Friday, May 29, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ်(၂)တံတားမှ ယနေ့တွင် ၁၁၆၈ ဦး ဝင်ရောက်


မြဝတီ မေ ၂၈

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ယနေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၁၆၈ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၅၀၃ ဦး သည် မော်တော်ယာဉ် ၂၄ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ပြီး ကျန် ၆၆၅ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။


ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် 
မေ ၁ ရက်က ၆၀၊ 
၂ ရက်က ၅၄ ဦး၊ 
၃ ရက်က တစ်ဦး၊
၄ ရက်က ၄၄ ဦး၊ 
၅ ရက်က ၂၃ ဦး၊ 
၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ 
၈ ရက်က ၁၀၀၊
 ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ 
၁၀ ရက်တွင် ၄၄ ဦး၊ 
၁၁ ရက်တွင် ၁၃ ဦး၊
 ၁၂ ရက်တွင် ၄၁ ဦး၊ 
၁၃ ရက်တွင် ၁၆ ဦး၊ 
၁၄ ရက်တွင် ၃၈ ဦး၊ 
၁၅ ရက် တွင် ၁၂၀၊ 
၁၆ ရက်တွင် ၇၆ ဦး၊ 
၁၇ ရက်တွင် ၉၀၊ 
၁၈ ရက် တွင် ဝင်ရောက်ခြင်းမရှိဘဲ 
၁၉ ရက်တွင် ၆၄ ဦး၊ 
၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ 
၂၃ ရက်တွင် ၆၀၄ ဦး၊ 
၂၄ ရက်တွင် ၁၁၁၈ ဦး၊ 
၂၅ ရက်တွင် ၁၂၇၇ ဦး၊ 
၂၆ ရက်တွင် ၁၃၉၄ ဦး၊ 
၂၇ ရက်တွင် ၁၄၃၄ ဦး၊ 
၂၈ ရက်တွင် ၁၁၆၈ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၇၇၇၉ ဦးအထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက်သူများနှင့် မေ ၁၇ ရက် ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ မေ ၂၇ ရက် ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသောသူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် ကချင် ပြည်နယ်မှ ၅၁ ဦး၊ ကယားပြည်နယ်မှ ရှစ်ဦး၊ ကရင် ပြည်နယ်မှ ၁၂၇ ဦး၊ မွန်ပြည်နယ်မှ ၁၈၂ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၈၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂၆၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၃၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၄၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၇၅ ဦး၊ နေပြည်တော်မှ ၂၅ ဦး၊ ရှမ်းပြည်နယ်မှ ၉၂ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃ ဦး၊ ရခိုင်ပြည်နယ်မှ ကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၆၃ ဦး စုစုပေါင်း ၁၁၆၈ ဦးဖြစ်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များ ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)