Saturday, October 23, 2021

အစိုးရအလုပ်ရှင်အလုပ်သမားတို့အတွက် အခက်ခဲတွေ့ရသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြဿနာ


တဦးလျှင်ထိုင်းနိုင်ငံသုံးငွေနှစ်သောင်းပေးပြီး တရားမဝင်လမ်းကြောင်းမှတဆင့်ဝင်ရောက်လာသည့်မြန်မာအလုပ်သမား ၇ ဦး ( ကျား၅ ၊ မ ၂ ) တို့သည် ယမန်နေ့တွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရကြောင်းသိရသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်တွင် သွားရောက်အလုပ်လုပ်ကိုင်ကြမည့်အဆိုပါ မြန်မာအလုပ်သမားများသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှလာကြပြီး ထိုင်းနိုင်ငံဘက်ခြမ်း ကန်ချနဘူရီခရိုင် စိုင်ယိုးနယ်မြေ ဘွန်းတီးရပ်ကွက် အုပ်စု ၃  ဘန်းထိုက်မီ(င်)တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်ကဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့  အလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအနေဖြင့် ဖမ်းဆီးခြင်းမှတပါး အခြားနည်းလမ်းမရှာဘဲ နှုတ်ဆိတ်နေခြင်းသည် အားလုံးအတွက် အနှုတ်လက္ခဏာဆောင်ခြင်းဖြစ်ကြောင်းအလုပ်သမားရေးဆောင်ရွက်သူများက ထောက်ပြပြောဆိုထားပါသည်။

News Score|Mgronline