Tuesday, September 29, 2026

ထိုင်းရေကြီးမှုကြောင့် ၂၃ ဦးသေဆုံး၊ လူ ၂.၆ သန်းကျော် ထိခိုက်

အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်ကစပြီး ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး လူပေါင်း ၂.၆ သန်းကျော် ထိခိုက်နေပါတယ်။

ထိုင်းဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနရဲ့ စက်တင်ဘာ ၂၉ ရက် မနက် ၆ နာရီစာရင်းအရ ရေကြီးမှုဟာ စုစုပေါင်း ခရိုင် ၄၂ ခုနဲ့ ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ခရိုင်၂၉ ခုနဲ့ ဘန်ကောက်မှာ ရေကြီးမှု ဆက်လက်ရှိနေပါတယ်။ 

အိမ်ထောင်စု ၉၄၀,၃၀၀ နဲ့ လူပေါင်း ၂,၆၀၂,၃၀၉ ဦး ထိခိုက်နေပါတယ်။ ဘန်ကောက်မှာ ရက်အနည်းငယ်အတွင်း မိုးရေချိန် ၃၂၀ မီလီမီတာခန့် ရွာသွန်းခဲ့ပြီး စက်တင်ဘာလ တလလုံး ပုံမှန်ရရှိတဲ့ မိုးရေချိန်နီးပါးကို
သုံးရက်အတွင်း ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရေတချို့ပြန်ကျလာပေမယ့် ရမ်အင်ထရာ၊ ခလောင်ချန်နဲ့
 ရွမ်ကလောက် အပါအဝင် နေရာတချို့မှာ ရေကြီးမှု ဆက်ရှိနေပါတယ်။ 

ကမ်ဖဲဖက်မှာ ရေဝင်လို့ ကြက်သောင်းချီ သေဆုံး၊ မွေးမြူရေးသမား ဘတ် ၁ သန်းကျော် ဆုံးရှုံး


ထိုင်းနိုင်ငံ ကမ်ဖဲဖက်ခရိုင်မှာ ကြက်မွေးမြူရေးခြံတခု ရုတ်တရက်ရေလွှမ်းခဲ့တာကြောင့ ကြက်သောင်းနဲ့ချီ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေတက်နှုန်းမြန်လွန်းတဲ့အတွက် ကြက်တွေကို အချိန်မီမရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် မွေးမြူရေးသမားအနေနဲ့ ဘတ် ၁ သန်းကျော်အထိ ဆုံးရှုံးခဲ့ရတယ်လို့  ခေါင်စွတ်သတင်းဌာနဖော်ပြပါတယ်။

Thursday, December 09, 2021

ထိုင်းနိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းသွားလာရသဖြင့် ယခုနှစ်အတွင်း မြန်မာအလုပ်သမား ၆ ဦး သေဆုံးခဲ့ရ


တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာကြတဲ့မြန်မာအလုပ်သမား ၈၅ဦး ( ကျား၄၆ ၊ မ ၃၉ ) တို့ကို မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင် ၊ မေ(င်)မြို့နယ်တွင်ဒီဇင်ဘာလ ၈ရက်နေ့ နံနက် ၂နာရီမှ ည ၁၀ နာရီအတွင်း  ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။


အဆိုပါနေ့၌ပင်  တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးတို့ကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစီးကိုသက်ဆိုင်ရာတာဝန်ရှိသူများက မသင်္ကာလို့ ကားကိုတားဆီးရာ အရှိန်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ရာ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်  ဖိုင်ခွယ်မီးပွိုင့်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမြန်မာလုပ်သား ၃ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးပြီး ၄ဦးဒဏ်ရာပြင်းထန်းစွာရရှိခဲ့သည်။

Sunday, November 14, 2021

လယောင်တွင် မြန်မာအလုပ်သမား ၆ ဉီး ပျောက်ဆုံးနေမှု အလုပ်သမားသံ အရာရှိနှင့် ထိုင်းအလုပ်သမားဝန်ကြီးတို့တွေ့ဆုံ

 


လယောင်တွင် မြန်မာအလုပ်သမား၆ဦးပျောက်ဆုံးနေမှု တိုင်ကြားနိုင်ရေးအတွက်  ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးနှင့်အလုပ်သမားသံအရာရှိဦးအောင်ကိုဇော်တို့  ဆိုဖွမ်ဘုန်းကြီးကျောင်း၌ နိုဝင်ဘာ ၁၃ရက် နံနက်၁၀နာရီက  တွေ့ဆုံခဲ့ကြောင်း သိရသည်။  


Friday, November 12, 2021

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေ

 


ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေ ကြောင်း အလုပ်သမား သံအရာရှိ ရုံး ထံက နိုဝင်ဘာလ ၁၂ ရက်တွင် သတင်း ရရှိသည်။ 


Monday, November 08, 2021

မြန်မာအလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ နေ့စဉ်ရှိနေ


ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်တွင် ယမန်နေ့တရက်တည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားပေါင်း ၂၃၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

