Thursday, December 09, 2021

ထိုင်းနိုင်ငံထဲ တရားမဝင်ရွှေ့ပြောင်းသွားလာရသဖြင့် ယခုနှစ်အတွင်း မြန်မာအလုပ်သမား ၆ ဦး သေဆုံးခဲ့ရ


တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲဝင်ရောက်လာကြတဲ့မြန်မာအလုပ်သမား ၈၅ဦး ( ကျား၄၆ ၊ မ ၃၉ ) တို့ကို မြန်မာနဲ့ထိုင်းနှစ်နိုင်ငံနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင် ၊ မေ(င်)မြို့နယ်တွင်ဒီဇင်ဘာလ ၈ရက်နေ့ နံနက် ၂နာရီမှ ည ၁၀ နာရီအတွင်း  ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။


အဆိုပါနေ့၌ပင်  တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးတို့ကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစီးကိုသက်ဆိုင်ရာတာဝန်ရှိသူများက မသင်္ကာလို့ ကားကိုတားဆီးရာ အရှိန်ဖြင့်မောင်းနှင်ထွက်ပြေးခဲ့ရာ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်  ဖိုင်ခွယ်မီးပွိုင့်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာမြန်မာလုပ်သား ၃ဦးသည် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးပြီး ၄ဦးဒဏ်ရာပြင်းထန်းစွာရရှိခဲ့သည်။

Sunday, December 05, 2021

ပိန်းရွက် ကပေးတဲ့ ကျန်းမာရေး

 


ပိန်းရွက်ကို စားလို့ရတဲ့ အကြောင်းကိုတော့ ဆောင်းပါးလေး တစ်ပုဒ်ရေးပြီး ပြောထားပြီးသားပါ။ ဘေးကင်းအောင် ဘယ်လို စားရမလဲဆိုတာကိုရောပေါ့။ ဒီ တစ်ခေါက်တော့ ပိန်းရွက် က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းလဲဆိုတာကို ပြောပြပေးသွားပါမယ်။


ပိန်းရွက် ဆိုတာက

ပိန်းရွက် လို့ ပြောလိုက်ရင် မသိသူက ခပ်ရှားရှားပါ။ အကြောင်းကတော့ ပိန်းပင်က အလေ့ကျ ပေါက်ပင် တစ်မျိုးဖြစ်ပြီး တွေရ မြင်ရလွယ်လို့ပါ။ မမြင်ဖူးသူတွေကို မြင်သာအောင် ပြောပြရရင် ပိန်းရွက်ဆိုတာကအရွက်က အစိမ်းရောင် ခပ်ဖားဖား ရှိပါတယ်။ အရိုးက အစိမ်းရယ် အနီရယ်ဆိုပြီး ကွာပါတယ်။

ဒါကိုမှ ပိန်းစိမ်းရယ် ပိန်းနီရယ်ဆိုပြီး ခွဲခြား ခေါ်ဝေါ်တာပါ။ ပိန်းစိမ်းက ရိုးတံရော ရွက်ကြောလေးတွေပါ အစိမ်းရောင်ပါ။ ပိန်းနီကတော့ ရိုးတံနဲ့ ရွက်ကြောလေးတွေက အနီရောင်ပါ။ ခရမ်းရောင်ဘက်တောင် နည်းနည်းလုပါတယ်။