Categories
- Cartoon
- Covid19
- Donate
- History
- Interview
- Leadership
- Poem
- SUCCESS
- စစ်ပွဲ
- ဆောင်းပါးများ
- ဆေးဖက်ဝင်အပင်များ
- ဒေါ်အောင်ဆန်းစုကြည်
- မိုးေလ၀သ
- ရဝေနွယ်(အင်းမ)
- ရွေးကောက်ပွဲ
- သတင်း
- သိမှတ်ဖွယ်ရာ
- အက်ဆေး
- အယ်ဒီတာအာဘော်
- အလုပ်သမားရေးရာ
- အလုပ်သမားဥပဒေရေးရာ(မြန်မာ)
- အသီးနှံ
- ဥပဒေဆိုင်ရာ(ထိုင်း)
- ဦးစန်းမောင်ဦး
- ဦးမိုးဆွေ
- ၀တ္ထုတို
Featured post
အလုပ်သမားများ သိမှတ်ထားသင့်သော ပကန်ဆာခွန် (လူမှုဖူလုံရေး)အကြောင်း
ပကန်ဆာခွန် (လူမှုဖူလုံရေး) ประกันสังคม လုပ်ငန်းခွင်ပြင်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒု...
Search This Blog
Powered by Blogger.
Blog Archive
- 09/27 - 10/04 (7)
- 04/13 - 04/20 (1)
- 02/16 - 02/23 (1)
- 02/09 - 02/16 (1)
- 01/26 - 02/02 (1)
- 10/06 - 10/13 (2)
- 12/17 - 12/24 (1)
- 06/25 - 07/02 (12)
- 06/11 - 06/18 (1)
- 05/21 - 05/28 (1)
- 05/14 - 05/21 (1)
- 10/16 - 10/23 (2)
- 09/18 - 09/25 (1)
- 09/11 - 09/18 (3)
- 09/04 - 09/11 (1)
- 08/28 - 09/04 (1)
- 07/03 - 07/10 (2)
- 06/19 - 06/26 (1)
- 06/12 - 06/19 (2)
- 01/02 - 01/09 (1)
- 12/19 - 12/26 (2)
- 12/05 - 12/12 (2)
- 11/28 - 12/05 (2)
- 11/14 - 11/21 (5)
- 11/07 - 11/14 (6)
- 10/31 - 11/07 (7)
- 10/24 - 10/31 (14)
- 10/17 - 10/24 (5)
- 10/10 - 10/17 (2)
- 10/03 - 10/10 (9)
- 08/15 - 08/22 (1)
- 07/25 - 08/01 (1)
- 07/04 - 07/11 (1)
- 06/20 - 06/27 (1)
- 06/06 - 06/13 (4)
- 05/30 - 06/06 (1)
- 05/16 - 05/23 (1)
- 04/18 - 04/25 (1)
- 03/14 - 03/21 (3)
- 02/28 - 03/07 (2)
- 01/24 - 01/31 (3)
- 01/17 - 01/24 (1)
- 01/03 - 01/10 (1)
- 12/27 - 01/03 (1)
- 12/20 - 12/27 (5)
- 12/13 - 12/20 (1)
- 12/06 - 12/13 (2)
- 11/08 - 11/15 (2)
- 11/01 - 11/08 (1)
- 10/25 - 11/01 (4)
- 10/18 - 10/25 (1)
- 09/27 - 10/04 (1)
- 09/20 - 09/27 (7)
- 08/09 - 08/16 (3)
- 08/02 - 08/09 (1)
- 07/26 - 08/02 (1)
- 07/19 - 07/26 (2)
- 07/12 - 07/19 (4)
- 07/05 - 07/12 (5)
- 06/28 - 07/05 (2)
- 06/14 - 06/21 (2)
- 06/07 - 06/14 (5)
- 05/31 - 06/07 (4)
- 05/24 - 05/31 (6)
- 05/17 - 05/24 (1)
- 05/10 - 05/17 (11)
- 05/03 - 05/10 (21)
- 04/26 - 05/03 (4)
- 04/19 - 04/26 (5)
- 04/12 - 04/19 (3)
- 04/05 - 04/12 (4)
- 03/29 - 04/05 (6)
- 03/22 - 03/29 (2)
- 03/08 - 03/15 (1)
- 02/23 - 03/01 (1)
- 12/15 - 12/22 (1)
- 11/17 - 11/24 (2)
- 11/10 - 11/17 (4)
- 11/03 - 11/10 (6)
- 10/27 - 11/03 (1)
- 06/23 - 06/30 (2)
- 06/16 - 06/23 (3)
- 06/09 - 06/16 (2)
- 06/02 - 06/09 (2)
- 05/12 - 05/19 (7)
- 03/24 - 03/31 (2)
- 03/17 - 03/24 (3)
- 03/10 - 03/17 (4)
- 02/24 - 03/03 (2)
- 02/10 - 02/17 (4)
- 02/03 - 02/10 (1)
- 12/30 - 01/06 (1)
- 12/23 - 12/30 (3)
- 12/09 - 12/16 (5)
- 11/18 - 11/25 (1)
- 11/11 - 11/18 (1)
- 11/04 - 11/11 (2)
- 10/21 - 10/28 (5)
- 10/14 - 10/21 (2)
- 10/07 - 10/14 (4)
- 09/30 - 10/07 (2)
- 09/23 - 09/30 (5)
- 09/02 - 09/09 (8)
- 08/26 - 09/02 (2)
- 08/19 - 08/26 (11)
- 08/12 - 08/19 (7)
- 08/05 - 08/12 (3)
- 07/29 - 08/05 (3)
- 07/22 - 07/29 (3)
- 07/15 - 07/22 (6)
- 07/08 - 07/15 (5)
- 07/01 - 07/08 (8)
- 06/24 - 07/01 (3)
- 06/17 - 06/24 (3)
- 05/27 - 06/03 (4)
