၁၁.၁၁.၂၀၁၈၊ ထာ့စိုင်၊ အလုပ်သမားဟစ်တိုင်
စမွတ်ဆာခွန်နယ်မြေ၊ ထာ့စိုင် အမှတ်(၈)ရပ်ကွက် ခလွန်ခလုဘုန်းကြီးကျောင်းလမ်း၌ မြန်မာအလုပ်သမား(၁) ဦးဓားထိုးအသတ်ခံရကြောင်း ယမန်နေ့(၁၀.၁၁.၂၀၁၈)ည (၁၀)နာရီအချိန်တွင် သတင်း
ရရှိသဖြင့် စမွတ်ဆာခွန် ခရိုင်ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
အသက်ခံရသူ အမည်မသိ အသက်(၄၅)နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဓားဒဏ်ရာတစ်ချက်ရရှိပြီး လဲကျနေသည်ကို ရပ်ကွက်နေ သူများက တွေ့ရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေးဌာနနှင့်ရဲဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
