ကျွန်ုပ်တို့အကြောင်း | About Us

 

About Us — ကျွန်ုပ်တို့အကြောင်း

အလုပ်သမားဟစ်တိုင် (LABOUR HITTAI NEWS) သည် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သိရှိထားသင့်သည့် သတင်းအချက်အလက်များကို မြန်မာဘာသာဖြင့် ဖော်ပြပေးနေသည့် သတင်းနှင့် သတင်းအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အလုပ်သမားရေးရာ၊ ရွှေ့ပြောင်းလုပ်သားရေးရာ၊ ဥပဒေနှင့် အထောက်အထားဆိုင်ရာ သတင်းများ၊ လူမှုဘဝ၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်၊ ယာဉ်အသွားအလာ၊ အရေးပေါ်သတိပေးချက်များနှင့် မြန်မာအလုပ်သမားများ၏ နေ့စဉ်ဘဝအပေါ် သက်ရောက်နိုင်သည့် အရေးကြီးသတင်းများ ကို နားလည်လွယ်သော မြန်မာဘာသာဖြင့် တင်ဆက်ပေးရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့သည် သတင်းများကို တင်ဆက်ရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ယုံကြည်ရသော သတင်းရင်းမြစ်များနှင့် ရရှိနိုင်သည့် အထောက်အထားများကို အခြေခံ၍ အချက်အလက်များကို စိစစ်တင်ပြရန် ကြိုးပမ်းပါသည်။ မှားယွင်းသောအချက်အလက် တွေ့ရှိပါက ပြင်ဆင်ရန်နှင့် လိုအပ်သည့် အချက်အလက်များကို ထပ်မံဖြည့်စွက်ရန်လည်း အလေးထားပါသည်။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ —
“သတင်းတပုဒ်ကို ဖတ်ရုံသာမက အလုပ်သမားတယောက်၏ နေ့စဉ်ဘဝအတွက် အမှန်တကယ် အသုံးဝင်စေရန်” ဖြစ်ပါသည်။

LABOUR HITTAI NEWS — အလုပ်သမားဟစ်တိုင်
ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် သတင်းနှင့် အသုံးဝင်သော အချက်အလက်များ