Friday, October 02, 2026

ငွေလိမ်ခြင်းဆိုတာ ထိုင်းဥပဒေအရ ဘယ်လိုအမှုဖြစ်နိုင်သလဲ

 


ထိုင်းရောက် မြန်မာအလုပ်သမားတွေ မကြာခဏကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ငွေယူတာ၊ Permit လုပ်ပေးမယ်ဆိုပြီး ငွေယူတာ၊ အခန်းငှားပေးမယ်ဆိုပြီး Deposit ယူတာ၊Facebook ကနေ ပစ္စည်းရောင်းပြီး ငွေလက်ခံကာ ပစ္စည်းမပို့တာ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။

ဒါပေမယ့် “ငွေပေးလိုက်ရပြီး အလုပ်မဖြစ်တိုင်း” လိမ်လည်မှု ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။

Friday, May 19, 2023

CI စာအုပ်ကောက်ရထာသည် (ပျောက်နေသူ အမြန်ဆက်သွယ်ပါ)

 ပိုင်ရှင်ကိုယ်တိုင် ဆက်သွယ်၍လာယူပါရန်။ ကျေးဇူးပြု၍ အမြန် ရှယ် ပေးကြပါ။

Wednesday, November 17, 2021

ဘန်ကောက်မြို့နယ်အတွင်းရှိ လူမှုဖူလုံရေး(ပကန်ဆာခွန်)ရုံးလိပ်စာများ


ဘန်ကောက်မြို့နယ်အတွင်းရှိ မြန်မာအလုပ်သမားများအနေဖြင့်  လူမှုဖူလုံရေး(ပကန်ဆာခွန်) ကိစ္စရပ်များနှင့်ပက်သတ်ပြီး ဆောင်ရွက်စရာအကြောင်းများရှိလာပါက အလွယ်တကူဆက်သွယ်နိုင်ရန် မိမိနေထိုင်ရာမြို့နယ်များနှင့်သက်ဆိုင်သည့် လူမှုဖူလုံရေး(ပကန်ဆာခွန်)ရုံးလိပ်စာများနှင့်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို အလုပ်သမားဟစ်တိုင်မှ ဖော်ပြပေးလိုက်ပါတယ်။

Monday, November 15, 2021

ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားမှ အလုပ်ပြောင်းခြင်း၊ ခရိုင်ဖြတ်ကျော်ခြင်း အဆင်ပြေမည် ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးကြရန် သံအရာရှိရုံး တိုက်တွန်း

 


၁၄ နိုဝင်ဘာ ၂၀၂၁ ၊ နခွန်ပထုံ ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အနေဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားမှအလုပ်ပြောင်းခြင်း၊ ခရိုင်ဖြတ်ကျော်ခြင်း အဆင်ပြေမည် ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးကြရန် အလုပ်သမား သံအရာရှိရုံးက တိုက်တွန်းပြောကြားထားကြောင်း သိရသည်။ 


Monday, November 08, 2021

မြန်မာအလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ နေ့စဉ်ရှိနေ


ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်တွင် ယမန်နေ့တရက်တည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားပေါင်း ၂၃၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

လူသေဆုံးမှုအထိဖြစ်လာတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ


ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား ၁၀၃ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းဘုရင့်တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။



Tuesday, November 02, 2021

“ထိုင်းနိုင်ငံမှာ တရားမဝင်ရွှေ့ပြောင်းသွားလာနေထိုင်မှုတွေပပျောက်ဖို့ အာဏာပိုင်တွေကြိုးပမ်းနေ”

 


၂၀၂၁၊ နိုဝင်ဘာလ ၂ ရက်နေ့ 

နိုဝင်ဘာလ ၁ ရက်နေ့၊ တနင်္လာနေ့မှာ နိုင်ငံကိုပြန်လည်မဖွင့်လှစ်မီ နိုင်ငံအတွင်း တရားမဝင်‌ရွှေ့ပြောင်းသွားလာနေထိုင်သူ အရေအတွက်များလာတာကြောင့် ယခုနှစ်အစပိုင်းမှစတင်ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ (၃၀,၀၀၀) ကျော်ကို မိမိနေထိုင်ရာနိုင်ငံနှင့် ပြည်နယ်တွေကို ပြန်လည်စေလွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။


ခင်ပွန်းက ထားသွားသည့် အပြင် နာမကျန်းသော သား ဇော ဖြင့် ရတက်ပွေ စိတ်မောခဲ့ရသည့် မြန်မာ မိခင် အပြုံးပန်း ပွင့်နိုင်ပြီ

 


နိုဝင်ဘာ ၁.  ၂၀၂၁ ၊ ဘန်ကောက် ၊ အလုပ်သမားဟစ်တိုင်

ခင်ပွန်းက ထားသွားသည့် အပြင် နာမကျန်းသည့် သား ငယ်ကို ဆေးရုံးက ပြန်ခေါ်နိုင်ရေး အတွက် အခက်အခဲတွေ့နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသူ ဒေါ်စီစီချိုကိုအလုပ်သမား သံအရာရှိရုံး၏ ထောက်ပံ့ဖေးမမှု၊ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ယခု အခါ အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရသည်။ 