- 05/20 - 05/27 (3)
- 05/13 - 05/20 (2)
- 05/06 - 05/13 (4)
- 04/29 - 05/06 (1)
- 03/11 - 03/18 (7)
- 01/07 - 01/14 (1)
- 12/31 - 01/07 (2)
- 11/12 - 11/19 (1)
- 10/22 - 10/29 (2)
- 09/17 - 09/24 (2)
- 09/03 - 09/10 (4)
- 08/27 - 09/03 (1)
- 08/13 - 08/20 (1)
- 08/06 - 08/13 (4)
- 07/30 - 08/06 (6)
- 07/23 - 07/30 (2)
- 07/16 - 07/23 (5)
- 04/30 - 05/07 (3)
- 04/23 - 04/30 (1)
- 04/16 - 04/23 (1)
- 04/02 - 04/09 (1)
- 02/12 - 02/19 (1)
- 02/05 - 02/12 (1)
- 01/22 - 01/29 (1)
- 01/15 - 01/22 (2)
- 11/20 - 11/27 (1)
- 11/13 - 11/20 (2)
- 11/06 - 11/13 (1)
- 10/30 - 11/06 (1)
- 10/16 - 10/23 (1)
- 10/02 - 10/09 (2)
- 09/18 - 09/25 (1)
- 09/11 - 09/18 (2)
- 09/04 - 09/11 (3)
- 07/31 - 08/07 (1)
- 07/17 - 07/24 (2)
- 07/10 - 07/17 (1)
- 06/26 - 07/03 (10)
- 06/19 - 06/26 (4)
- 06/12 - 06/19 (4)
- 05/29 - 06/05 (2)
- 05/22 - 05/29 (2)
- 05/15 - 05/22 (3)
- 05/08 - 05/15 (3)
- 05/01 - 05/08 (3)
- 04/24 - 05/01 (1)
- 03/27 - 04/03 (2)
- 03/20 - 03/27 (2)
- 03/06 - 03/13 (1)
- 02/21 - 02/28 (3)
- 02/14 - 02/21 (4)
- 02/07 - 02/14 (3)
- 01/31 - 02/07 (4)
- 01/24 - 01/31 (2)
- 01/03 - 01/10 (1)
- 12/13 - 12/20 (5)
- 11/15 - 11/22 (1)
- 11/08 - 11/15 (1)
- 10/25 - 11/01 (2)
- 10/18 - 10/25 (1)
- 10/11 - 10/18 (1)
- 10/04 - 10/11 (1)
- 09/27 - 10/04 (1)
- 09/13 - 09/20 (1)
- 09/06 - 09/13 (1)
- 08/30 - 09/06 (1)
- 08/23 - 08/30 (2)
- 08/02 - 08/09 (2)
- 07/26 - 08/02 (5)
- 07/19 - 07/26 (1)
- 06/21 - 06/28 (3)
- 06/07 - 06/14 (1)
- 05/17 - 05/24 (4)
- 05/10 - 05/17 (12)
- 05/03 - 05/10 (7)
- 04/26 - 05/03 (2)
- 04/19 - 04/26 (3)
- 04/05 - 04/12 (4)
- 03/22 - 03/29 (1)
- 03/15 - 03/22 (2)
- 03/08 - 03/15 (1)
- 03/01 - 03/08 (2)
- 02/22 - 03/01 (3)
- 02/15 - 02/22 (2)
- 01/11 - 01/18 (1)
- 12/07 - 12/14 (1)
- 11/30 - 12/07 (3)
- 11/16 - 11/23 (1)
- 11/09 - 11/16 (2)
- 10/26 - 11/02 (3)
- 10/19 - 10/26 (1)
- 10/12 - 10/19 (2)
- 10/05 - 10/12 (1)
- 09/21 - 09/28 (2)
- 09/14 - 09/21 (1)
- 08/17 - 08/24 (2)
- 08/10 - 08/17 (4)
- 08/03 - 08/10 (1)
- 07/20 - 07/27 (2)
- 07/06 - 07/13 (1)
- 06/29 - 07/06 (25)
- 06/08 - 06/15 (1)
- 05/25 - 06/01 (2)
- 05/18 - 05/25 (2)
- 05/11 - 05/18 (10)
- 05/04 - 05/11 (5)
- 04/27 - 05/04 (8)
- 04/20 - 04/27 (3)
- 04/13 - 04/20 (3)
- 04/06 - 04/13 (2)
- 03/30 - 04/06 (1)
- 03/23 - 03/30 (7)
- 03/16 - 03/23 (5)
- 03/09 - 03/16 (3)
- 03/02 - 03/09 (1)
- 02/16 - 02/23 (2)
- 01/26 - 02/02 (1)
- 01/05 - 01/12 (2)
- 12/29 - 01/05 (2)
- 12/08 - 12/15 (1)
- 11/17 - 11/24 (6)
- 11/10 - 11/17 (2)
- 11/03 - 11/10 (6)
- 10/13 - 10/20 (2)
- 10/06 - 10/13 (4)
- 09/08 - 09/15 (1)
- 08/25 - 09/01 (2)
- 08/18 - 08/25 (3)
- 08/11 - 08/18 (3)
- 07/28 - 08/04 (2)
- 07/21 - 07/28 (2)
- 07/14 - 07/21 (4)
- 06/30 - 07/07 (1)
- 06/16 - 06/23 (1)
- 02/10 - 02/17 (1)
- 01/20 - 01/27 (4)
- 01/13 - 01/20 (3)
- 01/06 - 01/13 (15)
Contributors
Saturday, May 03, 2014
Wednesday, April 30, 2014
ဓန ဥပေဒသငါးရပ္ (ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်)
April 30, 2014 – by Anonymous
