ယခုအခါ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမြင့်တတ်လာခဲ့ရာ ဖစ်ဘူရီခရိုင် ခေါင်ရွဲနယ်မြေတွင် ဖွင့်လှစ်ထားသည့် MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီအနေဖြင့် မြန်မာအလုပ်သမားများအပါဝင် နယ်မြေခံပြည်သူထုများကို နှာခေါင်းစည်းများပြတ်လပ်မှုမရှိစေရန် နှာခေါင်းစည်းများ ထုတ်လုပ်နေပြီ အခမဲ့ဝေငှပေးသွားမယ်လို့ သိရပါတယ်။
ကူးစက်မှုက ပြန့်နှံ့လာတာနဲ့အမျှ နှာခေါင်းစည်းတွေ ဈေးမတန်တဆပေးဝယ်သုံးရတာတွေ နောက်ပြီး သုံးပြီးသားပစ္စည်းတွေကို ပြန်သန့်စင်ရောင်းနေကြတော့ သုံးစွဲသူတွေအတွက်အဆင်မပြေဖြစ်နေကြတာ မြင်တွေ့နေရတာနဲ့ အများကိုလည်း ကူညီရာရောက်အောင် အခုလိုလုပ်ဖြစ်တာပါ လို့ MUNG MEE 2557 အလုပ်ကိုင်ရှာဖွေရေးကုမ္ပဏီမှ MDဖြစ်သူ မဇာက ရှင်းပြပါတယ်။


