Friday, October 29, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာအလုပ်သမားတဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

 


မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲ့ဒေါင့်(ဝ်)ရပ်ကွက် ဘန်းမဲ့ဒေါင်အုပ်စု ၃ရှိ ကြံခင်းအနီးတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၃၅ ဦးကို အဖွဲ့ပေါင်းစုံပါဝင်သည့် လုံခြုံရေးအဖွဲ့က အောက်တိုဘာလ၂၉ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၂၇ဦး အဖမ်းခံရ

 

မြန်မာနဲ့ထိုင်းနိုင်ငံ တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များပိတ်ထားသဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၃၇ ဦးအောက်တိုဘာလ ၂၇ ရက်နေ့က ပကျွတ်ခီလီခမ်းခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် ဖမ်းမိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။


သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၅နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်  မီ(င်)နယ်မြေ ခွန်းခါးရပ်ကွက် လိုင်းခေလာတွင် မြန်မာအလုပ်သမား၂၂ ဦး ( ကျား ၇ ၊ မ ၁၅ ) နှင့် ည ၁၀ နာရီအချိန်တွင် ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေ ဘန်းကောင်ရပ်ကွက် ဖုနံမ့်မလွန်တွင် မြန်မာအလုပ်သမား ၁၅ဦး (ကျား ၃၊ မ၁၂ ) အသီးသီးဖမ်းဆီးရမိကြောင်းသိရသည်။

Thursday, October 28, 2021

ပကျွတ်ခီလီခမ်တွင် မြန်မာအလုပ်သမား ၂၇ ဦးအဖမ်းခံရ

 

တဦးလျှင် ပွဲစားခ ဘတ်ငွေ ၁၈၀၀၀ ပေးပြီး စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၂၇ဦး ( ကျား ၁၅ ၊ ၂ ) တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅နာရီအချိန့်တွင်ပကျွတ်ခီလီခမ်ခရိုင် ၊ မီ(င်)နယ်မြေ ကော့လပ်ရပ်ကွက် ဘန်နွန်ခမ်အုပ်စုတွင် ဒေသဆိုင်ရာအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏သတင်းထုတ်ပြန်ခဲ့သည်။

ဖခင်ဖြစ်သူ တိမ်းရှောင်သွားပြီးနောက် ကျန်ရစ်သော နာမကျန်းဖြစ်နေသည့် ရက်သားအရွယ် သားငယ်နှင့် မိခင်တို့ ထိုင်းတွင် အကူအညီ လိုအပ်နေ

 


အောက်တိုဘာ ၂၇ ၊ ဘန်ကောက် ၊ အလုပ်သမားဟစ်တိုင်

ဖခင်ဖြစ်သူ တိမ်းရှောင်သွားပြီးနောက် ကျန်ရစ်သော နာမကျန်းဖြစ်နေသည့် ရက်သားအရွယ် သားငယ်နှင့် မိခင်တို့ ထိုင်းနိုင်ငံတွင် အကူအညီ လိုအပ်နေကြောင်း အလုပ်သမားသံအရာရှိရုံးထံက သတင်းရရှိသည်။

ဖြစ်စဥ်မှာ ထိုင်းနိုင်ငံ၊ ဝက်လက်ခင်အနီးရှိ မိခင်တစ်ဦးမှာကလေးမွေးပြီး ၄ ရက်အကြာတွင် ဆေးရုံဆင်း ခွင့်ရသော်လည်း ကလေးတွင် မွေးရာပါ ရောဂါပါ လာသဖြင့် ဝက်လက်ခင်ဆေးရုံမှ နကော့ပထုံဆေးရုံသို့ ပြောင်းရွှေ့ ကုသစေခဲ့ပြီး မိခင်အား ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်စီစီချိုသည် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်း ၉ နာရီ အချိန်တွင် အလုပ်သမား သံအရာရှိရုံးသို့ဖုန်းဆက်ကာ ကလေးကို တွေ့ချင်ကြောင်း၊ ဝက်လက်ခင်ဆေးရုံတွင် ဘတ် ၁၇၀၀၀ ခန့် ကုန်ကျခဲ့ပြီး လက်ရှိတွင် ငွေမရှိကြောင်း၊ ကလေးပြန်လည်ထုတ်ယူခွင့် ရရှိလိုကြောင်း ဆက်သွယ် အကူအညီတောင်းခံလာသည်ဟု သိရသည်။

Wednesday, October 27, 2021

“နယ်စပ်ဖြတ်ကျော်ပြီး Sai Yok ကို တရားမဝင်ဝင်ရောက်လာတဲ့ အလုပ်အကိုင်ရှာဖွေသူတွေ ရာနှင့်ချီရှိလာ”

