Wednesday, March 11, 2015

အဝေးရောက်သူတို့ရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ


Byအေးမြကျော်၊။On Wed, 2015-03-04 11:49 Issue No.အတွဲ (၁၄)၊ အမှတ် (၁)

ထိုင်းဘုရင်မင်းမြတ်ဘူမိဘောနှင့် မိဖုရားသီရိခေတ်တို့ ဓာတ်ပုံများ ချိတ်ဆွဲထားသည့် အခန်းငယ်အတွင်း အဖြူနှင့်အညို ကျောင်းဝတ်စုံကို တူညီစွာဝတ်ဆင်ထားသည့် ကလေးငယ်များ စာအံနေကြသည်။
ပါးပြင်ထက်တွင် သနပ်ခါးများ လိမ်းကျံထားသည့် တတိယတန်း ကျောင်းသားတစ်ဦး က ဦးဆောင်ကာ အခန်းတွင်းမှ ကလေးငယ်များက ပထမတန်း မြန်မာဖတ်စာမှ ‘‘ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေ သည်’’ဆိုသည့် စာပုဒ်ကို ထပ်ကျော့ကာ ရွတ်ဆိုနေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ‘‘ဗမာပြည်အသေးစား’’ဟုပင် တင်စားခေါ်ဆိုကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု အလုပ်လုပ်ရာ ဆမွတ်စမွန်ခေါ် မဟာချိုင်မြို့ တစ်နေရာရှိ မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်း၏ တစ်ခန်းတည်းသော စာသင်ခန်း ငယ်တွင် သူတို့ ပညာသင်ကြားနေကြသည်။ မြန်မာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ထိုကျောင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးငယ် သုံးဆယ်ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။