၁. ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင့်မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူ ထံသို့သာ ဝမ်းမြောက် ပျုငှာစွာ ရောက်ရှိလာတတ်မြဲဖြစ်သည်။
၂. ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံ ကျနပ်စွာ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်သည် ၊ ထိုသူ၏လက်၌ သိုးအုပ်နွား အုပ်များ သဖွယ် အဆတိုးပွားများပြားလာတတ်သော သဘောရှိပေသည်။
Tuesday, April 29, 2014
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၃ )
April 29, 2014 – by Anonymous
ပိန်ကျုံသာ အသပြာအိတ်ပြည့်တင်းလာစေမည့် နည်းလမ်းခုနှစ်သွယ်
ဘေဘီလုံ၏ ခမ်းနားကြီးကျယ်ပုံဂုဏ်သတင်းသည် ယနေ့ခေတ်သို့တိုင် ပျံ့နံှ့ကျော် ကြားခဲ့၏။ မြို့တကာ့မြို့တို့တွင် အချမ်းသာအကြွယ်ဝဆုံးမြို့ အဖြစ် ခေတ်အဆက် ဆက်ပြောစမှတ်ပြုခဲ့သည်။ဘေဘီလုံ၏ ဓနဥစ္စာတို့သည် အံ့ချီးမကုန်အောင် ရှိခဲ့သည် ။ သို့သော်အမှန်စင်စစ် ဘေဘီလုံသည် အစဉ်မပြတ် ကြွယ်ဝချမ်းသာနေသည်ကား မဟုတ်ပေ။ ဘေဘီလုံ၏ကြွယ်ဝမှုသည် သူ့မြို့သူ/သားနိုင်ငံသားတို့ ဓနဥစ္စာ ကြွယ် ဝခြင်းကြောင့်သာဖြစ်သည်။ ချမ်းသာကြွယ်ဝမလာမီကမူ သည်ပုဂ္ဂိုလ်များ သည်လည်း ဓနဥစ္စာရှာဖွေရေးနည်းပညာများ လေ့လာသင်ကြားခဲ့ကြရပေသည်။
တရံရောအခါက ဘေဘီလုံတွင် ဆာဂွန်ဘုရင်စိုးစံသည်။ ဆာဂွန်သည် ပြည်သူများကို ရင်ဝယ်သားကဲ့သို့ချစ်ခင်သည့် တရားသောမင်းဖြစ်သည်။ဆာဂွန်သည် ရန်သူတော် အီလန်မိုက်တို့အားတိုက်ခိုက်နှိမ်နင်းပြီးနေပြည်တော်သို့ပြန်လည်ရောက်ရှိသည့်အခါ အရေးကြီးသောအခြေအနေတစ်ရပ်နှင့် ကြုံတွေ့ရသည်။
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း(၂)
April 29, 2014 – by Anonymous
ဘေဘီလုံက မဟာသူကြွယ်
အာခတ်က အဲသည်ကာလ ဘေဘီလုံမှာ အကြီးကျယ်ဆုံး သူကြွယ်တစ်ယောက်ဖြစ် သည်။ သူ၏ဥစ္စာကြွယ်ဝပုံသတင်းသည် အရပ်ရှစ်မျက်နှာ သို့ပျံ့နှံ့ကျော်ကြားသည်။ အာခတ်က ငွေကြေးချမ်းသာသလောက် စိတ်သဘောထားကြီးမားသူလည်း ဖြစ် သည်။ ကိုယ်တိုင်အဆီးအတားမရှိ သုံးစွဲသလို အလှူအတန်းအပေးအကမ်းတွင်လည်း
အလွန်ရက်ရောသည်။ သို့သော် သူ့သူငယ်ချင်းကော်ဘီ ပြောသလိုပင် သူ့အိတ်ထဲ က ရွှေစတွေသည် လျော့ပါးသည်ဟူ၍မရှိ။ထွက်သမျှထက်ပို၍ပင် အလျှင် အမြန် ပြန် ဝင်လာနေကြသည်။ အာခတ်က ကြွယ်ဝသထက် ကြွယ်ဝဆဲ မဟာသူကြွယ်အစစ် တစ်ယောက် ဖြစ်ချေသည်။
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း (၁)
April 29, 2014 – by Anonymous
သူကြွယ်မြို့မှ သူဆင်းရဲနှစ်ယောက်
ဘေဘီလုံမြို့သား ဗန်ဆား။သူသည် နှစ်ဘီးတပ် စစ်ရထားများ တည်ဆောက်သော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဖြစ် သည်။ ဒီကနေ့ မှာေ တာ့ဗန်ဆား လုံးလုံး လျားလျား စိတ်ဓာတ်ကျနေသည်။ အိမ်ခြံစည်း ရိုး အုတ်တံ တိုင်း နိမ့်ပေါ် ထိုင်ကာ အိမ် ကုပ်ကလေးကိုငေးကြည့်နေသည်။ အိမ်နံဘေး သူအလုပ်လုပ် သည့်နေရာ မှာ လက် စ မသတ်ရသေးသော ပြိုင်ရထားတစ်စီး။
ဇနီးသည်က တံခါးဝမှာ မကြာခဏပြူတစ်ပြူတစ်လုပ်နေသည် ။သူ့ကိုအကဲခတ်နေ
ခြင်းပင်။ မီးဖိုချောင်မှာဆန်ကုန်တော့မယ် ၊ ရှင်မထသေးဘူးလား။ ရွေဘော်ထိုးပါလား၊ သံရိုက်ပါလား ၊ ပေါ်လစ်တင်တဲ့အပိုင်းတင် ၊ ဆေးသုတ်တဲ့အပိုင်းသုတ်ပါတော့လား။ ဒီမြင်းရထားမြန်မြန်ပြီးမှ အလုပ်အပ်တဲ့သူဌေးကိုမြန်မြန်ပေး ၊ ငွေမြန်မြန်ရမှာ မဟုတ် လား။
မိန်းမစိတ်ထဲက မြည်တွန်နေမည့်စကားတွေ သူကြားနေသည်။ သို့သော်သူမထ ။ မတုန်မလှုပ်ငုတ်တုပ်ပင် ဆက်ထိုင်နေသည်။ သူထမရနိုင်လောက်အောင် သူ့ခေါင်း ထဲ မှာ ပြဿနာတစ်ရပ်ကြီးစိုးနေသည် ။ သူ့ရှိသမျှဉာဏ်နှင့် လုံးဝအဖြေရှာ မရနိုင်သည့် ပြဿနာ။ သူတို့ယူဖရေးတီးစ် မြစ်ဝှမ်းဒေသ၏ ပူပြင်းလှသောနေရှိန်က သူ့ကိုယ်ပေါ်သို့ မညှာမတာကျရောက်နေသည် ။ နဖူးကကျလာသော ချွေးတွေသည် ပါးပြင်နှင့်လည် ပင်းတလျှောက် စီးဆင်းကာ ရင်ဘတ်ရှိအမွှေးအမျှင်များကြား မှာ ပျောက်ကွယ်သွား သည်။ သူ့အိမ်ခေါင်မိုးကိုကျော် ဟိုးအဝေးဆီလှမ်းမျှော်ကြည့်လိုက်လျှင် ဘုရင်မင်း
