Thursday, February 04, 2016

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ရှေ့ရေး


Published on Wed, 02/03/2016 - 11:45

ထိုင်းနိုင်ငံတွင် တရားဝင် (သို့မဟုတ်) တရားမ၀င် ရောက်ရှိ အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ သုံးသန်းခန့် ရှိနေသည်။ ထိုအထဲတွင် ၂၀၁၃ ခုနှစ် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ နိုင်ငံသား စိစစ်ပြီး ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၇ သန်း၊ ၂၀၁၀ ပြည့်နှစ် ကတည်းက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံဘက်မှ တင် သွင်းထားသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ နှစ်သိန်း၊ ထိုင်းစစ်အစိုးရမှ ၂၀၁၄ ခုနှစ် မေလမှစပြီး One-Stop-Service Center (OSSC) များမှ ထုတ်ပေးထားသည့် ပန်းရောင်ကတ် (ဘတ်ကတ်-TR-38) ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ ငါးသိန်းခန့် ရှိနေသည်။ 

စုစုပေါင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဒသမ ၄ သန်းသည် တရားဝင် (သို့မဟုတ်) တရားမ၀င်အခြေ အနေမျိုးဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်လျက် ရှိနေကြသည်။၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် နိုင်ငံသား စိစစ်မှု ပြုလုပ်ပြီး၊ ယာယီနိုင်ငံကူး လက်မှတ်များထုတ်ပေး ခဲ့ သည်။ ထိုသို့ ပြုလုပ်ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် အပြည့်အ၀ ရရှိရေး အ တွက် ဖြစ်သည်။

Wednesday, February 03, 2016

ဒေါက်တာ ရာဒါခရစ် ရှနန်(Dr.Radhdkrishnan)၏ သြ၀ါဒ


လွန်ခဲ့သော နှစ်အနည်းငယ်အချိန်က အိန္ဒိယခေါင်းဆောင်ကြီး ဒေါက်တာ ရာဒါခရစ် ရှနန် (Dr. Radhdkrishnan) က “ပင်ကိုစာရိတ္တသည်ကံကြမ္မာကိုဖန်တီးလေသည်။

လူမျိုးတစ်မျိုး၏ ကံကြမ္မာသည် ထိုတိုင်းပြည်တွင်ရှိသည့် ပြည်သူပြည်သား အားလုံး၏ ကိုယ်ပိုင်စာရိတ္တ အရည်အသွေးပေါ်တွင်မူတည်၍တည်ဆောက်ရသည်။ ကိုယ်ပိုင်အရည်အသွေးညံ့သော တိုင်းသူ
ပြည်သားများဖြင့် ထိပ်တန်းနိုင်ငံကြီးတစ်ခုကို တည်ဆောက်၍ မရနိုင်ချေ။

ထိပ်တန်းနိုင်ငံကြီးတစ်နိုင်ငံ တည်ဆောက်လိုလျှင် ကျွန်ုပ်တို့သည် လူငယ်လူရွယ်များအား ပင်ကိုစာရိတ္တ
နှင်ပြည့်စုံအောင် သင်ကြားလေ့ကျင့်ပေးရပေမည်။


Monday, February 01, 2016

အသိတရားနှင့်ဆင်ခြင်တုံတရား


မည်သည့်အမှုကိစ္စတို့၌မဆို လုပ်သင့်မလုပ်သင့်၊ ပြောအပ်မပြောအပ် ဆင်ခြင်တုံတရားနှင့် လုပ်ကိုင်ဆောင် ရွက်ခြင်းသည်လူတို့၏ ကိုယ်ပိုင် အသိတရားပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်မိမိတို့၏ စဉ်းစား
တွေးခေါ် မှုနှင့် ဆက်စပ်မှုအရ ဖြစ်ပေါ်လာသောအသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းပင်ဖြစ်ပါသည်။ ထိုအသိ တရား၊အသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းသည် လူသားတစ်ဦးချင်းစီ၏ ဘဝဖြစ်ပေါ် တိုးတက်မှုနှင့် ဆက်စပ်လျက်ရှိပါသည်။

အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် ရုတ်တရက်ဖြစ်ပေါ်လာသော အမှုကိစ္စများ၊ ပြဿနာများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် အစွမ်းထက်သော လက်နက်သဖွယ် အသုံးဝင်လှပါသည်။ လူတို့၏ဘဝလမ်းကြောင်း ဖြောင့်မတ် မှန်ကန်ရေးအတွက် တည့်မတ်ပေးနိုင်စွမ်းရှိပါသည်။

ကျွန်ုပ်တို့လူသားများသည် ပုထုဇဉ်များဖြစ်ကြသည့်အလျောက်ရံဖန်ရံခါလောကဓံ၏ရိုက်ခတ်မှုကို ကြုံကြ ရလေ့ရှိပါသည်။ထိုအခါ အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် လောကဓံ၏ ရိုက်ခတ်မှုကိုကြံ့ကြံ့ခံ တွန်းလှန်နိုင်စွမ်းရှိပါသည်။


အလုပ်သမားများ ရပိုင်ခွင့်နှင့် တာဝန်များ(၃)



၉။လုပ်ငန်းတာဝန်ရပ်ဆိုင်ခြင်း



လုပ်အားခနစ်နာကြေး၊အထူးလုပ်အားခနစ်နာကြေး

သတ်မှတ်ထားသောကာလအပိုင်းအခြားဖြင့် အလုပ်ခန့်ထားခဲ့ပါက သတ်မှတ်ထားသော ကာလ ကန်ထရိုက်ပြည့်မြောက်သော နေ့တွင်ကြိုတင်အကြောင်းကြားရန်မလိုပဲလုပ်ငန်းတာဝန်ပြီးဆုံးသွား၏။
သတ်မှတ်ကာလအပိုင်းအခြားမရှိပဲ ၊အလုပ်ခန့်ထားခဲ့လျှင် အလုပ်ရှင်ကအလုပ်ခန့်ထားမှုကို ရပ်ဆိုင် ပစ်ခြင်း(သို့မဟုတ်)အလုပ်သမားက အလုပ်တာဝန်မှနှုတ်ထွက်စွန့်ခွာသွားခြင်းကိုစာဖြင့် ကြိုတင် အကြောင်းကြားကာ နောက်ထပ်လုပ်ခလစာမပေးမှီ တစ်ရက်အလိုတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့ အစည်းက အကြောင်းကြား၍ လုပ်ငန်းကို ရပ်ဆိုင်နိုင်သည်။