Wednesday, December 09, 2020

တရားမ၀င်မြန်မာအလုပ်သမား ၇ဦးဖမ်းဆီးခံရ

ထိုင်းလူ၀င်မှုကြီးကြပ်ရေးဌာန၊ ထိုင်းစစ်တပ်မှတာ၀န်ရှိသူများ၊ ခရိုင်ကျန်းမာရေးအဖွဲ့၀င်များနှင့် ရပ်ရွာတာ၀န်ရှိသူများပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ တာခ်ခရိုင် မယ်ဆောက်မြို့ရှိ Phacharoenစျေးကို ၀င်ရောက်စစ်ဆေးခဲ့ရာ တရားမ၀င်မြန်မာအလုပ်သမား ၇ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် SAQ၏ဖော်ပြချက်အရသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၄ဦးအဖမ်းခံရ


ယနေ့(၈.၁၂.၂၀၂၀)၌ ထိုင်းမြန်မာနယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင် မယ်ဆောက်မြို့  ထာ့စိုင်လူမြို့နယ်ဘန်ဝမ်ထာ့ခမ်ကျေးရွာအုပ်စု(၇)ရှိ ကြံခင်တစ်ခုအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား အမျိုးသမီး ၄ဦးတို့ကို ကင်းလှည့်နေသည့် ထိုင်းစစ်တပ်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။