မြတ်၏ စံနန်းတော်မှ စုလစ်မွမ်းချွန်တွေ သူမြင်ရသည် ။
နန်းတော်နှင့်မနီးမဝေးဆီတွင်မူ ဘဲလ်ဗိမာန်တော်မှ မျှော်စင်မြင့်ကြီးက ပြလဲ့သော မိုးကောင်းကင်ကိုပင် ထိုးခွဲနေသယောင် ။ သည်လိုကြီးကျယ်ခမ်းနားသည့် အ
ဆောက်အအုံများနှင့် ဘာမျှမဝေးသောနေရာမှာ စုတ်ချာသော သူ့အိမ်ကလေး တည် ရှိနေသည် ။ သူ့နည်းတူညှိုးလျသော တစ်ခြားအိုးအိမ်ငယ်တွေလည်း ရှိကသေးသည်
ပေါ့ ။ ဘေဘီလုံက ဆင်းရဲနှင့်ချမ်းသာ ၊ တောက်ပခမ်းနားမှုနှင့် ညစ်ထေးစုတ်ချာမှု တို့ ထွေးရောယှက်တင်လျှက်ရှိသော နေရာတစ်ခုဖြစ်ချေသည် ။
လမ်းမများထဲကြည့်လျှင် သူဌေးသူကြွယ်တွေ၏ မြင်းရထားတွေ ခြူသံ တညံညံ ပြေး လွှားနေတာ တွေ့နိုင်သလို စီးစရာဖိနပ်ပင်မပါသည့် သူဖုန်းစားများကိုလည်း လူအများ ကြား တိုးဝှေ့ သွားလာနေ တာ မြင်ရလိမ့်မည် ဖြစ်သည်။ ဗန်ဆားကတော့သူ့ပြဿနာထဲ အာရုံဝင်နေသည် မို့ ဘေးဘီကိုလှည့်မကြည့်မိ။ သူနှင့် သူ့ပတ်ဝန်းကျင်က တစ် ကမ္ဘာ ဆီ ခြားနေသလိုလို ။ သို့သော် ဘေဘီလုံ၏ ဆူညံသံများအကြားမှာ သူ့အ တွက်ထူးခြားသော အသံတစ် ခုကို နားက ရုတ်တရက်ဖမ်းယူမိကာ အတွေးစပြတ် သွားသည်။
စောင်းကြိုကိုတီးခတ်လိုက်သည့်အသံ။ နောက်ဘက်လှည့်ကြည့်မိတော့ သူ့ သူငယ် ချင်း ဂီတဆရာကော်ဘီ၏ ပြုံးနေသော မျက်နှာကိုမြင်ရသည်။
''ငါ့သူငယ်ချင်းတော့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ ကောင်းကောင်းကြီး
စောင်မထားပြီထင်တယ်။'' ကော်ဘီက အားပါးတရလေသံဖြင့် နုတ်ခွန်းဆက်သည်။
''သေချာတယ် ၊ ဒါကြောင့်မို့ ခုလိုဇိမ်နဲ့ထိုင်နေနိုင်တာပေါ့ ၊ ဝမ်းသာတယ်သူငယ်ချင်း ၊ ကိုယ့်သူငယ်ချင်း ဇာတာစန်းလဂ်တက်နေတော့ ကိုယ်လဲဝေမျှသုံးစွဲရတာပေါ့ ၊ များများ စားစားမဟုတ်ဘူးကွာ ၊ ငွေဒင်္ဂါးနှစ်ပြားလောက်ပဲ ချေးစမ်းပါ ၊ လောလောဆယ် မင်း ပိုက်ဆံအိတ် သိပ်ဖေါင်းနေတယ် မဟုတ်လား၊''
''ဖောင်းဖို့နေနေသာသာ မင်းချေးပါဆိုတဲ့ ဒင်္ဂါးနှစ်ပြားကို ငါ့မှာမရှိဘူး ၊ နှစ်ပြားက များသေးတယ် ၊ တစ်ပြားမှကိုမရှိတာ'' ဗန်ဆားစိတ်ပျက်လက်ပျက် နှင့် ပြန်ပြောလိုက် သည်။
''ဘာကွ''
ကော်ဘီတကယ်အံ့အားသင့်သွားသည်။
''အိတ်ထဲမှာ ပိုက်ဆံတပြားမှမရှိပဲ မင်းကျောက်ရုပ်လိုထိုင်နေတယ် ဟုတ်လား ၊ မြင်း ရထားပြီးအောင် လုပ်လေကွာ၊ မင်းကြည့်ရတာဗန်ဆားမဟုတ်သလိုပဲ ၊မင်းဝီရိယတွေ ဘယ်ရောက်ကုန်ပြီလဲ ၊ အမှောင့်ပယောဂတစ်ခုခုတော့ ဝင်ပြီထင်တယ်။''
''အေး အမှောင့်ပယောဂဝင်တာတော့ အမှန်ပဲကွ'' ဗန်ဆားကဆိုသည်။
''စတာကအိပ်မက်ကွ ၊ အဲ့ဒီအိပ်မက်တစ်ခု ငါ့ကိုနှိပ်စက်တာ''
''ဘယ်လိုအိပ်မက်မျိုးလဲကွာ''
''အိပ်မက်ထဲမှာ ငါချမ်းသာသွားတယ် သူငယ်ချင်း၊ ငါ့ခါးမှာ ပိုက်ဆံအိတ်ကြီးချိတ်လို့ ၊ ငွေဒင်္ဂါးတွေအပြည့်နဲ့ ၊ အလေးကြီးပဲ ၊ သူတောင်းစားတွေကို ရော့တစ်ပြားရော့ တစ်ပြား ငါလျှောက်ဝေပေးနေတာ၊ ငွေဒင်္ဂါးတွေ တစ်ဆုပ်ကြီးကိုင်ပြီး မိန်းမအတွက် ဝတ်ကောင် းစားလှတွေဝယ် ၊ ငါ့အတွက်လိုချင်တာတွေဝယ်၊ ရွှေဒင်္ဂါးတွေလည်း တစ်ပုံတခေါင်းကြီးနဲ့ဆိုတော့ ရှေ့ရေးဘာမှပူစရာမလိုဘူး ၊ ငွေသားဒင်္ဂါးလောက် ကတော့ ကြိုက်သလိုသုံးပေါ့ ၊ အရမ်းကိုကျေနပ်ပြီး စိတ်ချမ်းသာနေတာ ၊ သူဌေး ဗန်ဆားကွ၊ အမြဲတကုပ်ကုပ် အလုပ်လုပ်နေရတဲ့ မင်းသူငယ်ချင်းဗန်ဆားနဲ့တခြားစီပဲ ၊ ငါ့မိန်းမဆိုရင်လည်း မင်းမှတ်မိမှာတောင် မဟုတ်ဘူး ၊ ဒီမျက်နှာမျိုးလုံးဝမဟုတ်ဘူး ၊ မျက်နှာကကြည်နေတာပဲ ၊ ငယ်ငယ်တုန်းက ငါနဲ့ညားကာစတုန်းကအတိုင်းပြုံး ရွှင်လို့ပေါ့ကွာ''
''ဟ သိပ်ကောင်းတဲ့အိပ်မက်ပဲကွာ ၊ ဒါနဲ့တောင် မင်းကဒီအပေါ်မျောက်မှိုင်မှိုင်ပြီး ထိုင်နေရသလား''
