Thursday, July 25, 2013

**. တောက်ခေါက်သံ { ၁၀ } ချက် **


{ ၁ } ငယ်စဉ်ကလျှင် ပညာ သင်
မသင်နောင်တ တောက်ခေါက်ရ ။

{ ၂ } စီးပွားဥစ္စာ ရှာချိန်မှာ
မရှာနောင်တ. တောက်ခေါက်ရ ။

{ ၃ } နှစ်ဦးချစ်ခြင်း. ဖြိုဖျက်ခွင်း
မယွင်းနောင်တ. တောက်ခေါက်ရ ။

Sunday, July 21, 2013

လူ့တန်ဖိုးရှိမှ လူပီသမယ်


လူသားတွေမှာ တန်ဖိုးရှိတယ် ။ လူ့တန်ဖိုးရှိမှ လူပီသမယ်။ လူ့တန်ဖိုး မရှိရင် လူဖြစ်ပါလျှက် တိရစ္ဆာန် မခြား ဖြစ်နေမှာပေါ့။ ဆိုကြစတမ်းဆိုရင် တချို့လူတွေဟာ လူ့တန်ဖိုး မရှိကြဘူး။ လူ့တန်ဖိုးမရှိပေမယ့် ပကာသန လောကကြီးမှာ တွင်ကျယ်နေခွင့်သာ ကြတယ်။ဒါဖြင့် လူ့တန်ဖိုးဆိုတာဘာလဲ ၊လူမှာပြင်ပ တန်ဖိုးရှိတယ်။ အတွင်း တန်ဖိုးလည်း ရှိတယ်။ ပြင်ပ တန်ဖိုး ဆိုတာ ရုပ်ပစ္စည်းဥစ္စာ တွေကောင်းတဲ့  ဘ၀အခြေအနေ တွေပါပဲ။အတွင်းတန်ဖိုး မရှိတဲ့ သူဟာ အပြင်တန်ဖိုးကုန်ဆုံး     ပျောက်ပျက်သွားရင် “အလကားလူ” လို့ခေါ်စရာ   အဖြစ် ကိုရောက်သွားနိုင်တယ်။ ရောက်လည်းေ၇ာက်သွားတာပဲ။