Thursday, October 04, 2018

ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများကိစ္စ



၁။ ထိုင်းနိုင်ငံတွင်ရောက်ရှိလျက်ရှိသော မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများ ညှိနှိုင်း၍ အထောက်အထားများထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ CI စာအုပ်များကို ထုတ်ပေးဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၄င်းတို့နိုင်ငံအတွင်း တရားမ၀င်အလုပ်သမားစေခိုင်းမှုမရှိစေရေး၊ လူကုန်ကူမှု တားစီးကာကွယ်ရေးနှင့် နိုင်ငံ၏လုံခြုံရေးတို့အတွက် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေထိုင်လျက် ရှိ ကြသော နိုင်ငံခြားသားများအားလုံးကို သက်ဆိုင်ရာနိုင်ငံ၏ ထုတ်ပေးထားသော အထောက်အထားများ မှန်၊မမှန် စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံမှထုတ်ပေးထားသောနေထိုင်ခွင့် VISA ရှိမရှိ၊ အလုပ်သမားဖြစ်လျင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိ ၊မရှိ တို့ကို ထိုင်းနိုင်ငံတစ်ခုလုံးတွင် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။



Sunday, September 30, 2018

ဆော်ဒီရောက် ဗီယက်နမ်အိမ်ဖော်များဘဝ

ဆော်ဒီရောက် ဗီယက်နမ်အိမ်ဖော်များဘဝ သီဒေါင်းသည် လူတွေစွန့်ပစ်ထားသော အိမ်တစ်အိမ်တွင် သူ့သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် ဟောင်အန်းနှင့်အတူ နေထိုင်သည်။ သူနေထိုင်သည့်နေရာက ဟနွိုင်းမြို့ အနောက်တောင်ဘက်၊ ဟောင်ဘင်းမြို့စွန်တွင်ဖြစ်သည်။ 

ဒေါင်းသည် အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဧပြီလက ဗီယက်နမ်နိုင်ငံသို့ ပြန်မရောက်လာမီ ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ အိမ်ဖော်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ 

“ကျွန်မ မနက် ၅ နာရီကနေ နေ့ ၁ နာရီအထိ အလုပ်လုပ်ရတယ်။ ၁ နာရီထိုးမှ ထမင်းစားရတယ်။ နေ့တိုင်း ဒီအတိုင်းပဲ။ ထမင်းတစ်ပန်းကန်နဲ့ ဆိတ်သားလေးတစ်တုံးပဲစားရတယ်။ နှစ်လလောက်လုပ်ပြီးတော့ ရူးချင်လာတယ်” ဟု ဒေါင်းက သူ၏ ဆော်ဒီနိုင်ငံ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ယန်ဘီတွင် အလုပ်လုပ်ခဲ့ရစဉ်က အတွေ့အကြုံကို ပြန်ပြောင်းပြောပြနေခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာများအရ ဆော်ဒီနိုင်ငံတွင် ဗီယက်နမ်နိုင်ငံမှ အလုပ်သမားပေါင်း ၂၀၀၀၀ ခန့်ရှိနေကြောင်း သိရသည်။ ဆော်ဒီနိုင်ငံ၏ မိသားစုများထံ၌ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြရသူပေါင်းမှာ ၇၀၀၀ ခန့်ရှိသည်။