မြန်မာနဲ့ထိုင်းနိုင်ငံ တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များပိတ်ထားသဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်အလုပ်သွားလုပ်ကြမည့် မြန်မာအလုပ်သမား ၃၇ ဦးအောက်တိုဘာလ ၂၇ ရက်နေ့က ပကျွတ်ခီလီခမ်းခရိုင်နှင့် ကန်ချနဘူရီခရိုင်တွင် ဖမ်းမိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၅နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင် မီ(င်)နယ်မြေ ခွန်းခါးရပ်ကွက် လိုင်းခေလာတွင် မြန်မာအလုပ်သမား၂၂ ဦး ( ကျား ၇ ၊ မ ၁၅ ) နှင့် ည ၁၀ နာရီအချိန်တွင် ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေ ဘန်းကောင်ရပ်ကွက် ဖုနံမ့်မလွန်တွင် မြန်မာအလုပ်သမား ၁၅ဦး (ကျား ၃၊ မ၁၂ ) အသီးသီးဖမ်းဆီးရမိကြောင်းသိရသည်။
ဆက်လက်ပြီး ဖမ်းဆီးခံရသူများသည် ဘန်ကောက်မြို့ စမွတ်ပရာကန်ခရိုင်နှင့် စမွတ်ဆာခွန်ခရိုင်တို့တွင် အလုပ်သွားကြမည်ဖြစ်ပြီး ပွဲစားခ တဦးလျှင် ဘတ်ငွေ ၁၇၀၀၀ မှ ၂၀၀၀၀ အထိပေးရကြောင်းနှင့်မြန်မာနိုင်ငံ ပဲခူး၊ မော်လမြိုင် ၊ နေပြည်တော် ၊မကွေးနှင့်ရန်ကုန်မြို့နယ်များဖြစ်ကြကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် အလုပ်သမားများကို ကိုယ်အပူချိန်တိုင်းခြင်း ကိုဗစ်စစ်ဆေးခြင်းများပြုလုပ်ပြီးနောက်တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်ရန် နယ်မြေခံရဲစခန်းများသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။