Friday, October 02, 2026

ထိုင်းရာဇသတ်ကြီး ပုဒ်မ ၃၄၃ — အများပြည်သူကို လိမ်လည်မှုဆိုတာ ဘာလဲ


ထိုင်းနိုင်ငံမှာ Work Permit လုပ်ပေးမယ်၊ အလုပ်သွင်းပေးမယ်၊ ပစ္စည်းရောင်းပေးမယ်ဆိုပြီး Online ကနေ လူအများကို ကြော်ငြာကာ ငွေလက်ခံပြီးနောက် ပျောက်သွားတဲ့ လိမ်လည်မှုတွေ မကြာခဏတွေ့ရပါတယ်။

ဒီလိုဖြစ်ရပ်တိုင်း ပုဒ်မ ၃၄၃ ဖြစ်တယ်လို့ တန်းပြီးမသတ်မှတ်နိုင်ပေမယ့် အများပြည်သူကို ရည်ရွယ်ပြီး မမှန်တဲ့အချက်နဲ့ လိမ်လည်ထားတယ်ဆိုရင် ထိုင်းရာဇသတ်ကြီး ပုဒ်မ ၃၄၃ အောက်က လူထုကိုလိမ်လည်မှု ဖြစ်နိုင်ပါတယ်။

အရင်ဆောင်းပါးမှာ ပုဒ်မ ၃၄၁ သာမန်လိမ်လည်မှုအကြောင်း ဖော်ပြခဲ့ပြီးဖြစ်လို့ ဒီဆောင်းပါးမှာ ပုဒ်မ ၃၄၃ ရဲ့ အဓိပ္ပာယ်၊ ပြစ်ဒဏ်၊ ပုဒ်မ ၃၄၁ နဲ့ ကွာခြားချက်၊ Online Scam တွေနဲ့ သက်သေအထောက်အထား သိမ်းဆည်းနည်းတွေကို ရှင်းပြပါမယ်။

ပုဒ်မ ၃၄၃ ဆိုတာ ဘာလဲ

ပုဒ်မ ၃၄၃ ဆိုတာ ပုဒ်မ ၃၄၁ အောက်က လိမ်လည်မှုကို အများပြည်သူကို ရည်ရွယ်ပြီး ကျူးလွန်တဲ့အခြေအနေ ဖြစ်ပါတယ်။

ငွေလိမ်ခြင်းဆိုတာ ထိုင်းဥပဒေအရ ဘယ်လိုအမှုဖြစ်နိုင်သလဲ

 


ထိုင်းရောက် မြန်မာအလုပ်သမားတွေ မကြာခဏကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ငွေယူတာ၊ Permit လုပ်ပေးမယ်ဆိုပြီး ငွေယူတာ၊ အခန်းငှားပေးမယ်ဆိုပြီး Deposit ယူတာ၊Facebook ကနေ ပစ္စည်းရောင်းပြီး ငွေလက်ခံကာ ပစ္စည်းမပို့တာ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။

ဒါပေမယ့် “ငွေပေးလိုက်ရပြီး အလုပ်မဖြစ်တိုင်း” လိမ်လည်မှု ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။

Wednesday, September 30, 2026

အောက်တိုဘာ ၅ရက်မှ ၈ ရက် ထိုင်းနိုင်ငံမှာ မိုးတိုးလာနိုင်

ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၅ ရက်ကနေ ၈ ရက်အတွင်း မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး နေရာတချို့မှာ မိုးသည်းထန်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးရွာသွန်းမှုဟာ အစပိုင်းမှာ နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေက စတင်လာနိုင်ပြီး နောက်ပိုင်းမှာ အလယ်ပိုင်း၊ ဘန်ကောက်နဲ့ အနီးဝန်းကျင်၊ အရှေ့ပိုင်းဒေသတွေကိုပါ သက်ရောက်လာနိုင်ပါတယ်။

