Monday, October 12, 2026

ထိုး၊ ရိုက်၊ ဆဲ၊ မဟုတ်မမှန်ပြောခြင်း —ထိုင်းဥပဒေအရ ဘယ်လိုအမှုဖြစ်နိုင်သလဲ

           

နေ့စဉ်ဘဝမှာ စကားများရာကနေ ဆဲဆိုတာ၊ မဟုတ်မမှန် စွပ်စွဲတာ၊ တွန်းတာ၊ ပါးရိုက်တာ၊ လက်သီးနဲ့ထိုးတာအထိ ဖြစ်လာတတ်ပါတယ်။

ဒါပေမယ့် “သူက အရင်ဆဲလို့ ထိုးလိုက်တာ”၊ “မဟုတ်မမှန်ပြောလို့ ရိုက်လိုက်တာ” ဆိုတာနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု အပြစ်မရှိတော့တာ မဟုတ်ပါဘူး။

ဆဲဆိုမှု၊ အသရေဖျက်မှုနဲ့ ထိုး၊ ရိုက်မှုတွေဟာ ဥပဒေအရ သီးခြားပြစ်မှုတွေ ဖြစ်နိုင်ပါတယ်။

တွန်း၊ ထိုး၊ ရိုက်ပေမယ့် ဒဏ်ရာမပြင်းရင် — ပုဒ်မ ၃၉၁

တဖက်လူကို ရည်ရွယ်ပြီး အင်အားသုံးတိုက်ခိုက်ပေမယ့် ကိုယ်ခန္ဓာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာဖြစ်တဲ့အဆင့် မရောက်ဘူးဆိုရင် ပုဒ်မ ၃၉၁ သက်ဆိုင်နိုင်ပါတယ်။

မဲဆောက်က မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦး အမှုနိုင်၊ လျော်ကြေးငွေ ဘတ် ၁ သိန်း ရရှိ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရှိ အထည်စက်ရုံတရုံတွင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ ဦးသည် လုပ်ငန်းရှင်ကို တရားစွဲ၍ အောက်တိုဘာ ၇ ရက်တွင် အမှုနိုင်ခဲ့ပြီး လျော်ကြေးငွေ ဘတ် ၁ သိန်း ရရှိခဲ့သည်။ လုပ်ငန်းရှင်ဘက်က လုပ်အားခ မပေးဘဲ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခဲ့သည့် အမှုဖြစ်သည်။

အလုပ်သမားများသည် အလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံး (ဆဝါဒီကန်) သို့ ဇန်နဝါရီ ၁၃ ရက်တွင် တိုင်ကြားခဲ့သည်။ ဆဝါဒီကန်က မတ်လတွင် ထုတ်ပြန်သော အမိန့်စာဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ရှေ့နေအကူအညီဖြင့် အလုပ်သမားတရားရုံးအထိ ဆက်လက်ရင်ဆိုင်ခဲ့ရသည်။ အောက်တိုဘာ ၇ ရက် သုံးကြိမ်မြောက် စစ်ဆေးမှုတွင် အလုပ်သမား ၅ ဦးစလုံး အမှုနိုင်ပြီး ထိုနေ့မှာပင် လုပ်ငန်းရှင်က လျော်ကြေးငွေ ပေးဆောင်ခဲ့ရသည်။

Sunday, October 11, 2026

နီပေါတွင် မြေပြိုဆည် ပေါက်ကွဲပြီး ရုတ်တရက်ရေကြီး၊ တံတား ၄ စင်းနှင့် အိမ်ခြေ ၃၀ ကျော် မျောပါ


နီပေါနိုင်ငံအလယ်ပိုင်း ဘူဒီဂန်ဒါကီ မြစ်ဝှမ်းဒေသမှာ ယနေ့ (အောက်တိုဘာ ၁၁ ရက်) နံနက် ၄ နာရီခန့်က ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် တံတားတွေ၊ နေအိမ်တွေနဲ့ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခု ပျက်စီးသွားခဲ့ပါတယ်။

ကက်တမန္ဒူမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ဂေါ်ရခါခရိုင် ချွမ်နူဘရီကျေးရွာအနီးမှာ မြေပြိုကျရာကနေ မြစ်ကြောင်းပိတ်ဆို့သွားပြီး မြစ်အောက်ပိုင်းကို ရေတွေ ဒလဟော ဆင်းလာတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။