Wednesday, December 09, 2020

တရားမ၀င်မြန်မာအလုပ်သမား ၇ဦးဖမ်းဆီးခံရ

ထိုင်းလူ၀င်မှုကြီးကြပ်ရေးဌာန၊ ထိုင်းစစ်တပ်မှတာ၀န်ရှိသူများ၊ ခရိုင်ကျန်းမာရေးအဖွဲ့၀င်များနှင့် ရပ်ရွာတာ၀န်ရှိသူများပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ တာခ်ခရိုင် မယ်ဆောက်မြို့ရှိ Phacharoenစျေးကို ၀င်ရောက်စစ်ဆေးခဲ့ရာ တရားမ၀င်မြန်မာအလုပ်သမား ၇ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် SAQ၏ဖော်ပြချက်အရသိရသည်။


ဖမ်းဆီးရမိသူများအနက် အသက်(၃၀)အရွယ်ရှိ ကိုဟာစန်ဆိုသူသည် ဒီဇင်ဘာလ ၆ရက်နေ့ ညနေအချိန်မှစ၍ ဖျားနေသဖြင့် ဖမ်းဆီးရမိသူ အားလုံးကို ကိုဗစ်ရောဂါစစ်ဆေးရန် မယ်ဆောက်ဆေးရုံကြီးသို့ ဆောင် ခဲ့ကြောင်းသိရသည်။


Source -SAQ News