ထားဝယ်ရေဘေး သေဆုံးသူ ၃၂ ဦးအထိ အတည်ပြု၊ အဆောက်အဦ ၃၀၀ ဝန်းကျင် ပျက်စီး

အလုပ်သမားဟစ်တိုင် | စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် စက်တင်ဘာ ၂၆ ရက်ကစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ရေဘေးသင့်ခဲ့ပြီး၊ ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် သေဆုံးသူ ၁၃ ဦးမှသည် ယခုအခါ ၃၂ ဦးအထိ တိုးလာကြောင်းသိရသည်။

အယ်လ်နီညိုကို ရင်ဆိုင်ဖို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဘာတွေကြိုပြင်ထားသင့်သလဲ

 

အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၃၀

ရေကြီးရေလျှံမှုတွေကြားကနေ နေ့စဉ်အလုပ်ဆင်းနေကြရတဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် နောက်ထပ်သတိထားရမယ့် ရာသီဥတုအန္တရာယ်တခုက အယ်လ်နီညိုနဲ့ ဆက်စပ်လာနိုင်တဲ့ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု ဖြစ်ပါတယ်။

အယ်လ်နီညိုဖြစ်လာတိုင်း ထိုင်းနိုင်ငံနေရာတိုင်း မိုးခေါင်မယ်၊ အပူချိန်ချက်ချင်းတက်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံလို အပူပိုင်းဒေသမှာ အယ်လ်နီညိုရဲ့ သက်ရောက်မှုနဲ့အတူ မိုးရွာသွန်းမှုလျော့နည်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနဲ့ ရေအရင်းအမြစ်လျော့နည်းခြင်းစတဲ့ အခြေအနေတွေ ကြုံလာနိုင်ပါတယ်။

Tuesday, September 29, 2026

ထိုင်းရေကြီးမှုကြောင့် ၂၃ ဦးသေဆုံး၊ လူ ၂.၆ သန်းကျော် ထိခိုက်

အလုပ်သမားဟစ်တိုင်၊ စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်ကစပြီး ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး လူပေါင်း ၂.၆ သန်းကျော် ထိခိုက်နေပါတယ်။

ထိုင်းဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနရဲ့ စက်တင်ဘာ ၂၉ ရက် မနက် ၆ နာရီစာရင်းအရ ရေကြီးမှုဟာ စုစုပေါင်း ခရိုင် ၄၂ ခုနဲ့ ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ခရိုင်၂၉ ခုနဲ့ ဘန်ကောက်မှာ ရေကြီးမှု ဆက်လက်ရှိနေပါတယ်။ 

အိမ်ထောင်စု ၉၄၀,၃၀၀ နဲ့ လူပေါင်း ၂,၆၀၂,၃၀၉ ဦး ထိခိုက်နေပါတယ်။ ဘန်ကောက်မှာ ရက်အနည်းငယ်အတွင်း မိုးရေချိန် ၃၂၀ မီလီမီတာခန့် ရွာသွန်းခဲ့ပြီး စက်တင်ဘာလ တလလုံး ပုံမှန်ရရှိတဲ့ မိုးရေချိန်နီးပါးကို
သုံးရက်အတွင်း ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရေတချို့ပြန်ကျလာပေမယ့် ရမ်အင်ထရာ၊ ခလောင်ချန်နဲ့
 ရွမ်ကလောက် အပါအဝင် နေရာတချို့မှာ ရေကြီးမှု ဆက်ရှိနေပါတယ်။ 

ကမ်ဖဲဖက်မှာ ရေဝင်လို့ ကြက်သောင်းချီ သေဆုံး၊ မွေးမြူရေးသမား ဘတ် ၁ သန်းကျော် ဆုံးရှုံး


