Tuesday, April 29, 2014

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်-အခန်း( ၃ )



     ပိန်ကျုံသာ အသပြာအိတ်ပြည့်တင်းလာစေမည့် နည်းလမ်းခုနှစ်သွယ်


ဘေဘီလုံ၏ ခမ်းနားကြီးကျယ်ပုံဂုဏ်သတင်းသည် ယနေ့ခေတ်သို့တိုင် ပျံ့နံှ့ကျော် ကြားခဲ့၏။ မြို့တကာ့မြို့တို့တွင် အချမ်းသာအကြွယ်ဝဆုံးမြို့ အဖြစ် ခေတ်အဆက် ဆက်ပြောစမှတ်ပြုခဲ့သည်။ဘေဘီလုံ၏ ဓနဥစ္စာတို့သည် အံ့ချီးမကုန်အောင် ရှိခဲ့သည် ။ သို့သော်အမှန်စင်စစ် ဘေဘီလုံသည် အစဉ်မပြတ် ကြွယ်ဝချမ်းသာနေသည်ကား မဟုတ်ပေ။ ဘေဘီလုံ၏ကြွယ်ဝမှုသည် သူ့မြို့သူ/သားနိုင်ငံသားတို့ ဓနဥစ္စာ ကြွယ် ဝခြင်းကြောင့်သာဖြစ်သည်။ ချမ်းသာကြွယ်ဝမလာမီကမူ သည်ပုဂ္ဂိုလ်များ သည်လည်း ဓနဥစ္စာရှာဖွေရေးနည်းပညာများ လေ့လာသင်ကြားခဲ့ကြရပေသည်။


တရံရောအခါက ဘေဘီလုံတွင် ဆာဂွန်ဘုရင်စိုးစံသည်။ ဆာဂွန်သည် ပြည်သူများကို ရင်ဝယ်သားကဲ့သို့ချစ်ခင်သည့် တရားသောမင်းဖြစ်သည်။ဆာဂွန်သည် ရန်သူတော် အီလန်မိုက်တို့အားတိုက်ခိုက်နှိမ်နင်းပြီးနေပြည်တော်သို့ပြန်လည်ရောက်ရှိသည့်အခါ အရေးကြီးသောအခြေအနေတစ်ရပ်နှင့် ကြုံတွေ့ရသည်။

ရွှေတိုက်စိုးဝန်ကြီးက သူ့အားဤသို့ ရှင်းလင်းတင်ပြသည်။

“'အရှင်မင်းကြီး လက်ထက်စောစော ပိုင်းကာလမှာဆည်ချောင်း ကန်မြောင်းတွေ 

ဖောက်၊ဘုရားကျောင်း ကန်ဗိမာန် တော်တွေဆောက်တာကြောင့် တိုင်းသူပြည်သား သူဆင်း ရဲများ အလုပ်အကိုင်ရကြပြီးစားဝတ်နေရေးပြေလည်ခဲ့ပါတယ်၊ ဒါပေမယ့် အခု အခါ ဒီလုပ်ငန်းကြီးတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် သာမန်လုပ်သားတွေ အလုပ် လက်မဲ့ဖြစ်ကုန်ကြပါတယ်။ သူတို့မှာ ဝင်ငွေမရှိတဲ့အခါ ကုန်သည်ဈေးသည်တွေ အရောင်း အဝယ်ကျဆင်းခဲ့ပါတယ်၊လယ်သမားယာသမားတွေရဲ့ ထုတ်ကုန် ပစ္စည်း

တွေ လည်း   ရောင်းမထွက်တော့ပါဘူး၊ ပြည်သူ အများစုဟာစားရေ ရိက္ခာ ဝယ်ယူ ဖို့တောင် မတတ် နိုင်လောက်အောင် ဆင်းရဲမွဲတေနေကြပါတယ်။'

“'တိုင်းပြည်တဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ ရွှေတိုက်တော်က ထုတ်ယူသုံးစွဲခဲ့တဲ့ ဘဏ္ဍာတော်ငွေတွေကဘယ်သူတွေလက်ထဲရောက်ကုန်ကြလို့လဲ'” လို့ ဘုရင်မင်းမြတ်ကမေးသည်။

