“ကြာစိ (ကြာစေ့) ယူအုန်မလာ အစ်ကို” …..
“ကြာစိ (ကြာစေ့) ဝယ်အုန်မလာ အစ်မ” ….
နေပူကြဲထဲ လမ်းလျှောက်ရင်း မရဲတရဲ အသံနဲ့ သမီး လိုက်မေးပါတယ် ။ တချို့က မိသားစု နဲ့ ၊ တချို့ က သူငယ်ချင်းမိတ်ဆွေတွေနဲ့ အကြော်တွေ၊ မုန့်တီတွေ မှာစားကြ ၊ ပျော်ပျော်ပါးပါး စကားတွေပြော လိုက်ကြ ၊ ရယ်မောပျော်ရွှင်လိုက်ကြ နဲ့ သမီး နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းပေါ့ ။ သမီးလေး သူတို့ကို အားကျလိုက်တာလေ ….