Friday, February 15, 2019

ကော့ဖငန်ကျွန်းမှ အထောက်ထားမဲ့မြန်မာအလုပ်သမားများအဖမ်းခံရ




ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်ကျွန်းတွင် (၁၄.၂.၂၀၁၉)နေ့၌ ဆူရတ်ဌာနီခရိုင် ထိုင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဗိုလ်မှူး Mr. Wanchana Bawornboon၊ နယ်လှည့်ရဲတပ်ဖွဲ့၊နယ်မြေရဲတပ်ဖွဲ့၊ ဆူ
ရတ်ခရိုင် ထိုင်းအလုပ်သမားဝန်ကြီးဌာန(DOE) တို့သည် ကျွန်းပေါ်တွင် အလုပ်သမားများနေထိုင်ရာနှင့် 
အလုပ်နေရာများကို ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

Thursday, February 14, 2019

CBS-WORLDကုမ္ပဏီကို စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထိုင်းအာဏာပိုင်များ ၀င်ရောက်ဖမ်းဆီး


၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ  ၁၄ ရက်၊အလုပ်သမားဟစ်တိုင်၊ဘန်ကောက်

ဘန်ကောက်မြို့၊ လန်စီနယ်မြေ ကျဲဝပ်ထနလမ်း ဘန်ခင်ဈေးအနီးရှိ ထိုင်းနိုင်ငံသားစူလရ-စီဌ၀ါချိဝ(၆၀နှစ်)ပိုင်ဆိုင်သည့် တိုတ်ခန်းတွင် ဖွင့်လှစ်ထားသည့် CBS-WORLDကုမ္ပဏီကိုထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ထိုင်းရဲတပ်ဖွဲ့နှင့်နယ်မြေပေါင်းစုံကဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့(၁၄.၂.၂၀၁၉)တွင် စာရွက်စာတမ်းများအတုပြုလုပ်ကြောင်းသတင်းရရှိချက်အရ၀င်ရောက်
စစ်ဆေးခဲ့ပါသည်။


Wednesday, February 13, 2019

သင်္ကြန်ရက်ရှည်ခွင့်ပြန်မည့်အလုပ်သမားများအတွက်ကြေညာချက်





၁။ထိုင်းနိုင်ငံတွင်ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့်မကြာမီကျရောက်တော့မည့်မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလတွင်မိမိတို့၏နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည်ဖြစ်ပါသည်။

၂။ထိုင်းနိုင်ငံဒေသအသီးသီးမှခွင့်ပြန်ကြမည့်မြန်မာနိုင်ငံသားအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံမှထွက်ခွာပြီး၊ပြန်လည်ဝင်ရောက်ကြမည့်အလုပ်သမားများအနေဖြင့်ထိုင်းနိုင်ငံအတွင်းမှထွက်ခွာချိန်တွင်Immagration Law အရ Re-Entry တုံးထုသွားရမည်ဖြစ်ပါသည်။

၃။သို့ဖြစ်ပါ၍သင်္ကြန်ကာလမိမိတို့နေရပ်အသီးသီးသို့ခွင့်ပြန်ကြမည့်မြန်မာအလုပ်သမားများအားလုံးအတွက်ထိုင်းနိုင်ငံ၏Immagrationထွက်ပေါက်များမှတရားဝင်ထွက်ခွာနိုင်ရေး၊တရားဝင်ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် Re-Entry တုံးဖိုးကုန်ကျစရိတ်များသက်သာစေရေးတို့အတွက်ထိုင်းနိုင်ငံရှိသက်ဆိုင်ရာဌာနအသီးသီးနှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။


ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ခံရသည့် မြန်မာအလုပ်သမားလေးဦးအားဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထပ်မံကယ်တင်




ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်ရှိ ရေခဲစက်ရုံသို့လူကုန်ကူးခံရသည့်မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးုမြို့ နယ်၊ တောင်လျောင်းအုပ်စု စမ်းကုန်ကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား လူမှုကူညီရေးအဖွဲ့ဖြစ်သည့် ကရုဏာလက်တွဲကူညီအဖွဲ့မှ အလုပ်သမားသံအရာရှိရုံးနှင့်ချိတ်ဆက်ကာ (၁၁.၂.၂၀၁၉)ရက်နေ့ကလာရောက်ပို့ဆောင်ခဲ့ရာတွင် MOEAF(thai)CALL CENTRE၌ ယာယီ ခေါ်ယူစောင့်ရှောက်ထားကြောင်းသိရသည်။

ပွဲစားဖြစ်သူ မဆွေက ထိုင်းနိုင်ငံရှိ စက္ကူစက်ရုံတွင်အလုပ်ကောင်းမွန်ကြောင်းပြောကြားသည်များကို ယုံကြည်ပြီး အလုပ်သမားခုနှစ်ဦးသည် တစ်ဦးလျှင် မြန်မာကျပ်ငွေခုနှစ်သိန်းခန့်ပေးခဲ့ရကြောင်းနှင့် ၎င်းအလုပ်သမားခုနှစ်ဦးတို့ကို ပွဲစားဖြစ်သူ မဆွေနှင့် ထိုင်းနိုင်ငံ မယ်ဆောက်မြို့ရှိ ပွဲစားဖြစ်သူဒေါ်မာလီတို့က ချိတ်ဆက်ပြီးအလုပ်သမားများကို အုပ်စုနှစ်ခုခွဲကာ ထိုင်းနိုင်ငံသို့ ထီးခီးနယ်စပ်ဂိတ်နှင့် မြဝတီနယ်စပ်ဂိတ်တို့မှတဆင့် တရားမဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရသည်။