'“မြို့တော်မှာရှိတဲ့ ချမ်းသာသူလူတစ်စုရဲ့လက်ထဲ ရောက်သွားပါတယ်ဘုရား၊ နို့စစ် ပိတ်ပါးထဲက နို့ရည်တွေ စီးယိုကျသွားသလို တိုင်းသူပြည်သား လူအများရဲ့ လက်ထဲ ကိုရောက်ခဲ့တဲ့ ရွှေစငွေစတွေဟာ သူတို့လက်ကြားတွေက ထွက်ကျပြီး သူကြွယ် တစ်စုဆီမှာ သွားစုဝေးနေကြပါတယ်၊အခုတော့ ရွှေတိုက်တော်က ရွှေစငွေစစီးထွက်မှုရပ်တန့်သွားတာကြောင့် အများပြည်သူတွေမှာ တစ်ခဏကိုင်ထားဖို့တောင် ဘာရွှေ တိုငွေစမှ မရှိကြတော့ပါဘူး။'”

ရွှေတိုက်စိုး၏ လျှောက်တင်စကားကို နားထောင်ကာ ဘုရင်မင်းကြီးအတန်ကြာ ငေး ငိုင်တွေဝေသွားသည်။ သည့်နောက်သူမေးသည်။ 

“'ဘာကြောင့် ဒီလူတစ်စုက ဓနဥစ္စအားလုံး သိမ်းကျုံးရယူသွားနိုင်ကြတာလဲ'”

'“သူတို့က နည်းလမ်းသိကြလို့ပါ၊ အရှင်မင်းကြီး 'ရွှေတိုက်စိုးကြီး က ဖြေသည် ။ 



“'သူတို့ ဘာသာနည်းလမ်း သိကြလုပ်တတ်ကိုင်တတ်ကြလို့ အောင်မြင်တာကို အပြစ်တင်လို့တော့ မဖြစ်ဘူးပေါ့ ၊သူ့ဘာသာ တရားသဖြင့်ရှာဖွေ ရရှိထားတာဖြစ် လေတော့ သူ့ဆီကဥစ္စာကိုသိမ်းယူပြီး မရှာတတ်မဖွေတတ်လို့ မရကြတဲ့အခြား ပုဂ္ဂိုလ်များဆီ ခွဲဝေပေးဖို့ဆိုတာလည်း မလုပ်သင့်တဲ့ကိစ္စဖြစ်နေတယ်'”

“'ဒီလိုဆိုရင် စီးပွားဥစ္စာမရှာတတ်တဲ့ လူတွေကို ရှာတတ်ဖွေတတ်လာအောင် သင်ကြားပေးဖို့ကော မဖြစ်နိုင်ဘူး လား၊ နည်းလမ်းသိသွားပြီဆိုတဲ့အခါမှာ သူတို့ ဘာသာ ချမ်းသာကြွယ်ဝလာအောင် ရှာကြလိမ့်မပေါ့'”.. .ရှင်ဘုရင်ကဆိုသည်။

“'ဒါတော့အများကြီးဖြစ်နိုင်ပါတယ် အရှင်မင်းကြီး၊ ဒါပေမယ့်သူတို့ကို ဘယ်သူက သင်ပေးမှာတုန်း၊ အသိပညာတွေသင်ကြားပို့ချနေကြတဲ့ ဆရာဘုန်းကြီးတွေ လည်း  ငွေရှာ တဲ့အတတ်ကိုတော့ မတတ်ကြဘူး'”


“'ဒါဖြင့် ဒီမြို့မှာ ငွေရှာတတ်တဲ့အလုပ်ကို အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲ၊ အဲဒီ လူကို ရှာပေါ့ရွှေတိုက်စိုးကြီးရဲ့”

“'မှန်ပါ ငွေရှာအကျွမ်းကျင်ဆုံးပုဂ္ဂိုလ်ကတော့ အချမ်းသာဆုံးပုဂ္ဂိုလ်ထဲကဖြစ်ရမှာဘဲ 

အရှင်မင်းကြီး'”

“'အေးလေ ဒါဆိုရှင်းနေပြီဘဲ၊ အာခတ်ပဲပေါ့၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ အာခတ်မဟုတ်လား၊ မနက်ဖြန် အာခတ်ကို နန်းတော်ခေါ်လိုက်ပါ။'”

နောက်နေ့၌ ဘုရင့်အမိန့်တော်အတိုင်း ရွှေနန်းတော်သို့အာခတ်ရောက်လာသည်။ အာခတ်က အသက်(၇ဝ)ရှိပြီ။သို့သော် အရွယ်နှင့်မလိုက်အောင် ကျန်းမာရွှင်လန်း ဆဲဖြစ်သည်။ ခါးပင်နည်းနည်းလေးမှ မကိုင်းသေး။ 

'“အာခတ် မင်းဟာဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ အမှန်ဘဲလား”' 