လူသေဆုံးမှုအထိဖြစ်လာတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ


ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား ၁၀၃ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းဘုရင့်တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။



Saturday, November 06, 2021

မိအေးအခါခါနာသလို နာနေရတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများအဖြစ်


မြန်မာနဲ့ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူမျာအနေဖြင့် တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်ခွင့်များပြန်လည်းစတင်ရန် နှောင့်နှေးကြန့်ကြာနေမှုများကြောင့် မြန်မာအလုပ်သမားများသည် မိသားစုစားဝတ်နေရေးအတွက် တရားမဝင်လမ်းကြောင်းများမှတဆင့် အရဲစွန့်သွားလာရာမှ ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေတွင် မြန်မာအလုပ်သမား ၂၉ ဦး ထပ်မံအဖမ်းခံရကြောင်း ထိုင်းဘုရင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

Friday, November 05, 2021

ကြိုးတန်းပေါ်လမ်းလျှောက်နေရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များဘဝ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ဆာခွန်ခရိုင် နခွန်ပထုံခရိုင်နှင့် စမွတ်ပရာကန်ခရိုင် များတွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၁၁၂ဦးတို့ကိုနိုဝင်ဘာလ ၄ ရက်နေ့တွင် ကန်ချနဘူရီခရိုင်တွင် အဖမ်းခံခဲ့ရကြောင်းထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Tuesday, November 02, 2021

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ရင်တွင်အပူ ဘယ်သူကူလို့ငြိမ်းပါ့မယ်

 

နိုဝင်ဘာ ၂ ၂၀၂၁ ၊ ကန်ချနဘူရီ/ပကျွတ်ခီလီခမ် ၊ အလုပ်သမားဟစ်တိုင်

မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ခွင့်များပိတ်ပင်တားဆီးခံရသဖြင့်တဦးလျှင် ဘတ်ငွေ ၁၇၀၀၀ မှ ၂၀၀၀၀ ထိအကုန်ကျခံပြီး တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်လာသောကြောင့် နေ့စဉ်အဖမ်းခံနေရကြောင်း ထိုင်းဘုရင့်တပ်မတော်၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Sunday, October 31, 2021

မြန်မာအလုပ်သမား ၁၈၄ဦး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့်အဖမ်းခံရ


တဦးလျှင် ပွဲစားခ ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိပေးပြီး  ဘန်ကောက်မြို့၊ စမွတ်ဆာခွန်ခရိုင်၊ နခွန်ပထုံခရိုင်၊ နွန်ထဘူရီခရိုင်၊ စမွတ်ပရာကန်ခရိုင်များနှင့်ချွန်ဘူရီခရိုင်တို့တွင် အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၁၈၄ဦးတို့အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန်ချနဘူရီခရိုင်နဲ့ ပကျွတ်ခီလီခမ်းခရိုင်၌ အဖမ်းခံရကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

Friday, October 29, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာအလုပ်သမားတဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

 


မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲ့ဒေါင့်(ဝ်)ရပ်ကွက် ဘန်းမဲ့ဒေါင်အုပ်စု ၃ရှိ ကြံခင်းအနီးတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၃၅ ဦးကို အဖွဲ့ပေါင်းစုံပါဝင်သည့် လုံခြုံရေးအဖွဲ့က အောက်တိုဘာလ၂၉ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၂၇ဦး အဖမ်းခံရ

 

မြန်မာနဲ့ထိုင်းနိုင်ငံ တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များပိတ်ထားသဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၃၇ ဦးအောက်တိုဘာလ ၂၇ ရက်နေ့က ပကျွတ်ခီလီခမ်းခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် ဖမ်းမိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။


သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၅နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်  မီ(င်)နယ်မြေ ခွန်းခါးရပ်ကွက် လိုင်းခေလာတွင် မြန်မာအလုပ်သမား၂၂ ဦး ( ကျား ၇ ၊ မ ၁၅ ) နှင့် ည ၁၀ နာရီအချိန်တွင် ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေ ဘန်းကောင်ရပ်ကွက် ဖုနံမ့်မလွန်တွင် မြန်မာအလုပ်သမား ၁၅ဦး (ကျား ၃၊ မ၁၂ ) အသီးသီးဖမ်းဆီးရမိကြောင်းသိရသည်။

Thursday, October 28, 2021

ပကျွတ်ခီလီခမ်တွင် မြန်မာအလုပ်သမား ၂၇ ဦးအဖမ်းခံရ

 

တဦးလျှင် ပွဲစားခ ဘတ်ငွေ ၁၈၀၀၀ ပေးပြီး စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၂၇ဦး ( ကျား ၁၅ ၊ ၂ ) တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅နာရီအချိန့်တွင်ပကျွတ်ခီလီခမ်ခရိုင် ၊ မီ(င်)နယ်မြေ ကော့လပ်ရပ်ကွက် ဘန်နွန်ခမ်အုပ်စုတွင် ဒေသဆိုင်ရာအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏သတင်းထုတ်ပြန်ခဲ့သည်။