ထိုင်းနိုင်ငံ ကမ်ဖဲဖက်ခရိုင်မှာ ကြက်မွေးမြူရေးခြံတခု ရုတ်တရက်ရေလွှမ်းခဲ့တာကြောင့ ကြက်သောင်းနဲ့ချီ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေတက်နှုန်းမြန်လွန်းတဲ့အတွက် ကြက်တွေကို အချိန်မီမရွှေ့ပြောင်းနိုင်ခဲ့တာကြောင့် မွေးမြူရေးသမားအနေနဲ့ ဘတ် ၁ သန်းကျော်အထိ ဆုံးရှုံးခဲ့ရတယ်လို့  ခေါင်စွတ်သတင်းဌာနဖော်ပြပါတယ်။

Friday, April 18, 2025

ဖို မ ခွန်အားတိုးစေသောအစားအစာများ




(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်က ကျားဟိုမုန်းထွက်ရှိမှုကိုလွန်စွာ အားပေးတဲ့
အတွက်အမျိုးသားများ ညအိပ်ယာမဝင်ခင် တရုပ်နံနံပင်ကိုအစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။

(၂) ဂုံးကောင်၊ ကမာကောင်ထဲရှိ သဘာဝဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့က လိင်စိတ်ကို သုံးဆမျှ
တိုးပွားလာစေကာ၊အမျိုးသားများ သုက်ရည်ထုတ်ပေးသော ဆဲလ်များကိုအထောက်အပံ့ပေးသဖြင့်
သားသမီးယူရန်အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်၊ ကမာကောင်ကို မဖြစ်မနေ စားပေးသင့်ပါတယ်။(အကယ်၍ ကရုကမာကောင် မကြိုက်သူများအနေဖြင့် ၎င်းနှင့်အစွမ်းသတ္တိတူသောသော ရွှေဖရုံစေ့လှော်ကိုစားပေးနိုင်ပါတယ်။)

Friday, February 21, 2025

ပစ္ဆာဇာတပစ္စယော

 


"ပစ္ဆာဇာတ"ဆိုသည်မှာ နောက်မှဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ နောက်မှဖြစ်သည့် အကြောင်းတရားက ရှေ့က ဖြစ်သော အကျိုးတရားကို ကျေးဇူးပြု၏ဟု ဆိုလိုသည်။

သစ်ပင်စိုက်လျှင် ရေလောင်းရ၏။ ရေ မလောင်းလျှင် မရှင်၊ ရေလောင်းမှ ရှင်၏။ ရေနှင့် သစ်ပင်တွင် သစ်ပင်က အရင်ဖြစ်ပြီး ရေက နောက်မှ ဖြစ်၏။ သို့သော် နောက်မှဖြစ်သည့် ရေက ရှေ့ကဖြစ်ဖြစ်သော သစ်ပင်ကို ကျေးဇူးပြုလျက် ရှိသည်။


ထိုနည်းတူစွာ နောက်မှ ဖြစ်သည့် နာမ် (စိတ် စေတသိက်) က ရှေ့ကဖြစ်နှင့်သော ရုပ်ကို ကျေးဇူးပြုပါသည်။ နာမ်တရားက မထောက်ပံ့လျှင် ရုပ်တရားများ မရပ်တည်နိုင်ပါ။

Monday, February 10, 2025

ဘုရင်ဘဝမှ သန့်ရှင်းရေးသမားဘဝဆီသို့ - (တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်)


ကမ္ဘာ့သမိုင်းမှာ ထူးခြားဆန်းကြယ်တဲ့ ဘဝပြောင်းလဲမှုတွေ အများအပြား ရှိခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ နောက်ဆုံးဧကရာဇ် ပုယီ Puyi ရဲ့ ဘဝဇာတ်ကြောင်းဟာ အံ့မခန်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ငယ်စဉ်က နန်းတော်ထဲမှာ ရွှေဇွန်းကိုက်ပြီး မွေးဖွားခဲ့တဲ့ ပုယီဟာ အသက် ၂ နှစ်သာ ရှိသေးချိန် ၁၉၀၈ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ချင်မင်းဆက် နောက်ဆုံးဧကရာဇ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ "ကျွန်တော့်မှတ်မိသမျှ ပထမဆုံးအမှတ်တရက နန်းတော်ထဲမှာ လူတိုင်းက ကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး ဦးညွတ်နေကြတာပါပဲ" လို့ သူက ပြန်ပြောပြဖူးပါတယ်။

