Thursday, October 28, 2021

ပကျွတ်ခီလီခမ်တွင် မြန်မာအလုပ်သမား ၂၇ ဦးအဖမ်းခံရ

 

တဦးလျှင် ပွဲစားခ ဘတ်ငွေ ၁၈၀၀၀ ပေးပြီး စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားရောက်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၂၇ဦး ( ကျား ၁၅ ၊ ၂ ) တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅နာရီအချိန့်တွင်ပကျွတ်ခီလီခမ်ခရိုင် ၊ မီ(င်)နယ်မြေ ကော့လပ်ရပ်ကွက် ဘန်နွန်ခမ်အုပ်စုတွင် ဒေသဆိုင်ရာအာဏာပိုင်များကဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏သတင်းထုတ်ပြန်ခဲ့သည်။


သတင်းပြန်ချက်တွင် အဆိုပါမြန်မာအလုပ်သမားများသည် ထားဝယ် ၊ မြိတ်၊မော်လမြိုင်နှင့်ပဲခူးမြို့နယ်များမှဖြစ်ကြောင်းနှင့် အလုပ်သမားများကို ကိုယ်ပူချိန်စစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်ရန် ပကျွတ်ခီလီခမ် ၊ မီ(င်)နယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။