''အင်းလေအိပ်မက်ကကောင်းလွန်းအားကြီးနေတယ်၊အဲ့ဒီအိပ်မက်က နိုးလာတော့ “
ဟောဒီ လုံးဝအသုံးမကျတဲ့ လက်တွေ့ဘဝထဲပြန်ရောက်လာတာကိုး ၊ အိပ်မက်ထဲ တုန်းက ဖောင်းနေတယ်ဆိုတဲ့ ငါ့ပိုက်ဆံအိတ်မှာ ခြူးတစ်ပြားမှတောင်မရှိဘူး ၊ အဲဒီ တာ့ငါဒေါသထွက်တာပါ့ကွ..အဲ့ဒီတော့သူယ်ချင်း ဒီကိစ္စ မင်းနဲ့ ငါဆွေးနွေရအောင် ၊ တို့ဘဝတွေကအတူတူပါပဲ ၊ သင်္ဘောသားစကားနဲ့ပြောရင် တစ်လှေတည်းစီး တစ် ခရီးတည်းသွားတွေ ၊ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်တော့လဲအတူတူ ၊ လူပိုျလူရွယ်ဘဝ ပျော်ကြပါးကြတော့လဲအတူတူ ၊ အသက်ကြီးလာတော့လည်း တစ်ယောက်နဲ့တစ်ယောက် အမြဲတွေ့ဆုံနေကြတဲ့သူငယ်ချင်းတွေ ကိုယ့်ဘဝကိုယ် မကျေနပ်မရှိပါဘူး ၊ တစ်နေကုန် အလုပ်လုပ်ရလို့လည်း မညည်းညူဘူး၊ လုပ်စရာရှိ သမျှလုပ်၊ ရှာလို့ရသမျှလဲ အကုန်သုံး၊ ဒီလိုနေလာကြတာ၊ဒီနှစ်တွေအတွင်း ရခဲ့တဲ့ ပိုက်ဆံတွေ တွက်ကြည့်ရင်လည်း နည်းတော့မနည်းပါဘူး ၊ ဒါပေမယ့် ဘယ်ခါမှမချမ်း သာဘူး၊ငါတို့ဘဲ သိပ်တုံးနေသလား စဉ်စားရမယ်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့
မြို့မှာ ငါတို့နေကြတာ၊ ဓနဥစ္စာနဲ့ပတ်သတ်ရင် ဘေဘီလုံကို ယှဉ်နိုင်တဲ့မြို့မရှိဘူးလို့ ခရီးသည်တွေ ပြောကြတယ်မဟုတ်လား သူများတွေ ရတနာပုံဆိုက်နေတဲ့ကြားက ငါတို့မွဲနေတာ၊ မင်းဆိုစဉ်စားကြည့်၊ ကိုယ့်အလုပ်ကိုယ် ကြိုးကြိုးစားစား လုပ်လာတာ လူ့သက်တမ်း တစ်ဝက်ကျိုးနေပြီ၊ အိတ်ထဲပိုက်ဆံတစ်ပြားမကပ်ဘူး ၊
''သူငယ်ချင်း ငွေဒင်္ဂါးနှစ်ပြားလောက်ချေးစမ်းပါ'' တဲ့၊ ငါ့ကိုလာပြောနေရတယ်၊ ငါက
ကောဘာထူးသလဲ
''သူငယ်ချင်း ဟောဒီမှာငါ့ပိုက်ဆံအိတ် ၊ မင်းလိုသလောက်ယူသွားကွာလို့ပေး နိုင် သလား ၊ ဝေးလိုက်တာ၊ ငါ့အိတ်လဲ မင်းအိတ်အတိုင်း ပြောင်သလင်း ပါဘဲ လို့
ပြောနေရတယ်၊ အဲ့ဒီတော့ဘာလဲ ၊ တို့ဒီတစ်သက်မှာ ရွှေဒင်္ဂါး ငွေဒင်္ဂါးဆိုတာ မကိုင်နိုင်တော့ဘူးလား၊ ထမင်းစားရရုံ၊ အဝတ်ဝတ်ရတယ်ဆိုရုံနဲ့ တို့ဘဝပြီးရော လား၊ ပြီးတော့ တို့သားသမီးတွေကြည့်၊ သူတို့ကြီးလာတော့လဲ တို့နည်းတူ မသေ ထမင်း မသေဟင်းစားပြီး အိုကြသေကြရမှာလား၊''
''အင်း မင်းနဲ့တစ်သက်လုံးပေါင်းလာတာ ဒီတစ်ခါဘဲ ဒီစကားမျိုးကြားရဘူး တယ် ဗန်ဆား '' ကော်ဘီက အံ့အားသင့်ဟန်ဖြင့် ဆိုသည်။
''အေး၊တစ်သက်လုံး တစ်ခါမှဒီအတွေးမိုျး မပေါ်ခဲ့ဘူးတာတော့ အမှန်ပဲ၊ နေထွက်က
နေဝင် ငါအလုပ်လုပ်ခဲ့တယ်၊ လက်ရာအမြောက်ဆုံး အသပ်ရပ် အလှပဆုံးဆိုတဲ့ ရထားတွေ ငါလုပ်ခဲ့တယ် ၊ ဒီလိုရိုးရိုးသားသားကြိုးကြိုး စားစား အ လုပ် လုပ်တဲ့ အတွက် တစ်နေ့ကျရင် နတ်ဘုရားတွေစောင် မလို့ကြွယ်ဝချမ်း သာလေ မလား ဆိုပြီးတော့လဲ တစ်ခါတစ်ရံ ငါတိတ်တခိုး မျှော်လင့်ခဲ့ဘူးတာပဲ၊ ဒါပေမယ့် ဘယ်နတ် ကမှ မမစခဲ့ဘူး ၊ နောင်လဲ ဘယ်တော့မှ မစမှာမဟုတ်ဘူးဆိုတာ ငါအခု သဘော
ပေါက်နေပြီ၊ အဲ့ဒါကြောင့် ငါစိတ်ညစ်နေတာ၊ ငါချမ်းသာချင်တယ်၊ မြေနဲ့ယာနဲ့ကွဲျနဲ့
နွားနဲ့၊ ဝတ်ကောင်းစားလှနဲ့အိတ်ထဲမှာ ငွေသံတချွင်ချွင်နဲ့ ၊ အဲ့ဒီလို ငါဖြစ် ချင်နေပြီ ၊ သည်းမခံနိုင်တော့ဘူး၊ ငါ ဘာတွေ ဘယ်လောက်လုပ်ရမလဲ၊ ကာယစိုက် ထုတ် ရ မလား၊ ညာဏစိုက်ထုတ်ရမလား၊ လိုသလောက်ငါလုပ်မယ်၊ လုပ်သလောက် ငါလို ချင်တယ်၊ သူများတွေ ဒီလောက်သောက်သောက်လဲ ရနေကြတာကွာ၊ ငါတို့ ကျမှ ဘာ့ကြောင့်မရရသလဲ၊ ငါအဲ့ဒါသိချင်တယ်၊''
''ငါ့မှာလဲ ဘယ်အဖြေရှိပါ့မလဲ သူငယ်ချင်း'' ကော်ဘီကဆိုသည်။
''မင်းလိုဘဲ ငါလည်း ငါ့ဘဝကိုမကျေနပ်ပါဘူး၊ စောင်းတီးလို့ရတဲ့ပိုက်ဆံက လက်ထဲ ဘယ်တော့မှကြာကြာမခံဘူး၊ မိန်းမနဲ့ကလေးတွေ မငတ်အောင် မကြာခဏ ကြံရဖန်ရ တယ်၊ ပြီးတော့ ငါ ဒီထက်ကောင်းတဲ့စောင်းတစ်လက် လိုချင်နေတာလည်း ကြာလှပြီ၊ ဒိထက်ကြီးကြီးမားမား စောင်းတစ်လက်သာရမယ်ဆိုရင် ငါ့ရင်ထဲရှိတဲ့ ဂီတသံစဉ်