Wednesday, January 29, 2025

အခါးအရသာနှင့် ဆေးဖက်ဝင်မှု

 


 လူသားမှန်သမျှ မွေးဖွားပြီးစကာလဝယ် အမိနို့ ရည်၊ တိရစ္ဆာန်နို့ရည်၊ လူလုပ်နို့မှုန့်ပစ္စည်း စသည်တို့ ကိုမှီဝဲပြီး အသက်ဆက်လက်ရှင်သန်ရသည်။ ချို ချဉ် စပ် ဖန် ခါး အငန် ခြောက်တန်အရသာဟူ၍ အရသာ ခြောက်မျိုးရှိသည့်အနက် ငယ်စဉ်တောင်ကျေး ကလေး ဘဝတွင် အချိုအရသာနှင့် စတင်ထိတွေ့ရသည်။ တဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ မိဘဆွေမျိုး များ ကျွေးမွေးသော အရသာများကို စားသုံးဖြစ်ကြ သည်။ ပထမဦးဆုံးစားသုံးရသော အချိုအရသာကို မကြိုက်သူဟူ၍ မရှိသလောက်ရှားပါးကြသည်။ အရွယ် ရလာသည်နှင့်အမျှ အချဉ်ကြိုက်သူ၊ အစပ်ကြိုက်သူ၊ အဖန်ကြိုက်သူ၊အငန်ကြိုက်သူများ အထိုက်အလျောက် ရှိလာတတ်သော်လည်း အခါးကြိုက်သူ နည်းပါးနေ သည်ကို လေ့လာတွေ့ရှိရသည်။


Monday, October 07, 2024

ဂိုဏ်းတော်ချုပ် အဘဆရာဟန်၏ အတ္ထုပတ္တိ


ဓနုဖြူမြို့၊ ကျိုက်ကလွန်ဒွန် ဘုရားကြီးနှင့် မလှမ်းမကမ်းတွင်ရှိသော နန်းတော်ကုန်းရွာတွင် အဘဦးသာဒွန်းဖြူနှင့် အမိဒေါ်ဝိုင်တို့မှ သက္ကရာဇ် (၁၂၅၅)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃) ရက်၊ သောကြာနေ့တွင် အဘဆရာ
ဟန်ကို ဖွားမြင်သန့်စင်ခဲ့ပေသည်။

အဘဆရာဟန်၏ အောက်တွင် ဦးဘိုးစံ (ခေါ်)ညီတစ်ဦးသာရှိလေသည်။

ကုန်သည်လယ်လုပ်မိဘမျိုးရိုးမှ ဆင်းသက်လာခဲ့သော အဘဆရာဟန်သည် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာမရရှိခင်က ကြောင်တံဆိပ်ဒေါ်မယ်ရင် အမည်ဖြင့် ဆေးပြင်းလိပ်ခုံလုပ်ငန်းကို လုပ်ကိုင်ခဲ့ရပေသည်။

Sunday, October 06, 2024

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး

 

မူလဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်၏ အမည်နာမရှေ့တွင် အဖဘိုးတော်ဟန် ဂိုဏ်းတော်ချုပ် ဖြစ်လာသည့်အခါ၌ ယခင်က အဖဘိုးတော်ဟန်သည် (၁)ဆင့်ပညာဖြင့်ပင် အလွန်အစွမ်းထက်သော ကဝမကြီး ဒေါ်သဲညိုကို အနိုင်ရရှိခဲ့သည်ကို အစွဲပြု၍ ရွှေယင်ကျော်ဟူသော သေသအမည်ကို ထည့်သွင်း ခဲ့ရာမှ ရွှေရင်ကျော် ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ဟူ၍ မည်တွင်ပါသည်။ မူလက ရွှေယင်ကျော်ဟု (ယင်)ကို (ယ)ဖြင့် ခေါ်တွင်သော်လည်း ကုထုံးကျမ်း ရိုက်နှိပ်ရာတွင် (ရင်)ဟု ရိုက်မိသည်ကို ဘိုးတော်ဟန်မှ ဤအတိုင်း ထားပြီး ခေါ်တွင်မည်ဟု မိန့်ရာမှ ရွှေရင်ကျော်ဟု အမည်တွင်ခဲ့ရပေသည်။

Wednesday, December 20, 2023

ဝေဒနာနုပဿနာစစ်တမ်း



ဝေဒနာကို ဝိပဿနာရှုမယ့် ယောဂီတွေအတွက် ပထမ ဝေဒနာသုံးမျိုးရှိတယ်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာဆိုပြီးတော့ပေါ့။ ဒါအကြမ်းစားအဖြစ်နော်။ နောက် သုခမှာ သောမနဿဝေဒနာ၊ ဒုက္ခမှာ ဒေါမနဿဝေဒနာဆိုပြီး နှစ်မျိုးစီခွဲလိုက်ရင်တော့ ဝေဒနာငါးမျိုးဖြစ်တယ်။ 

စေတသိကသုခဝေဒနာကို သောမနဿဝေဒနာလို့ သုံးတယ်၊ ကာယိကသုခကိုတော့ သုခဝေဒနာလို့သုံးတယ်။ စေတသိကဒုက္ခကို ဒေါမနဿဝေဒနာလို့ သုံးတယ်၊ ကာယိကဒုက္ခကြတော့ ဒုက္ခဝေဒနာလို့ သုံးတယ်။

အခုသုံးမျိုးအနေနဲ့ ပြောကြရအောင်နော်၊ အဲ့ဒီဝေဒနာသုံးမျိုးမှာ သတ္တဝါတွေသည် နေ့စဉ်ဘာနဲ့အနေများလဲ?၊ လယ်တီဆရာတော်ဘုရားကတော့ ဥပေက္ခာနဲ့ အနေများတယ်လို့ သတ်မှတ်ချက်ရှိတယ်။ ဒီတော့ သတ္တဝါတွေမှာ တစ်နေ့တာ အများဆုံးဖြစ်နေတာကတော့ ဥပေက္ခာဝေဒနာဖြစ်ပါတယ်။

Friday, June 30, 2023

ကျေးဇူးပြု၍ မိနစ်နှစ်ဆယ်အချိန်ပေးပါ

တစ်ခါတုန်းက ဂေါတမလို့အမည်ရတဲ့ မထေရ်တစ်ပါး  ရှိခဲ့ဖူးပါတယ်၊ ဂေါတမမထေရ်ဟာ ပုဏ္ဏားမျိုးနွယ်စုကနေ မွေးဖွားလာသူပါ။ သမိုင်းကြောင်းအရဆိုရင် ရာဇဂြိုဟ်ပြည်မှာ ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က တစ်နေ့တော့ သားလေး တစ်ယောက် မွေးဖွားပါတယ်။ ကလေးရဲ့အမည်ကို ''ဂေါတမ''လို့ အမည်ပေးလိုက်ကြပါတယ်။ ပုဏ္ဏားမျိုးရိုးမှာဖြစ်လို့ ပုဏ္ဏားတွေရဲ့ကျင့်စဉ်အတိုင်း ကျင့်ရပါတယ်။ 

