိုင်ကြားနိုင်ရေးအတွက်  ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးနှင့်အလုပ်သမားသံအရာရှိဦးအောင်ကိုဇော်တို့  ဆိုဖွမ်ဘုန်းကြီးကျောင်း၌ နိုဝင်ဘာ ၁၃ရက် နံနက်၁၀နာရီက  တွေ့ဆုံခဲ့ကြောင်း သိရသည်။