ရှင်ဘုရင်ကမေးသည်။

“'ဒီလိုပဲ ပြောဆိုနေကြပါတယ် အရှင်မင်းကြီး'”

“'မင်းဘယ်လိုနည်းနဲ့ချမ်းသာလာခဲ့တာလဲ'”

“မှန်ပါ၊ဘေဘီလုံမြို့တော်မှာ လူတိုင်းရယူနိုင်တဲ့အခွင့်အရေးတွေကို ယူပြီးတော့ ချမ်းသာခဲ့တာပါ'”

“'နဂိုမူလက မင်းမှာဘာမှမရှိဘူးပေါ့'”


 “'အလွန်ပြင်းပြတဲ့ ချမ်းသာချင်စိတ် တစ်ခုဘဲရှိခဲ့ပါတယ်၊ဒီ့အပြင်တော့ ဘာမှမရှိပါဘူး'

“အာခတ် တို့နေပြည်တော်ကြီးဟာ ဒီကနေ့မသာမယာဖြစ်နေတယ်၊ ဖြစ်ရတဲ့ အကြောင်း အရင်းကတော့ အများပြည်သူတွေ အကြံဉာဏ်မရှိလို့ ဆင်းရဲမွဲတေနေ တယ်၊ဓနဥစ္စာရှာတတ်တဲ့ လူတစ်စုကဘဲ ရှိသမျှ ဓနငွေကြေးတွေကို လက်ဝါးကြီး အုပ်သိမ်းချုပ်ပြီး ချမ်းသာနေကြ တယ်၊ငါကိုယ်တော်မြတ်ရဲ့ဆန္ဒက ဘေဘီလုံဟာ ဒီကမ္ဘာမှာ အချမ်းသာအကြွယ်ဝ  ဆုံး မြို့တော်ကြီးဖြစ်စေချင်တယ်၊ အဲဒီလိုဖြစ်ဖို့ အတွက် မြို့မှာ ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေအခုထက်မက အများကြီးရှိရမယ်။ ဒီလိုရှိ လာအောင်မြို့က ပုဂ္ဂိုလ်တွေကို  ငွေရှာနည်းအတတ်ပညာတွေ တို့သင်ကြားပေးရ လိမ့်မယ်၊ ဒီမှာ အာခတ် ချမ်းသာ ကြွယ် ဝလာအောင် လုပ်တဲ့နည်းလမ်းတွေဆိုတာ တကယ် ရှိသလား၊အဲဒါတွေ သင်ကြားပေးလို့ကော ရနိုင်သလား'”

“'နည်းလမ်းတွေက တကယ်ရှိပါတယ် အရှင်မင်းကြီး၊ပြီးတော့ လူတစ်ယောက်တတ် ထားတဲ့ ပညာဆိုတာလည်း တခြားလူကို သင်ကြားပေးလို့ရစမြဲပါ၊””ရှင်ဘုရင်မျက်နှာ က တောက်ပကြည်လင်သွားသည်။


““အာခတ်၊ငါကြားချင်တဲ့စကားကို မင်းပြောလိုက်တာပဲ၊တိုင်းပြည်ရဲ့အရေးကိစ္စမှာ မင်းပါဝင်ထမ်းရွက်မယ်ပေါ့၊ ကောင်းတယ်၊ ပထမဦး ဆုံး ကျောင်းဆရာတစ်စု ကို ခေါ် လိုက်မယ်၊ မင်းရဲ့အတတ်ပညာတွေကို သူတို့ကိုအရင်သင်ပေးပါ ၊သူတို့ကမှ တဆင့်နောက်ထပ်သင်တန်းတွေ ဆင့်ကဲဆင့်ကဲပေးသွားကြလိမ့်မယ်၊ ငါ့နိုင်ငံတော်မှာ အသိဉာဏ်ပညာရှိသူ၊ စိတ်အားထက်သန်သူမှန်သမျှ ဒီပညာသင်ခွင့်ရကြဖို့ ငါလို လားတယ်'”