 ခုနစ်နှစ်အရွယ်ရောက်လာတော့ ပုဏ္ဏားတို့ လျှောက်လှမ်းတဲ့ကျင့်စဉ်အတိုင်း ရွှေငွေအလှူခံ လှည့်လည်ပါတယ်။ လှည့်လည်ရင်းနဲ့ အသပြာတစ်ထောင် ရလာပါတယ်။ ရလာတဲ့အသပြာတစ်ထောင်ကို တစ်နေရာမှာ အပ်နှံထားလိုက်ပါ တယ်။ 

ဒီလိုနဲ့ ပုဏ္ဏားကျင့်စဉ်လည်းကျင့်၊ ရွှေငွေလည်း လှည့်လည်အလှူခံရင်း တစ်ဆယ့်ခြောက်နှစ်သား ရောက်လာတော့ မကောင်းတဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကာမဂုဏ်စိတ်တွေက ရုပ်ကောနာမ်ကော တစ်ကိုယ်လုံး ဖြစ်လာပါတယ်။ ကာမဂုဏ်စိတ်တွေ နှိပ်စက်နေလို့ ပြည့်တန်ဆာမတစ်ယောက်ရဲ့အိမ်ကို သွားပါတယ်။ ရထားတဲ့ အသပြာတစ်ထောင်ကိုပေးပြီး တစ်ညတာ နေလိုက်ပါတယ်။ သူကျင့်နေတဲ့ အကျင့်မြတ်ဆိုတာလည်း ပျက်သွားပါတယ်။ ပြည့်တန်ဆာမကလည်း ဂေါတမပုဏ္ဏာလေးရဲ့ပုံစံကို ကြည့်ပြီး ''ကာမဂုဏ်မှာ အစိမ်းသက်သက်ပဲ''ဆိုတာ အတွေ့အကြုံအရ သိရလို့ သိပ်ပြီး စိတ်မပါတဲ့ပုံစံကို ပြပါတယ်။ 


Wednesday, June 28, 2023

ဒါနပြုမယ်ဆိုရင် .....

 


“လှူပါ”လို့ ပြောလိုက်တာနဲ့ ဘုန်းကြီးကျောင်းပဲ ပြေးမမြင်နဲ့။

မင်္ဂလသုတ်မှာ လာတာက ”သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်း ဝေမျှ လှူနိုင်စေ”တဲ့ ... ။ ကိုယ့်အောက် နိမ့်ကျတဲ့သူတွေကို ပေးကမ်းရမယ်၊ ကိုယ်နဲ့တန်းတူ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေကို ဝေမျှရမယ်၊ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာသာ လွန်တဲ့ ရတနာသုံးပါး၊ ကျေးဇူးကြီးမားတဲ့ မိဘ ဆရာသမား ကျေးဇူးရှိသူတွေကို လှူဒါန်းရပါမယ်။

လူတော်တော်များများက ဘုန်းကြီးကိုလှူမှ အလှူထင်ကြတယ်။ ဘုရားတည်၊ ကျောင်းဆောက်တာကိုပဲ အလှူ ထင်ကြတယ်။

Tuesday, June 27, 2023

ပုရေဇာတပစ္စယော

 



"ပုရေဇာတ"ဆိုသည်မှာ ရှေ့က ဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို ရှေ့က ဖြစ်နှင့်ပြီး ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

မိဘနှင့် သားသမီးဆိုလျှင် မိဘက ရှေ့က ဖြစ်၏။ ထို့ကြောင့် မိဘက သားသမီးကို နို့ချိုတိုက်ကျွေး အစာပေးပြီး ကျေးဇူးပြုနိုင်ခြင်း ဖြစ်သည်။

ထိုနည်းတူစွာ ရှေ့ကဖြစ်သော ရုပ်တရားက နောက်မှဖြစ်သည့် နာမ်တရား ( စိတ် စေတသိက်)တို့ကို ကျးဇူးပြု၏။ ထို့ကြောင့် ရုပ်က အကြောင်းတရား၊ နာမ်က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းကျိုး ဖြစ်နေသည့်ပစ္စည်းကို "ပုရေဇာတပစ္စည်း" ဟု ခေါ်သည်။