Monday, November 01, 2021

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း လူနာများ၊ ပြစ်ဒဏ်ခံပြီးသူများ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သား ၆၃၀၀ ကျော်ကို အလုပ်သမား သံအရာရှိရုံး က ပြည်တော်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း လူနာများ၊ ပြစ်ဒဏ်ခံပြီးသူများ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား လုပ်သား ၆၃၀၀ ကျော်ကို အလုပ်သမား သံအရာရှိရုံး က ပြည်တော်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း နိုဝင်ဘာလ ၁ ရက်တွင် သတင်းရရှိသည်။ 

ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ဆေးရုံတက်ရောက်ကုသနေရသည့်လူနာများ၊ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် ပြစ်ဒဏ်ကျခံပြီးဖြစ်၍ ပြန်လည်လွတ်မြောက်လာသူများ၊ တာ့ခ်ပြည်နယ်အတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မဲဆောက်မြို့အလုပ်သမားသံအရာရှိရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေခြင်း ဖြစ်သည်။ 

Wednesday, October 27, 2021

“နယ်စပ်ဖြတ်ကျော်ပြီး Sai Yok ကို တရားမဝင်ဝင်ရောက်လာတဲ့ အလုပ်အကိုင်ရှာဖွေသူတွေ ရာနှင့်ချီရှိလာ”

Sai Yok ခရိုင်အတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၁) ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် ခရိုင်အတွင်းမှာ တစ်ရက်အတွင်း ဖမ်းဆီးခံရသူ (၂၆၀) ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အလုပ်ရှာဖွေသူအုပ်စု (၄)မှာ အမျိုးသား (၃၆) ဦးနဲ့ အမျိုးသမီး (၃၅) ဦးတို့ကို ဖူဖရာ သို့မဟုတ် မူး ၄ ရွာအနီးမှာရှိတဲ့ tambon Si Mongkhon မှာ ညနေ ၅ နာရီခန့်က အာဏာပိုင်တွေ လှည့်ကင်းလှည့်နေချိန်မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က‌ပြောပါတယ်။ အဆိုပါ အလုပ်ရှာဖွေသူတွေဟာ တောလမ်းကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်ပါတယ်။

Tuesday, October 26, 2021

ကန်ချနဘူရီခရိုင်တွင် တရက် မြန်မာအလုပ်သမား ၂၆၀ အဖမ်းခံရ

 

အောက်တိုဘာ ၂၅ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ  အောက်တိုဘာလ ၂၅ ရက်နေ့တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆၀ ဦးထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ချင်းမိုင်းတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သဖြင့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာလ ၂၅ ရက်နေ့တွင် ချင်းမိုင်ခရိုင် ဖန်(င်)နယ်မြေ မဲ့ငွန်ရပ်ကွက်တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦး ( ကျား၇၊ မ ၁၇ ) ကလေးငယ်၂ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Sunday, October 17, 2021

သူကောင်းဖြစ်ဖို့တရွာပြောင်းကာမှ သေချင်တဲ့ကျား တောပြောင်းသလိုဖြစ်နေတဲ့ မြန်မာအလုပ်သမားများ



ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားလုပ်ကြမည့် မြန်မာနိုင်ငံ ထားဝယ်ခရိုင်၊ မြိတ်မြို့နယ်၊ပုလောမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လာကြသည့် မြန်မာနိုင်ငံသား၅၈ ဦး ( ကျား ၂၁ ၊၃၇ )နှင့် ခေါင်းဆောင် ၁ ဦးတို့ကို  အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈နာရီနဲ့ ည ၁၁ နာရီအချိန်တို့တွင် ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်းခရိုင်  မီ(င်)နယ်မြေ၊ အောင်နွဲ့ရပ်ကွက်တွင် ဒေသဆိုင်ရာအာဏာပိုင်များက တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။


Sunday, October 03, 2021

ရွှေတိဂုံစေတီတည်ထားနေသည့် ဓာတ်ပုံမှတ်တမ်းများ

 


ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ မူစီရပ်ကွက်အတွင်းရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ်ပူဇော် ရန် ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးအား တည်ဆောက်လျက်ရှိရာ ယနေ့( ၃.၁၀.၂၀၂၁) တနင်္ဂနွေနေ့တွင် မြန်မာအလုပ်သမားများ လာရောက်လုပ်အားပေးသည့် မြင်ကွင်းများ(ဓာတ်ပုံ)

Friday, June 11, 2021

အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာသိကောင်းစရာများ


ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့မည်ဆိုပါက အလုပ်သမားအနေဖြင့်အလုပ်ရှင်ဖြစ်သူကို အနည်းဆုံး ( ၃၀ )ရက် ကြိုတင်အသိပေးရမည် ဖြစ်ပါသည်။ ထို့နောက် မိမိအလုပ်ရှင်ထံမှ အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)ယူပြီး မိမိပြောင်းရွှေ့မည့် အလုပ်ရှင်ထံ (၁၅ ) ရက်အတွင်း အလုပ်ရှင်ပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။


အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)ရရှိပြီး  (၁၅ )ရက်အတွင်း အလုပ်ရှင်မပြောင်းပါက မိမိ၏ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။