အာခတ်က ရှင်ဘုရင်အား အရိုအသေပြုခစားရင်း ဆက်လက်လျှောက်တင်သည်။ 

'“အရှင်မင်းကြီးရဲ့ အမိန့်တော်မြတ်အတိုင်း ထမ်းရွက်ပေးဖို့အသင့်ပါဘုရား၊ကျွန်တော် မျိုးမှာရှိတဲ့ ဓနဥစ္စာရှာဖွေနည်းအတတ်ပညာတွေကို ကိုယ့်နိုင်ငံသား ညီနောင်သားချင်း များရဲ့ဘဝအဆင့်မြင့်မားရေးနဲ့ အရှင်မင်းမြတ် ဘုန်းကျက် သရေတိုးတက်ရေး အတွက်  ဝမ်းမြောက်ဝမ်းသာ ဖြန့်ချီဝေငှပါမယ်၊ ရွှေတိုက်စိုးကြီးကိုသာ ကျွန်တော်မျိုး အတွက် သင်တန်းသားတစ်ရာနဲ့ခန်းမတစ်ခုစီစဉ်ပေးဖို့မိန့်ကြားပေးတော်မူပါ၊ တရံရောအခါက ဘေဘီလုံမှာ အပိန်ကြုံဆုံးဖြစ်တဲ့ ကျွန်တော်မိုျးရဲ့ငွေအဿပြာအိတ်ကိုဖောင်း တင်းပြည့်ကားလာအောင် လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းခုနှစ်သွယ်ကို သင်ကြားပြသပေးပါ့မယ်'”

နောက်ရက်သတ္တနှစ်ပတ်ခန့်ကြာသည့်အခါ ဘုရင်မင်းမြတ်၏အမိန့်တော်အတိုင်း ဆရာအာခတ်သင်ကြားပို့ချမည့်  ဓနသင်တန်းကို အထူးရွေးချယ်ထားသောသင်တန်း သားတစ်ရာဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ နေရာက ဘေဘီလုံပညာဗိမာန် အဆောက် အဦးရှိ ခန်းမကြီးတစ်ခုထဲတွင် ဖြစ်သည်။ စက်ဝိုင်းခြမ်း ပုံခုံတန်း များ မှာ နေရာယူ ထားကြသည့် ဓနသင်တန်းသားများရှေ့တွင် အာခတ်ထိုင်လျှက်ရှိပြီ။ သူ့အနီးခုံမြင့် တစ်လုံးပေါ်တွင် အမွှေးနံ့သာများ ပူဇော်ထွန်းညှိထားသည့် မီးခွက်ကလေးတစ်ခုမှ 
မီးခိုးငွေ့များ လွင့်ပျံလျက်ရှိသည်။

“'အဲဒါ ဘေဘီလုံမှာ အချမ်းသာဆုံးဆိုတဲ့ပုဂ္ဂိုလ်ပဲကွ'”သင်တန်းသားတစ်ယောက်က  အနီးရှိအဖော်အား တီးတိုးပြောနေသည်။ 

“'ရုပ်ရည်ကတော့ တို့တတွေနဲ့ဘာမှ မခြားနားဘူး'”

ထိုစဉ်ပဲ အာခတ်သူ့နေရာမှထ လာပြီး စကားစတင်သည်။

'“ဘုရင်မင်းမြတ်ရဲ့ သစ္စာရှိကျေးကျွန်ပီသစွာ ကျွန်တော်ဒီနေရာကိုလာပြီးတာဝန်ထမ်း ဆာင်ခြင်းဖြစ်ပါတယ်၊


ကျွန်တော်ငယ်စဉ်က ဆင်းရဲပါတယ်၊ သို့သော် ချမ်းသာချင်တဲ့ဆန္ဒတော့ အင်မတန်ပြင်းပြခဲ့တယ်၊ အဲဒီနောက်မှာတော့ ချမ်းသာကြွယ်ဝလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေ အသိပညာ တွေ ကျွန်တော်ရရှိပြီး တကယ်လည်းချမ်းသာအောင် ကြိုးစားလုပ်ကိုင်နိုင်ခဲ့ပါတယ်၊ 
အခုဘုရင်မင်းမြတ်က ကျွန်တော်ရဲ့ အဲဒီအသိပညာတွေ  နည်းနာတွေကို ခင်ဗျားတို့ ဆီ ဖြန့်ချီပေးပါလို့ အမိန့်တော်ရှိထားပါတယ်၊ ဒီနေရာမှာ ဦးစွာပထမ ပြောချင်တာက ကျွန်တော်စီးပွားဥစ္စာတွေကို အရိုးသားဆုံး အကျိုးနွံ ဆုံးနည်းလမ်း မျိုးနဲ့ ရှာခဲ့ခြင်းဖြစ် ပါတယ်ဆိုတဲ့အချက်ပါ၊ ခင်ဗျားတို့အပါအဝင် ဘယ်ဘေဘီလုံမြို့သားထက်မှ ကျွန်တော် အခွင့်အရေးတစ်စုံတစ်ရာ ပိုမရခဲ့ပါဘူး၊ ကျွန်တော်ရဲ့ဓနဥစ္စာတွေကို သိုေ လှာင်ခဲ့တဲ့ ပထမဆုံးဘဏ္ဍာတိုက်က ပိုက်ဆံအိတ်ဟောင်းတစ်ခုပါ၊ အဲဒီပိုက်ဆံ အိတ်ဟာ အမြဲဟောင်းလောင်းဖြစ်နေတော့ ဒီအိတ်ကို ကျွန်တော်စိတ်ညစ်ပါတယ်၊ 

