Sunday, October 18, 2026

ထိုင်း Work Permit အစစ်၊ အတုနှင့် သက်တမ်းကုန်ဆုံးရက်ကို မိမိဖုန်းဖြင့် ဘယ်လိုစစ်ဆေးမလဲ

အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၁၈

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား
များအနေဖြင့် မိမိတို့၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) အချက်အလက်များနှင့် သက်တမ်းကုန်ဆုံးမည့်ရက်ကို ထိုင်းအလုပ်အကိုင်ဦးစီးဌာန (Department of Employment – DOE) ၏ e-WorkPermit စစ်ဆေးရေးစနစ်မှတစ်ဆင့် စစ်ဆေးနိုင်ပါသည်။

စစ်ဆေးရန်အတွက် Work Permit ကတ်နောက်ဘက်ရှိ QR Code နှင့် အင်တာနက်အသုံးပြုနိုင်သော ဖုန်းတစ်လုံး လိုအပ်ပါသည်။