ဖခင်ဖြစ်သူ တိမ်းရှောင်သွားပြီးနောက် ကျန်ရစ်သော နာမကျန်းဖြစ်နေသည့် ရက်သားအရွယ် သားငယ်နှင့် မိခင်တို့ ထိုင်းတွင် အကူအညီ လိုအပ်နေ

 


အောက်တိုဘာ ၂၇ ၊ ဘန်ကောက် ၊ အလုပ်သမားဟစ်တိုင်

ဖခင်ဖြစ်သူ တိမ်းရှောင်သွားပြီးနောက် ကျန်ရစ်သော နာမကျန်းဖြစ်နေသည့် ရက်သားအရွယ် သားငယ်နှင့် မိခင်တို့ ထိုင်းနိုင်ငံတွင် အကူအညီ လိုအပ်နေကြောင်း အလုပ်သမားသံအရာရှိရုံးထံက သတင်းရရှိသည်။

ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ၊ ဝက်လက်ခင်အနီးရှိ မိခင်တစ်ဦးမှာကလေးမွေးပြီး ၄ ရက်အကြာတွင် ဆေးရုံဆင်း ခွင့်ရသော်လည်း ကလေးတွင် မွေးရာပါ ရောဂါပါ လာသဖြင့် ဝက်လက်ခင်ဆေးရုံမှ နကော့ပထုံဆေးရုံသို့ ပြောင်းရွှေ့ ကုသစေခဲ့ပြီး မိခင်အား ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်စီစီချိုသည် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်း ၉ နာရီ အချိန်တွင် အလုပ်သမား သံအရာရှိရုံးသို့ဖုန်းဆက်ကာ ကလေးကို တွေ့ချင်ကြောင်း၊ ဝက်လက်ခင်ဆေးရုံတွင် ဘတ် ၁၇၀၀၀ ခန့် ကုန်ကျခဲ့ပြီး လက်ရှိတွင် ငွေမရှိကြောင်း၊ ကလေးပြန်လည်ထုတ်ယူခွင့် ရရှိလိုကြောင်း ဆက်သွယ် အကူအညီတောင်းခံလာသည်ဟု သိရသည်။

Wednesday, October 27, 2021

“နယ်စပ်ဖြတ်ကျော်ပြီး Sai Yok ကို တရားမဝင်ဝင်ရောက်လာတဲ့ အလုပ်အကိုင်ရှာဖွေသူတွေ ရာနှင့်ချီရှိလာ”

Sai Yok ခရိုင်အတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၁) ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် ခရိုင်အတွင်းမှာ တစ်ရက်အတွင်း ဖမ်းဆီးခံရသူ (၂၆၀) ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အလုပ်ရှာဖွေသူအုပ်စု (၄)မှာ အမျိုးသား (၃၆) ဦးနဲ့ အမျိုးသမီး (၃၅) ဦးတို့ကို ဖူဖရာ သို့မဟုတ် မူး ၄ ရွာအနီးမှာရှိတဲ့ tambon Si Mongkhon မှာ ညနေ ၅ နာရီခန့်က အာဏာပိုင်တွေ လှည့်ကင်းလှည့်နေချိန်မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က‌ပြောပါတယ်။ အဆိုပါ အလုပ်ရှာဖွေသူတွေဟာ တောလမ်းကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်ပါတယ်။

Tuesday, October 26, 2021

ကန်ချနဘူရီခရိုင်တွင် တရက် မြန်မာအလုပ်သမား ၂၆၀ အဖမ်းခံရ

 

အောက်တိုဘာ ၂၅ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ  အောက်တိုဘာလ ၂၅ ရက်နေ့တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆၀ ဦးထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ချင်းမိုင်းတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သဖြင့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာလ ၂၅ ရက်နေ့တွင် ချင်းမိုင်ခရိုင် ဖန်(င်)နယ်မြေ မဲ့ငွန်ရပ်ကွက်တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦး ( ကျား၇၊ မ ၁၇ ) ကလေးငယ်၂ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Monday, October 25, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများထပ်မံအဖမ်းခံရ

တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့်များပိတ်ထားသဖြင့် ထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရသဖြင့် ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ထပ်မံဖမ်းဆီးခံရကြောင်းသိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ လာကြသည့် မြန်မာအလုပ်သမား ၁၄ ဦး (ကျား ၁၀ ၊မ ၄ ) နှင့် ခေါ်ဆောင်သူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ လူးစူ(မ်)ရပ်ကွက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား ၁၂၀ဦး ထပ်မံအဖမ်းခံရ

 

ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ ဆီလီမုံခွန်ရပ်ကွက်အနီးရှိ တောတွင်တနေရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  ၁၂၀ ဦး ( ကျား  ၆၅ ၊ မ ၅၅ )တို့ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။