Sai Yok ခရိုင်အတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၁) ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် ခရိုင်အတွင်းမှာ တစ်ရက်အတွင်း ဖမ်းဆီးခံရသူ (၂၆၀) ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ အလုပ်ရှာဖွေသူအုပ်စု (၄)မှာ အမျိုးသား (၃၆) ဦးနဲ့ အမျိုးသမီး (၃၅) ဦးတို့ကို ဖူဖရာ သို့မဟုတ် မူး ၄ ရွာအနီးမှာရှိတဲ့ tambon Si Mongkhon မှာ ညနေ ၅ နာရီခန့်က အာဏာပိုင်တွေ လှည့်ကင်းလှည့်နေချိန်မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က‌ပြောပါတယ်။ အဆိုပါ အလုပ်ရှာဖွေသူတွေဟာ တောလမ်းကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြတာဖြစ်ပါတယ်။

Tuesday, October 26, 2021

ကန်ချနဘူရီခရိုင်တွင် တရက် မြန်မာအလုပ်သမား ၂၆၀ အဖမ်းခံရ

 

အောက်တိုဘာ ၂၅ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ  အောက်တိုဘာလ ၂၅ ရက်နေ့တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆၀ ဦးထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ချင်းမိုင်းတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သဖြင့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာလ ၂၅ ရက်နေ့တွင် ချင်းမိုင်ခရိုင် ဖန်(င်)နယ်မြေ မဲ့ငွန်ရပ်ကွက်တွင်တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦး ( ကျား၇၊ မ ၁၇ ) ကလေးငယ်၂ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Monday, October 25, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများထပ်မံအဖမ်းခံရ

တရားဝင်နယ်စပ်ဖြတ်ကျော်ခွင့်များပိတ်ထားသဖြင့် ထိုင်းနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရသဖြင့် ယနေ့ နံနက် ၈နာရီအချိန်ခန့်တွင် ထပ်မံဖမ်းဆီးခံရကြောင်းသိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ လာကြသည့် မြန်မာအလုပ်သမား ၁၄ ဦး (ကျား ၁၀ ၊မ ၄ ) နှင့် ခေါ်ဆောင်သူ ထိုင်းနိုင်ငံသား ၂ ဦးတို့ကို ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ လူးစူ(မ်)ရပ်ကွက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရေနောက်ထဲ၌ ငါးကိုမမြင်နိုင်


နောက်ကျူ၍ ပေါက်ပင်ခတ်နေသော ရေအိုင်ထဲ၌  ငါးတို့သည် ရှိနေကြကုန်၏။ ခရု ယောက်သွား ကျောက်စရစ်ခဲ စသည်တို့သည်လည်းရှိနေကြကုန်။ ယင်းသို့ ရှိနေကြသည်သာဖြစ်သော်လည်း ၎င်းတို့ကိုမမြင်ရပေ။ အကြောင်းမူကားရေအိုင်သည် နောက်ကျူလျက် ရေပြင်သည်လည်း မတည်မငြိမ် လှိုင်း ခတ်နေ သောကြောင့်ပေတည်း။

အကယ်၍  ထိုရေအိုင်သည် ကြည်လင်လျက် လှိုင်းပေါက်ပက်မခတ်ဘဲတည်ငြိမ်၍ နေပါမူကား ငါးတို့ကို ကောင်းစွာမြင်နိုင်ရာ၏။ ခရု-ယောက်သွား-ကျောက်စရစ်ခဲ စသည်တို့ကိုလည်း ကောင်းစွာမြင်နိုင်ရာ၏။ဤဥပမာဖြင့် နောက်ကျုသောစိတ်နှင့် ကြည်လင်သောစိတ်ကိုနှိုင်းယှဉ်၍ သိနိုင်ပေသည်။

မြန်မာနိုင်ငံသား ၁၂၀ဦး ထပ်မံအဖမ်းခံရ

 

ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ ဆီလီမုံခွန်ရပ်ကွက်အနီးရှိ တောတွင်တနေရာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  ၁၂၀ ဦး ( ကျား  ၆၅ ၊ မ ၅၅ )တို့ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရနောင်းခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမားများအဖမ်းခံရ

 


အောက်တိုဘာ ၂၅ ၊ ရနောင်း ၊ အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ ရနောင်းခရိုင် လအူ(န်)မြို့နယ် မှ ချွန်ဖော်ခရိုင် စဝီမြို့နယ်သို့ ဦးတည်းမောင်နှင်းလာ ကား ၄စီးပေါ်တွင်လိုက်ပါလာသည့် တရားမဝင်မြန်မာအလုပ်သမား ၄၄ဦး (ကျား ၃၅ ၊ မ ၉ ) ပွဲစားနှင့် ယာဉ်မောင်းများအပါဝင်စုစုပေါင်း ၅၀ ဦးတို့ကို ယနေ့တွင် ထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။