ဒီအိတ်ကြီး ဘယ်တော့ဖောင်းလာမလဲ၊ ဒီအိတ်ထဲက ရွှေသံအချွင်ချွင် ဘယ်တော့ကြားရမလဲ၊ကျွန်တော်အမြဲတမ်းတတယ်၊ပိန်နေတဲ့အသပြာအိတ်တစ်အိတ် ဖောင်းတင်းလာစေမယ့် ဘယ်လိုနည်းလမ်းတွေရှိသလဲ ကျွန်တော်အမြဲလိုက်ရှာတယ်၊ အဲဒီလိုရှာ ရင်း နဲ့ နောက်ဆုံးမှာ ကျွန်တော် စုစုပေါင်း နည်းလမ်းခုနှစ်သွယ်သွားတွေ့ပါတယ်'”

“'အခု ကျွန်တော်ရှေ့မှာ စုဝေးရောက်ရှိနေတဲ့ ခင်ဗျားတို့ကို ဒီနည်းလမ်းတွေကျွန်တော်  တင်ပြမယ်၊ ဓနဥစ္စာရှာဖွေလိုတဲ့ ဘယ်ပုဂ္ဂိုလ်မဆို အသုံးပြုနိုင်တဲ့နည်း လမ်းတွေ ပါ၊ နည်းလမ်းခုနှစ်သွယ်ကို တစ်နေဖကနည်းလမ်းတစ်သွယ်စီ ကျွန်တော် ခုနှစ် ရက်တိတိဆက်တိုက်ရှင်းပြသွားပါမယ်၊ ဂရုစိုက်နားထောင်ပေးကြပါ၊ ပြီးတော့ ကျွန်တော့် ကို ငြင်းခုံဝေဖန်ပါ၊ ခင်ဗျားတို့အချင်းချင်းလည်း ဆွေးနွေးကြပါ၊ ဒီသင်ခန်း စာတွေ နည်းလမ်းတွေကို ကျေကျေညက်ညက်နားလည်သွားပြီဆိုရင် ခင်ဗျားတို့ အသပြာအိတ်ထဲမှာ ဓနမျိုးစေ့တွေချမိပြီပဲ၊ ဒီသင်ခန်းစာတွေ ရပြီးတဲ့နောက် ခင်ဗျား တို့ကိုယ်တိုင် ဒီနည်းနာတွေကို ကျွမ်းကျင်လိမ္မာစွာ အသုံးချပြီး ဓနဥစ္စာတွေတဖြည်း ဖြည်း စုဝေးမိအောင်လုပ်ဆောင်ကြပါ၊ ကိုယ်တိုင်ကျင့်သုံးအောင် မြင်ပြီဆိုမှ ခင်ဗျား တို့ဟာ သူတစ်ပါးကို ချမ်းသာကြွယ်ဝရေး နည်းလမ်းတွေဖြန့်ဖြူးးပေးဝေဖို့ အဆင် သင့်ဖြစ် လိမ့်မယ်၊'”

“'အဲဒီတော့ ပထမဆုံး ကျွန်တော်ခင်ဗျားတို့အိတ်တွေဖောင်းလာစေမယ့် နည်းလမ်းတွေကို အရိုးစင်း အရှင်းလင်းဆုံး ပြောပါ့မယ်၊ဒါက တကယ်ကြီးကျယ်တဲ့ ဓနဗိမ္မာန် ကြီး တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ပါ၊အခြေခံအုတ်မြစ်ခိုင်မာမှ အပေါ် ကိုဆက်တက်လို့ရပါလိမ့်မယ်၊အဲဒီအခြေခံအုတ်မြစ်အတွက် ပထမဆုံး အုတ်ချပ်၊ သို့ မဟုတ်ပိန်ကြုံသာ ပိုက်ဆံအိတ် ဖောင်းတင်းလာစေရေးအတွက် ပထမဆုံးနည်း လမ်း က