ဥပနိဿယပစ္စယော

 

"ဥပနိဿယ"ဆိုသည်မှာ အခြေအနေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော အင်အားကြီး မှီရာဟု အဓိပ္ပါယ် ရ၏။

စိတ်နေစိတ်ထားကို အကြောင်းပြု၍ ဖြစ်စေ၊ လုပ်ရပ်တစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြု၍ ဖြစ်စေ အခြေအနေတခု ဖြစ်ပေါ်လာ၏။

ထိုအခြေအနေ ဖြစ်ပေါ်လာအောင် အထောက်အပံ့ ပေးသော အကြောင်းတရားမှန်သမျှသည် "ဥပနိဿယ" ပင် ဖြစ်သည်။

စိတ်နေစိတ်ထားကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် စိတ်နေစိတ်ထားက အကြောင်းတရား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- အများအတွက်ဆိုသည့် စိတ်ထားနှင့် ပရဟိတ လုပ်ခြင်းမျိုးတည်း။

လုပ်ရပ်တစ်ခုကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် လုပ်ရပ်က အကြောင်းတရား၊ ဖြစ်ပေါ်လာသည့် အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- အလှူလုပ်ပြီး ပီတိ ဖြစ်နေခြင်းမျိုးတည်း။

ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် ပုဂ္ဂိုလ်က အကြောင်းတရား၊ ဖြစ်ပေါ်လာသည့် အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- မိတ်ဆွေ ဖိတ်သည့် တရားပွဲကို သွား၍ နာခြင်းမျိုးတည်း။

ဥပနိဿယပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းက ရုပ် နာမ် ပညတ်။ အကျိုးက နာမ်တရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်း အကျိုး ဖြစ်နေသည့် ပစ္စည်းကို " ဥပနိဿယပစ္စည်း" ဟု ခေါ်သည်။


နိဿယပစ္စယော


"နိဿယ" ဆိုသည်မှာ မှီရာဟု အဓိပ္ပါယ် ရ၏။ အကြောင်းတရားက အကျိုးတရားကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။

သစ်ပင်သည် မြေကြီးကို မှီရ၏။ မြေကြီး မရှိလျှင် သစ်ပင်လည်း မရှိနိုင်ပါ။ ထို့ကြောင့် မြေကြီးသည် သစ်ပင်ကို မှီရာ အဖြစ်ဖြင့် ကျေးဇူးပြုလျက် ရှိသည်။

ထိုနည်းတူစွာ အကျိုးတရားသည် အကြောင်းတရားပေါ်မှာ မှီရ၏။ ထို့ကြောင့် မှီရာဖြစ်သည့် ရုပ်နာမ်တို့သည် အကြောင်းတရား၊ မှီတတ်သည့် ရုပ်နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " နိဿယပစ္စည်း" ဟု ခေါ်သည်။

Monday, June 26, 2023

အညမညပစ္စယော


"အညမည" ဆိုသည်မှာ အချင်းချင်း အပြန်အလှန်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားနှင့် အကျိုးတရားသည် "ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ" ဆိုသကဲ့သို့ အပြန်အလှန် ကျေးဇူးပြုနေကြ၏ဟု ဆိုလိုသည်။

တုတ်သုံးချောင်း ထောက်ထားလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီနေကြသည့်အတွက် လဲကျ မသွားတော့ပေ။ ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် အပြန်အလှန် ကျေးဇူးပြုပြီး ရပ်တည်နေကြ၏။

ထို့ကြောင့် အကြောင်းတရားကလည်း ရုပ်နှင့် နာမ်၊ အကျိုးတရားကလည်း ရုပ်နှင့် နာမ်ပင် ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အညမညပစ္စည်း" ဟု ခေါ်သည်။