Saturday, May 30, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှမေ ၂၉ ရက်၌ ၁၂၀၂ ဦး ဆက်လက်ဝင်ရောက်



မြဝတီ မေ ၂၉

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြန်မာနိုင်ငံက မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ (ယနေ့) မေ ၂၉ ရက်တွင် မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၂၀၂ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူ များအနက် ၄၁၁ ဦးသည် ကား ၁၉ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူ များဖြစ်ပြီး ကျန် ၇၉၁ ဦးသည် ထိုင်း နိုင်ငံဒေသအသီးသီးမှ ၎င်းတို့၏ အစီ အစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများ ဖြစ်ကြောင်း သိရသည်။

Friday, May 29, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ်(၂)တံတားမှ ယနေ့တွင် ၁၁၆၈ ဦး ဝင်ရောက်


မြဝတီ မေ ၂၈

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၁၆၈ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၅၀၃ ဦး သည် မော်တော်ယာဉ် ၂၄ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ပြီး ကျန် ၆၆၅ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

Thursday, May 28, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေး အမှတ် (၂) တံတားမှ မေ ၂၇ ရက်၌ ၁၄၃၄ ဦး ဆက်လက်ဝင်ရောက်




ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံက မေ ၁ ရက်မှစ၍ လက်ခံခဲ့ရာ (ယနေ့) မေ ၂၇ ရက်တွင် မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ၁၄၃၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၄၈၃ ဦး သည် ကား ၂၁ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ပြီး ၅၂ ဦးသည် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသူများဖြစ်ကာ ကျန် ၈၉၉ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။

Monday, May 25, 2020



 



မြဝတီမြို့၌ ထိုင်းနိုင်ငံမှပြန်လာသူများအား တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်



ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ် သမားများအား မြန်မာနိုင်ငံက မေ ၁ ရက်မှစပြီး ပြန်လည်လက်ခံလျက်ရှိရာ မေ ၂၃ ရက်နှင့် ၂၄ ရက် ကလည်း မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ အလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး အဆိုပါ အလုပ်သမားများအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများကို ဖြူစင်စေတနာ လူမှုရေးအဖွဲ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Sunday, May 24, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှ မေ ၂၃ ရက်၌ မြန်မာသံရုံးအစီအစဉ်ဖြင့် ၆၀၄ ဦး ဆက်လက်ဝင်ရောက်



မြဝတီ မေ ၂၃

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြန်မာနိုင်ငံက မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ မေ ၂၃ ရက်တွင် မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၆၀၄ ဦး ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ယနေ့ ပြန်လည်ဝင်ရောက်သူ ၆၀၄ ဦး သည် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ဘေးကင်းလုံခြုံစွာ အခက်အခဲမရှိ ပြန်လည် ဝင်ရောက်လာသူများ ဖြစ်သည်။