Monday, October 25, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများထပ်မံအဖမ်းခံရ

တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့်များပိတ်ထားသဖြင့် ထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရသဖြင့် ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ထပ်မံဖမ်းဆီးခံရကြောင်းသိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ လာကြသည့် မြန်မာအလုပ်သမား ၁၄ ဦး (ကျား ၁၀ ၊မ ၄ ) နှင့် ခေါ်ဆောင်သူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ လူးစူ(မ်)ရပ်ကွက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ပြောဆိုချက်အရ တဦးလျှင် ဘတ်ငွေ ၂၀၀၀၀ စီ ပွဲစားအားပေးခဲ့ရကြောင်းနှင့် ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်ရန်စိုင်ယိုးရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

#News Score|ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี