Saturday, October 23, 2021

အစိုးရအလုပ်ရှင်အလုပ်သမားတို့အတွက် အခက်ခဲတွေ့ရသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြဿနာ


တဦးလျှင်ထိုင်းနိုင်ငံသုံးငွေနှစ်သောင်းပေးပြီး တရားမဝင်လမ်းကြောင်းမှတဆင့်ဝင်ရောက်လာသည့်မြန်မာအလုပ်သမား ၇ ဦး ( ကျား၅ ၊ မ ၂ ) တို့သည် ယမန်နေ့တွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရကြောင်းသိရသည်။

Thursday, October 21, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်နေရသဖြင့် မြန်မာအလုပ်သမားများနေ့စဉ် အဖမ်းခံနေရ၊ တာဝန်ရှိသူများထူးခြားသည့်ဆောင်ရွက်ချက်များ ယနေ့ထိမရှိ

အောက်တိုဘာ ၂၁ ၊ စိုင်ယိုး ၊ အလုပ်သမားဟစ်တိုင်

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ တရားဝင်နိုင်ငံနယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များ ပိတ်ပင်ထားသဖြင့် တရားမဝင်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံထဲအလုပ်သွားရောက်အလုပ်လုပ်မည့် မြန်မာအလုပ်သမား ၂၈ ဦး (ကျား ၉ ၊မ ၁၉ ) နှင့် ယာဉ်မောင်း ၁ဦးနှင့်အတူ  အောက်တိုဘာလ ၂၀ ရက်နေ့ကကန်ချနဘူရီခရိုင်၊ စိုင်ယိုးနယ်မြေ၊ ပွန်းတီးရပ်ကွက် ပွန်းတီးလန်းနေရာတွင် ထပ်မံအဖမ်းခံရကြောင်းသိရသည်။


Monday, October 18, 2021

မြွေပူရာ ကင်းမှောင့်ရှာတဲ့ မြန်မာအလုပ်သမားများဘဝ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ စမွတ်ဆာခွန်ခရိုင်များတွင် အလုပ်သွားလုပ်ကြမည့် မြန်မာနိုင်ငံသား ၂၃ ဦး (ကျား ၁၂ ၊ မ ၁၁ )ကို ယနေ့ မွန်းတည့် ၁၂နာရီခွဲခန့်တွင်ကျန်ချနဘူရီခရိုင် စိုင်းယို့နယ်မြေ ဘွန်းတီးရပ်ကွက်အတွင်းရှိ တောစပ်တနေရာတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရကြောင်းသိရပါတယ်။

Sunday, October 17, 2021

သူကောင်းဖြစ်ဖို့တရွာပြောင်းကာမှ သေချင်တဲ့ကျား တောပြောင်းသလိုဖြစ်နေတဲ့ မြန်မာအလုပ်သမားများ



ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်တွင် အလုပ်သွားလုပ်ကြမည့် မြန်မာနိုင်ငံ ထားဝယ်ခရိုင်၊ မြိတ်မြို့နယ်၊ပုလောမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ လာကြသည့် မြန်မာနိုင်ငံသား၅၈ ဦး ( ကျား ၂၁ ၊၃၇ )နှင့် ခေါင်းဆောင် ၁ ဦးတို့ကို  အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈နာရီနဲ့ ည ၁၁ နာရီအချိန်တို့တွင် ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်းခရိုင်  မီ(င်)နယ်မြေ၊ အောင်နွဲ့ရပ်ကွက်တွင် ဒေသဆိုင်ရာအာဏာပိုင်များက တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။


ကလေးငယ်၁ဦးအပါဝင် မြန်မာနိုင်ငံသား၁၅ဦး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့်အဖမ်းခံရ


ထိုင်းနိုင်ငံ ဖူးကတ်၊ ဆူရတ်ဌာနီ ချွန်ဖော်နှင့် စမွတ်ဆာခွန်ခရိုင်တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ဖို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသား ၁၅ ဦး (ကျား ၁၀ ၊ မ ၄ ) နှင့် ကလေးငယ် ၁ဦး (မ) တို့ကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ရနောင်းခရိုင်မီ(င်)နယ်မြေ ပါနန်ရပ်ကွက် အုပ်စု ၃ တွင် ရနောင်းခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် တာဝန်ရှိသူများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား ( ၁၅ ) ဦးတွင်  (၁၂ )ဦးသည် တရားဝင်စာရွက်စာတမ်းများရှိပြီး ကျန် ၂ ဦးသည် အထောက်ထားမဲ့များဖြစ်ကြောင်းသိရသည်။