LATEST NEWS — နောက်ဆုံးရသတင်းများ
မှတ်ပုံတင်၏ရှေ့နံပါတ်များသည် သင်သည် ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မွေးဖွားခဲ့သည် (သို့) ဘယ်တိုင်းဒေသကြီး၊ဘယ်ပြည်နယ်တွင် မှတ်ပုံတင်ပြုလုပ်ခဲ့သည်ကို ကိုယ်စားပြုပါသည်။ နံပါတ်နောက်မှ အက္ခရာသည် မြို့နယ်ကို ကိုယ်စားပြုပါသည်။
၁ ဆိုရင် ကချင်ပြည်နယ်
၂ ဆိုရင် ကယားပြည်နယ်
၃ ဆိုရင် ကရင်ပြည်နယ်
၎ ဆိုရင် ချင်းပြည်နယ်
၅ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး
၆ ဆိုရင် တနင်္သာရီတိုင်း
၇ ဆိုရင် ပဲခူးတိုင်းဒေသကြီး
၈ ဆိုရင် မကွေးတိုင်း
လူသားတို့သည် ရေကြည်ရာမြက်နုရာရှာဖွေရင်းဘဝကို မြင့်သထက်မြင့်၊အောင်မြင်သထက် အောင်မြင်
အောင် ကြိုးစားရုန်းကန်ခြင်းဖြင့်အောင်မြင်ကြီးပွားသူအဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော်လူသား
တို့၏ စွမ်းဆောင်မှုအလိုက်၊ နေရာဒေသ အားသာချက်အလိုက် ကံ၊ဉာဏ်၊ဝီရိယအကျိုးပေးအလိုက်ဒေသ တစ်ခုနှင့် တစ်ခု ဖွံ့ ဖြိုးတိုးတက်မှုကွဲပြားခြားနားကြသည်။
ယနေ့ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူဦးရေနှင့်လူနေမှုပုံစံသည် အခြားသော ဖွံ့ ဖြိုးမှုနောက်ကျသေးသည့်
နိုင်ငံများမှကျွမ်းကျင်ပညာရှင်များ၊ ကုန်ထုတ်စွမ်းအားရှင် အလုပ်သမားများ၏လိုအပ်ချက်များကို ဖန်တီးပေး ရာဈေးကွက်ကြီးဖြစ်နေပြီး ဖွံ့ ဖြိုးဆဲနိုင်ငံများအတွက်မူ အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှု၊ နယ်မြေမငြိမ်သက်မှု၊ ရာသီဥတုနှင့်စီးပွားရေး အခြေအနေတို့ကြောင့်ယင်းနိုင်ငံရှိ လုပ်သားများက အလုပ်
အကိုင်ပေါများပြီး လုပ်ခလစာ ပိုမိုရရှိသည့် နေရာများသို့ ရွှေ့ပြောင်းသွားခြင်းကို ခံစားနေရပါ သည်။
ဇီကာဗိုင်းရပ်စ်ရောဂါပိုးဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင်စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ ကူးစက်မှုရှိခဲ့ပါသည်။
၂၀၁၆ ခုနှစ်စက်တင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားခဲ့ပါသည်။ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့
တောင် အာရှနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံတို့တွင်လည်း ဇီကာဗိုင်းရပ်စ်ရောဂါများကူးစက်ဖြစ်ပွားလျက် ရှိပါသည်။
ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။
ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက်စသည်တို့တွင် တွေ့ရသည်။ နေ့ဘက်အချိန်တွင် လူကိုကိုက်ခြင်းမှ တစ်ဆင့် ရောဂါ ကူးစက်ဖြစ်ပွားစေပါသည်။