Thursday, May 19, 2016

ထိုင်းနိုင်ငံတွင်ဖမ်းဆီးတရားစွဲ ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်လွှတ်မြောက်လာ


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် အထောက်အထားမရှိသည့် မြန်မာအမျိုးသမီး ၃ ဦးကို ခေါ်ဆောင်လာသူ မသိန်းရွှေအား ဖမ်းဆီး ငွေးညစ်ခံရရာကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သော အဖွဲ့အစည်းများ ကူညီခြင်းကြောင့် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း သိရှိရပါတယ်။

ဖြစ်စဉ်မှာ လက်မှတ်မရှိတဲ့ အမျိုးသမီး ၃ ဦးတို့ကို မသိန်းရွှေက မြ၀တီမှတဆင့် မဲဆောက်မြို့သို့ ခေါ်ဆောင် လာပြီး မယ်ပရပ်ကွက်ရှိ စာရမစ်စက်ရုံ ခေါ် ပုဂံလုံးအလုပ်ရုံသို့ အလုပ်သွင်းပေးရန် သွားနေကြစဉ် ညနေ ၆ နာရီဝန်းကျင် မယ်ပ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးတယ်လို့ ဆိုပါတယ်။

Tuesday, May 17, 2016

ဆေးမင်ကြောင် (Tattoo)


ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။

ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင်လည်း ဆေးမင်ကြောင်ထိုးသည့် အလေ့အထများ ဂယက် ရိုက်လာသည်ကို တွေ့လာရသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် မြန်မာ့ အနုပညာလောကတွင် ၂၀ဝဝ
ပြည့်လွန်နှစ်များမှ စတင်၍ ခေတ်စားလာသည်။ဆေးမင်ကြောင်ထိုးကြရာတွင်အထိန်းအမှတ်အဖြစ် ထိုးနှံခြင်း ၊အလှအပအဖြစ် ထိုးနှံခြင်း၊စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။

Monday, May 16, 2016

ကျွန်တော်နဲ့ခေါင်းဆောင်မှု



ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

ကျွန်တော်ဟာ စီးပွားရေးပညာကို လေ့လာဆည်းပူးသူတစ်ယောက်ဖြစ်ပြီး စီမံခန့်ခွဲမှုပညာကို အထူးပြုခဲ့သူဖြစ်ပါတယ်။ အခုလို စီမံခန့်ခွဲမှုပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမယ့် ခေါင်းဆောင်မှုပညာနဲ့ မနီးစပ်ခဲ့ပါဘူး။ တစ်ခုတော့ရှိပါတယ်။ ငယ်ငယ်တုန်းကတော့ ဖခင်လုပ်သူရဲ့ စာအုပ်တွေကိုတော့ ဖတ်ခွင့်ရခဲ့တယ်။ သူကစစ်သားပီပီ ဒုတိယက္ဘာစစ်က ထင်ရှားတဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ စစ်ခေါင်းဆောင်တွေရဲ့ အတ္ထုပ္ပတ္တိတွေကို စုဆောင်းခဲ့တယ်။ ဒီစစ် ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေဟာ အလွန်ကို စိတ်ဝင်စားစရာတွေဖြစ်လို့ ကျွန်တော် အငမ်းမရဖတ်ခဲ့ပါတယ်။ နာမည်ကြီး ဗိုလ်ချုပ်ကြီးမွန်ဂိုမာရီ၊ စလင်း၊ အိုက်တင်ဟာဝါ၊ ကလပ်တို့ရဲ့ စစ်ရေးအတွေ့အကြုံတွေဟာ အင်မတန်မှ မှတ်သား ဖွယ်ရာတွေဖြစ်တယ်။ သူတို့ဟာ အောင်မြင်မှုတွေကိုသာ ဖော်ပြတာမဟုတ်ဘဲ အားနည်းချက်တွေကိုလည်း မညှာမတာ ဖော်ထုတ်ခဲ့ကြတယ်။ အတုယူစရာ ကောင်းတဲ့အချက်တစ်ခုက အထောက်အထားတွေဖြစ်တယ်။