တွေ အားလုံး အပီအသ ထုတ်ဖေါ်လို့ရမှာ၊ ရှင်ဘုရင်တောင်တစ်ခါမှ နားမထောင်ဘူး တဲ့ တေးသွားမျိုးတွေငါတီးခတ်ပြနိုင်မှာ''
''မှန်တယ်မင်းလိုလူမျိုးမှာအဲ့ဒီလိုပိုကောင်းတဲ့ စောင်းတစ်လက်ရှိသင့်တာပေါ့၊အဲဒါနဲ့ ဆိုရင် ရှင်ဘုရင်မဟုတ်ဘူး နတ်ဘုရားတွေတောင် မင်းလက်သံကို အံ့သြကြ ချီးကျုး
ကြမှာ၊ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီစောင်းမျိုးဘယ်မှာဝယ်နိုင်ပါ့မလဲ၊ မင်းတို့ ငါတို့ကဘုရင့်ကျွန်တွေလောက် ဆင်းရဲနေကြတာ။''
ပြောရင်းဆိုရင်းပင် ရှင်ဘုရင့်ဥယျာဉ်ပံျများကို ရေဖြန်းရန်အတွက် မြစ်ဆိပ်သို့ ရေသွား ခပ်ကြသည့် ကျွန်တစ်သိုက် လာနေတာတွေ့ရသည်။ လေးလံသောရေအိတ်ကြီးတွေ ကိုယ်စီထမ်း ကာ ငါးယောက်တစ်တွဲ ရင်ဘောင်တန်း သွားနေသည် ။ အပေါ်ပိုင်း ဗလာကျင်းနေ သည့် သူတို့ခန္ဓာကိုယ်များပေါ်တွင် ချွေးတွေရွဲှနေသည်။ကျွန်တန်းကြီး
ရှေ့ဆုံးမှ ခေါင်းလောင်းသံတချွင်ချွင်ပေးကာ ကြည့်ကြပ်လိုက်ပါရသည့်ပုဂ္ဂိုလ်မှာ အတော်ဥပတိ ရုပ်ကောင်းသူတစ်ဦးဖြစ်သည်။
''သူ့တိုင်းပြည်မှာတော့ အရေးပါမယ့်ပုဂ္ဂိုလ်ပဲကွ၊ ရုပ်ကအတော်သန့် တယ်'' ကော်ဘီ က ကျွန်လုပ်သားခေါင်းဆောင်ကို ကြည့်ပြီးမှတ်ချက်ချသည်။
''နောက်ကလိုက်တဲ့အထဲမှာလည်း လူရည်သန့်တွေ အတော်ပါပါတယ် ၊အစကမင်း တို့ ငါတို့လို လွတ်လွတ်လပ်လပ် နေခဲ့တဲ့လူတွေပေါ့ကွာ''ဗန်ဆားက ကိုယ်ချင်းစာ စွာ မှတ်ချက်ချသည်။
ကျွန်တွေကလူမျိုးစုံသည်။ ဘေဘီလုံ၏မြောက်ဖက်ပိုင်းဆီမှ ဆံပင်ရွှေဝါရောင် ထောင်ထောင်မောင်းမောင်းပုဂ္ဂိုလ်တွေ၊ တောင်ဖက်ပိုင်းဆီမှ အနက်ရောင်အသား နှင့် ကျစ်လစ်သောကိုယ်ကာယပိုင်ရှင်တွေ၊ ဘေဘီလုံအနီးဝန်းကျင် မြို့ပြနိုင်ငံများဆီ ကနီညိုရောင်အသားအရေပိုင်ရှင်တွေ။ မြစ်နှင့်ပန်းဥယျာဉ်များကြား ရေအိတ်ကိုယ်စီထမ်း ကာ လူးလားခေါက်တုံ့သွားနေရသည်။ '
'စိတ်မကောင်းစရာ ကော်ဘီရာ၊ တစ်နေကုန်တစ်နေခန်းလုပ်၊ ဆန်ပြုတ်ရေကဲျစား၊ ညနေကျ ကြမ်းပြင်မှာ ကောက်ရိုးခင်းပြီးအိပ်၊ တစ်နေ့လည်းမဟုတ်၊ တစ်နှစ်လဲ မဟုတ်၊ အကန့်အသတ်မရှိလုပ်ရမှာ၊ အနာဂတ်မရှိတဲ့လူတွေ၊ လွတ်လမ်းမမြင် တဲ့လူတွေ''
''သနားစရာကောင်းတာတော့ အမှန်ပေါ့ကွာ၊ ဒါပေမဲ့ ငါတိုကော ဘာထူးသလဲ၊ ကိုယ့် ဘာသာကိုယ်သာ လွတ်လပ်တဲ့လူတွေလို့ ဆိုနေရတာ၊ တကယ်တမ်းကျတော့ အဲ့ဒီ ကျွန်ဖြစ်နေတဲ့လူတွေထက် တို့ကဘယ်လောက် သာလို့တုန်း''
''အမှန်ပဲကော်ဘီ၊တို့ဘဝလဲသူတို့နဲ့ဘာမှမခြားဘူး၊ကျွန်သာသာဘဝပဲ၊ တစ်နှစ်လဲ အကြောင်းမထူး၊ နှစ်နှစ်လဲအကြောင်းမထူး၊ အလုပ်- အလုပ်- အလုပ်ပဲ လုပ်နေရ တယ်၊ ဘာမှဖြစ်မလာဘူး''
''သူများတွေ ဘယ်လိုချမ်းသာကြသလဲဆိုတဲ့ နည်းလမ်းတွေ မေးမြန်းကြည့်ရင် ကောင်းလိမ့်မယ်ထင်တယ်'' ကော်ဘီကအကြံပြုသည်။
''အေးဟုတ်တယ်၊ တို့မသိတဲ့နည်းလမ်းတွေ သူတို့မှာရှိချင်ရှိနေနိုင်တယ်၊ မေးကြည့် ရင် တစ်စွန်းတစ်စဖြစ်ဖြစ် သိရနိုင်တာပေါ့၊'' '
'ဒီနေ့ပဲ တိုသူငယ်ချင်းအာခတ်နဲ့ တွေ့တယ်ကွ၊ သူကတော့ထုံးစံအတိုင်း ရွှေပိန်းချ ရထားကြီးစီးလိုပေါ့ကွာ၊ ဒီကောင်ဒီလောက်ချမ်းသာနေပေမယ့် ငယ်သူ ငယ်ချင်းတွေ ကိုတော့ မမေ့ဘူးကွ၊ ဘဝင်မြင့်တဲ့လူဆိုရင် ငါလို ကောင်ကိုဘယ်ဂရုစိုက်နေမလဲကွာ၊ မမြင်ချင်ယောင်ဆောင် သွားမှာပေါ့၊ အခုတော့လမ်းမှာ လူတွေအများကြီးကွာ၊ ဝိုင်း ကြည့်နေတဲ့ကြားက ငါ့ကိုသေသေချာချာ ဝမ်းပန်းတသာနှုတ်ဆက်တယ် ၊ စောင်း ဆရာကော်ဘီဆိုတာ သူ့သူငယ်ချင်းအရင်းအချာပဲလို့လူအများရှေ့မှာ အသိအမှတ်ပြု သွားတာ၊''
''အာခတ်ဟာဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်လို့ပြောကြတာပဲကွ''ဗန်ဆားကတွေး
တွေးငေးငေးပြောသည်။
''ချမ်းသာလွန်းလို့ရှင်ဘုရင်တောင် ရွှေတိုက်တော်မှာ ဘဏ္ဍာငွေနည်းနေတဲ့အခါမျိုးမှာ သူ့ဆီက ချေးရတယ်လို့ဆိုတယ်၊''
''ဟုတ်တယ်၊သိပ်ချမ်းသာတဲ့ကောင်၊ ငါဒီကောင့်ကို ညဘက်တွေဘာတွေ နှစ်ယောက်ထဲ တွေ့ရမှာတောင် ကြောက်တယ်၊ သူ့ပိုက်ဆံအိတ်ကြီး ငါလုမိမှာ၊'' ဗန်ဆားကဆိုသည်။
