ထိုင်းနိုင်ငံတောင်ပိုင်း စတူ(လ်)ခရိုင် ခွန်ခံနယ်မြေ အုပ်စု(၆) ဆောက်လုပ်ဆဲနေအိမ်တစ်လုံးတွင် နေရပ်ပြန်ကြမည့် မလေးရှားနိုင်ငံဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား (၁၁)ဦးကို ယနေ့နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း #Thai PBS သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။
၎င်းအလုပ်သမား (၁၁)ဦးတို့သည့် မလေးရှားနိုင်ငံ Lang kawi ကျွန်းရှိ စားသောက်ဆိုင်အလုပ်သမားများဖြစ်ကြပြီး ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ကာ နေရပ်ပြန်လိုသဖြင့် ပွဲစားဖြစ်သူအား တစ်ဦးလျှင် မလေးရှားငွေ (၁၀၀၀)ရင်းဂစ်ပေးရကြောင်း ၊ ယမန်နေ့ ( ဒီဇင်ဘာ ၁၈)ရက်နေ့ညတွင်မလေးရှားနိုင်ငံဘက်မှ ထိုင်းဘက်ခြမ်းစတူလ်ဘက်သို့ ကူးလာပြီး ယနေ့နေရာ၌ နားနေစဉ် ယနေ့( ဒီဇင်ဘာလ ၁၉ရက်) နံနက်ပိုင်း၌ တိုက်ပိုင်ရှင်ရောက်လာပြီး နယ်မြေခံရဲတပ်ဖွဲ့ကို အကြောင်းကြားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများအား ကိုဗစ်ရောဂါစစ်ဆေးပြီး ဥပဒေအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
Sources |Thai PBS ศูนย์ข่าวภาคใต้