         အသပြာအိတ်ပြည့်တင်းလာစေမည့် အခြေခံ ပထမနည်းလမ်း

အာခတ်က ထိုင်ခုံဒုတိယတန်းတစ်နေရာမှာ ထိုင်နေသည့် လေးနက်ပုံရသော ပုဂ္ဂိူလ် တစ်ယောက်ကို အရင်ဆုံးလှမ်း မေးသည်

 “'သူငယ်ချင်း၊ ခင်ဗျား ဘာအလုပ်လုပ်သလဲ'”

 “'ကျွန်တော်စာကူးစာရေးပါ၊ရွံှ့စေးပြာတွေမှာ စာထွင်းတဲ့အလုပ်ကို လုပ်ပါတယ်' 

“'ဟာ အဲဒါကျွန်တော်ပထမဆုံး လုပ်ခဲ့ဘူးတဲ့အလုပ်ပဲ၊ ဒါဆို ခင်ဗျားမှာ ချမ်းသာဖို့ 

အခွင့် အလမ်းဟာ ကျွန်တော်နဲ့အတူတူလောက်ရှိတယ်'”

နောက်ဘက်ပိုင်းတစ်နေရာရှိ မျက်နှာနီနီနှင့် လူတစ်ယောက်ကိုအာခတ်မေးပြန်သည်။

 “ခင်ဗျားကော စားဝတ်နေရေး အတွက် ဘာအလုပ်လုပ်သလဲဗျာ'”


“'ကျွန်တော်သားသတ်လုပ်ငန်းလုပ်ပါတယ်၊ဆိတ်မွေးတဲ့လူတွေဆီ က ဆိတ်တွေ ဝယ်ပြီးအသားကို အိမ်ရှင်မတွေဆီ ရောင်းတယ်၊သားရေကို ဖိနပ်ချုပ်သမားတွေဆီ သွားသွင်းရပါတယ်'”


“'ခင်ဗျားအလုပ်ကလည်း ဝင်ငွေရတဲ့အလုပ်ဆိုတော့ ကျွန်တော့်နည်း တူချမ်းသာ ကြွယ်ဝနိုင်တဲ့ အခွင့်အရေးရှိပါတယ်'”


ထိုနည်း၎င်းပင် အာခတ် အခြားသော သူများကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဆက်၍မေးသည်၊မေးမြန်းပြီး သည့်အခါ၌ သူကစကားစတင်သည်။

“'ကဲတပည့်တို့ လောကကြီးမှာ လူတွေဝင်ငွေရရှိနိုင်တဲ့ နည်းလမ်းတွေဘယ်လောက်ပေါများလဲဆိုတာ အခုခင်ဗျားတို့မြင်တွေ့ခဲ့ရပြီ၊ အဲဒီနည်းလမ်း သို့မဟုတ် လုပ်ငန်း မှန် သမျှဟာ လူတွေဆီကို စမ်းရေစီးသလို စီးဆင်းလာနေတဲ့ ရွှေဒင်္ဂါးတန်း၊ငွေဒင်္ဂါး တန်းတွေပဲ၊ အလုပ်လုပ်တဲ့လူတိုင်းဟာ ဒီစီးကြောင်းထဲက အသပြာ ကို ကိုယ့်အိတ် ထဲမြောင်းသွယ်လို့ ရသလောက် သွယ်ယူနေကြတဲ့ သဘောပါပဲ၊ တစ်နည်းပြော ရရင် အလုပ်လုပ်တဲ့ လူတိုင်းရဲ့ ပိုက်ဆံအိတ်ထဲကို အသပြာစီး ကြောင်း တစ်ခုမပြတ် စီးဝင်နေတယ်လို့ ကျွန်တော်တို့မြင်နိုင်တယ်၊ ဟုတ်တယ်မလား'” သင်တန်းသား အားလုံးက ဟုတ်ကြောင်းဖြေကြသည်။


'“ကောင်းပြီ၊ လူတိုင်းမှာ အသပြာစီးကြောင်းတစ်ခုရှိတယ်ဆိုရင် ချမ်းသာချင်တဲ့ လူ တစ်ယောက်ဟာ သူ့မှာရှိပြီးသား ခိုင်မာပြီးသားဖြစ်တဲ့ အဲဒီဝင်ငွေစီးကြောင်းကိုပဲ အခြေခံပြီး မကြံစည် မကြိုးစားသင့်ဘူးလား'”