''မင်းကလဲအရူးပဲ၊ သူချမ်းသာသမျှ ဥစ္စာဟာ ဒီပိုက်ဆံအိတ်ထဲ ပါတာမှမဟုတ်ပဲကွ၊ ဘယ်လောက်ဖောင်းတဲ့ ပိုက်ဆံအိတ်ဖြစ်ဖြစ် သုံးပစ်လိုက်ရင် ကုန်တာချည်းပဲ၊ အာခက်ချမ်းသာတာ ပိုက်ဆံအိတ် သိပ်ကြီးနေတာမဟုတ်ဘူး၊ သူ့အိတ်ထဲကိုရွှေတွေ
ငွေတွေ တသွင်သွင် စီးဝင်နေတဲ့ လမ်းကြောင်းတစ်ခု ရှိနေတာ၊ အဲ့ဒီတော့ ဘယ်
လောက်သုံးသုံး မကုန်နိုင်ဘူး၊ လျော့သွားသလောက် ပြန်ပြန်ပြည့်နေတယ်''
''အေးဟုတ်တယ်၊အရေးကြီးတာက'ဝင်ငွေ'ကွ ၊ ငါလည်း အဲ့ဒီဝင်ငွေမျိုးလိုချင်တယ်၊ ငါဒီမှာထိုင်နေနေ၊ တိုင်းတပါးခရီး လျှောက်သွားနေနေ ပိုက်ဆံအိတ်ထဲကိုငွေက သူ့ နည်းနဲ့သူ ဝင်နေတာမျိုး ငါလိုချင်တယ်၊ အာခတ်မှာ အဲ့ဒီဝင်ငွေမျိုး ဘယ်လိုရလာ သ လဲ၊ သူတော့သိမှာပေါ့၊ အဲ့ဒီရနိုင်တဲ့နည်းကို သူကငါ့လိုကောင်မျိုးကို သင်ပေးမလား၊ ငါ့ဦးနှောက်နဲ့ကော အဲ့ဒီပညာမျိုးကို နားလည်နိုင်မလား၊ ဒါပဲ စဉ်းစားစရာရှိတယ်၊''
''သူ့ပညာတွေ သူ့သားနိုမာဆားကိုတော့ သင်ပေးလိုက်တာအမှန်ပဲကွ၊''
ကော်ဘီကဆိုသည်။
''ဒီကောင်လေး နင်နီဗေးကိုသွားတော့ အာခတ်က ငွေကြေးအရင်းအနှီး ပေး လိုက် တာမဟုတ်ဘူး၊ ဟိုမှာသူ့ဘာသာ ကြီးပွားတာ၊ အခုဆိုရင် နင်နီဗေးမြို့မှာ နိုမာဆား အချမ်းသာဆုံးလို့ ပြောကြတယ်၊''
''ကော်ဘီ မင်းပြောတာသိပ်ကောင်းတယ်'' ဗန်ဆားတက်ကြွစွာဖြင့် ပြောသည်။
သူ့မျက်လုံးတွေက မျှော်လင့်ချက်ရောင်ခြည်ဖြင့် တောက်ပနေသည်။
''အာခတ်ဟာ တို့သူငယ်ချင်းပဲကွ၊ ဒီကောင့်ဆီက အကြံဉာဏ်တောင်းမယ့်ကိစ္စကို တို့ဘာမှဝန်လေးနေစရာမလိုဘူး၊ တို့တစ်သက်လုံး ဒီအတိုင်းမွဲတေပြီး မနေနိုင် ဘူးလေ ကွာ၊ ဒီဘဝကို ငါစိတ်ကုန်နေပြီ၊ အာခတ်ဆီသွားပြီး သူငယ်ချင်း တို့လဲ ချမ်းသာချင်တယ်၊ ချမ်းသာအောင်လုပ်တဲ့နည်းလမ်း တို့ကိုလဲပေးကွာလို့ ပြောမယ်၊''
''မင်းဒီနေ့စကားပြောတာ ငါသိပ်အားရတယ်ဗန်ဆား၊ မင်းစကားနားထောင်ပြီး ငါ့
ခေါင်း ထဲမှာ အတွေးတစ်ခု ပေါ်လာတယ်၊ တို့ဘာကြောင့် မချမ်းသာသလဲဆိုတဲ့ ကိစ္စလေ....
ဖေမြင့်
Monday, April 28, 2014
အရင်းရှင်စနစ် မုန်တိုင်းဒဏ်ကြံ့ကြံ့ခံနေရပြီးလား
April 28, 2014 – by Anonymous
နေဇင်လတ်
JOB Seekers Journal vol.2,No.42
ရှောင်းမက်ဘဲလ်ဝီးရေးသော “မာက္ခစ်မှန်ခဲ့တယ်” ဆောင်းပါးကို ဖတ်မိသောအခါ ယနေ့တစ်ကမ္ဘာ လုံးပြန့် နှံ့နေသော အရင်းရှင်စနစ်အနေဖြင့် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ ခံနေရချိန်ရောက်နေပြီလားဟု တွေးမိသည်။ လွန် ခဲ့သောနှစ်ပေါင်း (၁၆၀) ကျော် (၁၈၄၈) တွင် Karl Marx ဆိုသူက အရင်းရှင် စနစ်နှင့်ပတ်သက်၍
;ဖြစ်လာနိုင် ဖွယ် ရှိသည်တို့ကို ဟောကိန်း ထုတ်ရေးသား ခဲ့သည်။ ကားလ်မာက္ခစ်နှင့် ဖရက်ဒရစ်အိန်ဂျယ်လ်
ဟုဆို လျှင် ကွန်မြူနစ် စနစ်၏ ခေါင်းကိုင်ဖခင်ကြီးများဟူသည်ကို မည်သူမျှ ငြင်း ကြမည်မဟုတ်။ သူတို့၏ ကွန်မြူနစ်အတွေးအခေါ် အယူအဆများ မှာ အရင်း ရှင်နိုင်ငံများ အတွက် အိပ်မက်တစ္ဆေ အဖြစ် နှစ်ပေါင်း များစွာ ခြောက်လှန့်ခြင်းခံခဲ့ကြရသည်မှာ စစ်အေးကာလတစ်လျှောက်လုံးအထိ ဖြစ်သည်။စစ်အေးလွန်တွင် ကွန်မြူနစ် ကမ္ဘာကျဆုံးသွားသည်ဟု ဆိုနိုင်သော်လည်း အသက်ပြင်း တတ်သော သဘာဝရှိ၍ ယနေ့တိုင် အရင်းရှင် တို့ စိတ်ဒုန်းဒုန်းမချနိုင် တတ်ကြသေးချေ။
ခေါင်းဆောင်သစ်များ ပျိုးထောင်ခြင်း
April 28, 2014 – by Anonymous
ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal vol.2,no.43
ခေါင်းဆောင်မှုစွမ်းရည်သည် အောင်မြင်မှု၏အခရာပင်ဖြစ်ပါသည်။ အပင်တစ်ပင်တွင် အရေးကြီးသည့် အစိတ်အပိုင်းမှာ ရေသောက်မြစ်ပင် ဖြစ်၏။ အမြစ်မရှိလျှင် အပင် တစ်ပင်ကောင်းစွာ မရပ်တည်နိုင်ပါ။ အလားတူပင် ခေါင်းဆောင်မှုမရှိလျှင် မည်သည့် အဖွဲ့အစည်းမှ တိုးတက်အောင်မြင်နိုင်မည် မဟုတ်ပါ။
