အောက်တိုဘာ ၂၁ ၊ စိုင်ယိုး ၊ အလုပ်သမားဟစ်တိုင်
မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ တရားဝင်နိုင်ငံနယ်စပ်ဖြတ်ကျော်အလုပ်လုပ်ခွင့်များ ပိတ်ပင်ထားသဖြင့် တရားမဝင်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံထဲအလုပ်သွားရောက်အလုပ်လုပ်မည့် မြန်မာအလုပ်သမား ၂၈ ဦး (ကျား ၉ ၊မ ၁၉ ) နှင့် ယာဉ်မောင်း ၁ဦးနှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့ကကန်ချနဘူရီခရိုင်၊ စိုင်ယိုးနယ်မြေ၊ ပွန်းတီးရပ်ကွက် ပွန်းတီးလန်းနေရာတွင် ထပ်မံအဖမ်းခံရကြောင်းသိရသည်။
ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှ လာကြသူများဖြစ်ပြီး စမွတ်ဆာခွန်ခရိုင်၊ နခွန်ပထုန်ခရိုင်နှင့် ပထုန်ဌာနီခရိုင်များတွင် အလုပ်သွားလုပ်မည်သူများဖြစ်ကြောင်းသိရသည်။
မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင်လမ်းကြောင်းများမှ တဆင့်အလုပ်သွားရောက်လုပ်ကိုင်ရန် ကြိုးစားရာမှ ယခုလိုအဖမ်းဆီးခံရမှုများနေ့စဉ်နီးပါးဖြစ်ပွားနေသော်လည်း တာဝန်ရှိသူများအနေဖြင့် ယခုဖြစ်စဉ်များကို ဖြေရှင်းရန် ထူးခြားသည့် ဆောင်ရွက်ခြင်းများ မရှိသည်ကို တွေ့ရပါသည်။
#အလုပ်သမားဟစ်တိုင်