သည်အချက်ကိုလည်း သင်တန်းသားများ သဘောတူညီကြသည်။

သည်နောက် အာခတ်က ကြက်ဥကုန်သည်ဟုဆိုသော ပုဂ္ဂိုလ်အားမေးသည်၊

  “'ခင်ဗျားကြက်ဥတောင်းတစ်လုံးထဲကို နေ့စဉ် မနက်ပိုင်းမှာ ကြက်ဥဆယ်လုံး ထည့် မယ်၊ ညနေပိုင်းမှာ ကိုးလုံးပြန်ထုတ်ယူမယ်ဆိုပါတော့၊ ကြာရင်ဘာဖြစ် လာမလဲ'”


“'တောင်းထဲမှာ ကြက်ဥတွေပြည့်လာမှာပေါ့'”

'ဘာကြောင့်လဲ'

“'နေ့တိုင်း ဒီတောင်းထဲကို ကြက်ဥတစ်လုံးစီ ဖြည့်ပေးသလို ဖြစ်နေတာကိုး'“

သည်အခါ အာခတ်က အတန်းသာများအားလုံးကို ပြုံး၍ကြည့်ပြီး ပြောသည်။ 

“'ခင်ဗျားတို့အထဲမှာ ပိုက်ဆံအိတ်ပိန်နေတဲ့ လူတွေရှိသလား'”

ပထမ သူတို့ပြုံးသည်။ ထို့နောက်ရယ်ကြသည်၊ အဲသည်နောက်မှာ ပြားချပ်နေသော သူတို့ပိုက်ဆံအိတ်တွေကို ဝှေ့ရမ်း ပြကြသည်။


“'ဟုတ်ပြီ၊ အခုကျွန်တော် ခင်ဗျားတို့ကို အဲဒီပိန်နေတဲ့ပိုက်ဆံအိတ်တွေ ကို ပြည့်ဝ လာစေမယ့်ဆေးနည်းတစ်ခုပေးမယ်၊ အဲဒါက ဘာလဲဆိုတော့ စောစောက ကြက်ဥ ကုန်သည်ကို ကျွန်တောပြောခဲ့တဲ့အတိုင်း လုပ်ဖို့ပဲ၊ခင်ဗျားတို့ပိုက်ဆံအိတ်ထဲကို ပိုက်ဆံဆယ်ပြားဝင်ရင် ကိုးပြားကိုထုတ်သုံးပါ။ တစ်ပြားကို ချန်ထားပါ၊ အဲဒီ နည်း စနစ်ကို စတင်ကျင့်သုံးတာနဲ့ တပြိုင်နက် ခင်ဗျားတို့ ပိုက်ဆံ အိတ်တွေဖောင်းစပြု လာပါလိမ့်မယ်၊ အိတ်ထဲမှာ ရွှေစ ငွေစတွေနဲ့လေးလံလာတာနဲ့အမျှ ခင်ဗျားတို့စိတ်ချမ်းသာမှု ရလာလိမ့်မယ်၊ ကိုယ့်ကိုယ်ကို ကျေနပ်အားရမှု ရှိလာကြလိမ့်မယ်၊'

ကျွန်တော်ပြောတဲ့နည်းလမ်းတွေက လွယ်ကူလွန်းအားကြီးတဲ့အတွက် ခင်ဗျားတို့ အ ထင် မသေးကြပါနဲ့၊ မလှောင်ကြ မရယ်ကြပါနဲ့၊ အမှန်တရားဆိုတာတွေဟာအမြဲ တမ်း အဲသလိုရိုးစင်းတယ်၊ ရှင်းလင်းလွယ်ကူတယ်၊ ခင်ဗျားတို့ကို ကျွန်တော်ဘယ်ပုံ ဘယ်နည်း ချမ်းသာခဲ့တယ်ဆိုတဲ့အကြောင်း ပြောပြမယ်လို့ ကတိပေးခဲ့တယ်၊ချမ်းသာ ဖို့အတွက် ကျွန်တော်ပထမဆုံးစတင်ခဲ့တာ ဒီနည်းလမ်းပဲ၊ နဂိုတုန်းကကျွန်တော် ပိုက်ဆံအိတ်လည်း ပိန်ကပ်ပြားချပ်နေခဲ့တာပေါ့၊ ကျွန်တော့်အလိုဆန္ဒတွေ ဘာတစ်ခု မှ ဖြည့် ဆည်းမပေးနိုင်ခဲ့တဲ့ အဲဒီအိတ်ကြီးကို ကျွန်တော်အမြဲ ကျိန်ဆဲနေခဲ့ တာ  ၊ ဒါပေမယ့် အဲဒီအိတ်ထဲကို ပိုက်ဆံဆယ်ပြား ထည့်ပြီးရင် ကိုးပြားပဲ ထုတ်သုံးစွဲတဲ့ စနစ်ကို လက်တွေ့ကျင့်သုံးတတ်လာပြီးတဲ့နောက်မှာ ကျွန်တော့အိတ်တဖြည်း ဖြည်းဖောင်း လာခဲ့တယ်၊ခင်ဗျားတို့လည်း အဲဒီအတိုင်းကျင့်သုံးမယ်ဆိုရင် ကျွန်တော့် နည်းတူဖြစ်မှာပဲ။

