၂၀၁၉ မတ် ၁၆ ၊ မဟာချိုင်၊အလုပ်သမားဟစ်တိုင်
မူးယစ်ဆေးဝါးသတင်းရရှိချက်အရ ထိုင်းအာဏာပိုင်များသည် စမူဆာခွန်ခရိုင် မီ(င်)နယ်မြေ
မဟာချိုင်ရပ်ကွက် အုပ်စု(၄) စုခါဖိဘန်လမ်း မဟာချိုင်ဈေးအနီး တိုက်အမှတ် (337/3) ၃ထပ်
တိုတ်တစ်ခုကို(၁၅.၃.၂၀၁၉)ရက်နေ့က ၀င်ရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
ထိုသို့ဝင်ရောက်စစ်ဆေးရာတွင် တိုက်ပထမအထပ်တွင် နေထိုင်သည့် ထိုင်းအမျိုးသမီး
Miss. Rassamee (or) Pa Phatal(၄၄)နှစ်ထံမှ ရေခဲ(၃၉.၈)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး(၅၀)လုံး၊
လက်ကိုင်ဖုန်း(၁)လုံး၊ မူးယစ်ဆေးဝါးရောင်းချမှုမှတ်တမ်းစာအုပ်(၁)အုပ်တို့နှင့်အတူဖမ်း
ဆီးရမိကြောင်းသိရသည်။