ရေသောက်မြစ်ကောင်းမှ အပင် ကြီး လည်း ဖွံ့ဖြိုး စည်ပင်နိုင်သလို ခေါင်းဆောင်မှုကောင်းမှသာလျှင် အဖွဲ့ အစည်း ကြီးလည်း ဖွံ့ဖြိုးတိုးတက်အောင်မြင်မည်ဖြစ်ပါသည်။
ထို့အပြင် မိမိအဖွဲ့အစည်းအတွင်းမှာလည်း ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာစေ ရန် စဉ်ဆက် မပြတ်
လေ့ကျင့်မွေးထုတ်ပေးခြင်းဖြင့် အကန့်အသတ်မဲ့ အောင်မြင်မှု (Unlimited Success) ကို အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်ပါသည်။
အကန့်အသတ်မဲ့အောင်မြင်စေသော ခေါင်းဆောင်မှုစွမ်းရည်ဆိုသည်မှာ ခေါင်းဆောင် များကို မွေးထုတ်
ပေးနိုင်သော ခေါင်းဆောင်မှုအရည်အချင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ခေါင်းဆောင်တိုင်းပြုလုပ်ရမည့်အရာ (ပြဿနာအများဖြေရှင်းခြင်း) အပိုင်း-၁
April 28, 2014 – by Anonymous
ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal Vol.2,No.40
ခေါင်းဆောင်တိုင်းမလွဲမသွေကြုံတွေ့ရမယ့်အရာကတော့ပြဿနာတွေ ပဲဖြစ်ပါတယ် ။
ခေါင်းဆောင်မှုခရီးစဉ်မှာကြုံတွေ့လာတဲ့ ပြဿနာ တိုင်း ကို ဖြေရှင်းရမှာက ခေါင်း
ဆောင်ကောင်းတိုင်းရဲ့ တာဝန်တစ်ခုပါ။ "ပြဿနာကို ရှောင်လွှဲမယ်ဆိုရင်တော့ခေါင်း
ဆောင်ကောင်းတော့ ဖြစ်မှာ မဟုတ်ပါဘူး။ ခေါင်းရှောင်ကောင်းပဲဖြစ်မှာပါ။"
တကယ့်ကိုအောင်မြင်ကျော်ကြားတဲ့ခေါင်းဆောင်တိုင်းဟာပြဿနာတွေ ကိုဖြေရှင်း တဲ့
နေရာမှာထူးချွန်ထက်မြက်ကြပါတယ်။ ဒါကြောင့် ခေါင်းဆောင် လုပ်တော့မယ့် သူ တိုင်းဟာပြဿနာတွေကို "ဘယ်လိုရှုမြင်ရမယ်" ဆိုတာ နဲ့ "ဘယ်လိုကိုင်တွယ်ဖြေရှင်း ရမယ်" ဆိုတာတွေကိုသိရှိနားလည် ထားရပါလိမ့် မယ်။
ပြဿနာတွေရှိမှ ဘ၀ဟာအဓိပ္ပါယ်ရှိတယ်
သိမ်းငှက်တစ်ကောင်ဟာ လေမရှိဘဲ ကောင်းကင်မှာ မပျံသန်းနိုင်ပါဘူး။ အတိုက်အ ခံဖြစ် တဲ့လေဟာပျံသန်းရာမှာအဓိကလိုအပ်ချက်ဖြစ်လို့ ပါပဲ။သင်္ဘောတစ်စီး ဟာ ရေ မရှိဘဲ ခုတ်မောင်းရွေ့လျားလို့ မရပါဘူး။ သိပ်သည်း လွန်းတဲ့ပင်လယ်ရေကို ပန်ကာနဲ့ တိုးဝှေ့တွန်းတိုက်နေရတာက အဓိကရွေ့ လျားစေတဲ့ အချက်ဖြစ်လို့ပါပဲ။
Subscribe to:
Posts (Atom)
Most Popular
-
အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၃၀ ရေကြီးရေလျှံမှုတွေကြားကနေ နေ့စဉ်အလုပ်ဆင်းနေကြရတဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် နောက်...
-
မူလဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်၏ အမည်နာမရှေ့တွင် အဖဘိုးတော်ဟန် ဂိုဏ်းတော်ချုပ် ဖြစ်လာသည့်အခါ၌ ယခင်က အဖဘိုးတော်ဟန်သည် (၁)ဆင့်ပညာဖြင့်ပင် အလွန...
-
အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၂၉ ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်ကစပြီး ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး လူ...
Popular Posts
-
တရားမဝင် အလုပ်သမားတွေကို ဖမ်းချင်တယ်ဆိုရင် ထိုင်းရဲတွေက ဒီနေရာကို လာတယ် မြန်မာလိုပြောကြည့် လို့ ပြန်ပြောတယ်ဆိုရင် လက်မှတ်ကို တစ်ခါတည်း ...
-
မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ ္ဒိဿ ဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝ...
-
ပိန်ကျုံသာ အသပြာအိတ်ပြည့်တင်းလာစေမည့် နည်းလမ်းခုနှစ်သွယ် ဘေဘီလုံ၏ ခမ်းနားကြီးကျယ်ပုံဂုဏ်သတင်းသည် ယနေ့ခေတ်သို့တိုင် ပျံ့နံှ့က...
-
24.4.2017 ပြည်ပ နိုင်ငံများသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ကြမည့်အလုပ်သမား အသစ်များ အနေဖြင့် ၁.၁.၂၀၁၇ ရက်နေ့မှ စ၍ ပြည်ထဲရေး ဝန်ကြီးဌာန ...
-
ယနေ့ (၉.၇.၂၀၂၀) မနက်တွင် မယ်ဆောက်မြို့ ဖုတ်ပရာ့နယ်မြေ၊ဝါလိမ်ရပ်ကွက် အုပ်စု (၁)၌ မြန်မာ နိုင်ငံဘက်ခြမ်းမှ တရားမဝင်နည်းဖြင့်ဝင်ရောက်လာသည့်...