“'ဒီနေရာမှာ ထူးဆန်းတဲ့အချက်တစ်ခု ကျွန်တော်ပြောရဦးမယ်၊ ဘာကြောင့် ဒီလိုဖြစ် သလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး၊ အဲဒါကဘာလဲဆိုတော့ အိတ်ထဲ ဝင် လာတဲ့ ဆယ်ပြားထဲက ကိုးပြားကိုသာထုတ်သုံးပေမယ့် ကျွန်တော် အရင်ကထက် အသုံးအစားကြပ်မသွားတဲ့ အကြောင်းပါ၊ နဂိုမူလအနေ အထိုင်ထက် လျော့ပါးမသွား ဘူး၊နောက်တစ်ချက်က ဒီနည်းစနစ်ကျင့်သုံးပြီး များမကြာမီမှာဘဲ အိတ်ထဲကို ငွေကြေးတွေ အရင်ထက် အလွယ်တကူဝင်လာတယ်၊ ဒါကတော့ ဘုရားသခင်ရဲ့ အလိုတော်ဘဲလို့ ကျွန်တော်ဆိုချင်တယ်၊ ရသမျှငွေကို ကုန်အောင်မသုံးဘူး၊တစိတ် တပိုင်းချန်ထားတတ် စုဆောင်းတတ်တယ် ဆိုတဲ့လူဆီ ကို ငွေတွေ ဟာ ရှောရှော ရှူရှူ ဝင်လာလေ့ရှိတယ်၊ ဝင်သမျှငွေကို အကုန်သုံးတဲ့ ပိန်ကုံျသောအိတ်နဲ့လူမျိုးကိုတော့ ရတနာရွှေငွေတွေဟာ ရှောင်ဖယ်သွားလေ့ရှိတယ်၊ဒါကျွန်တော်ကိုယ်တွေ့ဘဲ၊'”


'“အဲဒီတော့ ခင်ဗျားတို့ဘယ်အရာကို လိုချင်တောင့်တကြမလဲ၊ စားကောင်းသောက် ဖွယ်တွေ၊ ဝတ်ကောင်း စားလှတွေ၊ အဆောင်အယောင် အဆင်တန်ဆာတွေ၊ တစ်ဒင်္ဂ တစ်ခဏသုံးပြီး   ပျောက် ပျက်ကုန် ဆုံးသွားမယ့် ဟာတွေလား၊ဒါမှမဟုတ် စိန်ရွှေ ရတနာ၊ မြေယာ၊ သိုးဆိတ်ကွဲျနွားနဲ့ တခြားဝင်ငွေတိုးပွားမယ့်လုပ်ငန်း ရင်းနှီးမြှုပ်နံှမှု တွေလား၊ အိတ်ထဲကထုတ်သုံးလိုက်တဲ့ငွေတွေက ပထမအမျိုးအစား လိုအင်ဆန္ဒတွေ အတွက် ဖြစ်လိမ့်မယ်၊ အိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ဟာတွေကတော့ ဒုတိယ အမျိုး အစားပစ္စည်းတွေ ပိုင်ဆိုင်ရရှိစေလိမ့်မယ်'”


“'ကျွန်တော်ပေးချင်တဲ့ ပထမသင်ခန်းစာကဒါပါပဲ၊ ပိန်ကြုံနေတဲ့ ကျွန်တော့်အသပြာ အိတ် ပြည့်တင်းလာအောင် အားဖြည့်ပေးခဲ့တဲ့ ပထမဆုံးဆေးညွှန်းက အိတ်ထဲထည့် လိုက်တဲ့ ပိုက်ဆံဆယ်ပြားမှာ ကိုးပြားကိုပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့်ခန်းပဲ၊ အဲဒီအချက်   မမှန်ဘူးလို့ ယူဆလို့ရှိရင် မနက်ဖြန်ကျတော့ ကျွန်တော့်ကိုပြောပါ၊ ကျွန်တော် တို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့၊ ဒီနေ့အဘို့တော့ ဒါလောက်ပါပဲ။'”