Saturday, October 13, 2018







Friday, October 12, 2018

အလုပ်သမားသံအရာရှိရုံး မှ အလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ အသိပေး ခြင်း



၁။ ထိုင်းနိုင်ငံ၊ စမုစာခွန်ခရိုင် ၊ မဟာချိုင် ရှိ AAC ဂေဟာအား ထိုင်းအာဏာ ပိုင်ရဲတပ်ဖွဲ့မှ ၁၀-၁၀-၂၀၁၈ ရက်နေ့တွင် ၀င်ရောက်စစ်ဆေး ရှာဖွေခဲ့ကြောင်း online သတင်းများအရ သိရှိခဲ့ရပါသည်။

၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးမှ စမုစခွန်ရဲစခန်းသို့ ၀င်ရောက်စစ်ဆေးရသည့် အကြောင်းအရင်းနှင့် အရေးယူဆောင်ရွက်မည့် အခြေအနေအား ပြန်ကြားပေးပါရန် မေးမြန်းခဲ့ရာတွင် စခန်းတာဝန်ရှိသူမှ ၄င်းတို့စခန်းမှ တာဝန်ယူဆောင်ရွက်ရသည့် Case မဟုတ်ပါကြောင်း၊ နယ်မြေရဲစခန်းအား လုံခြုံရေး ဆောင်ရွက်ပေးရန်သာ ညွှန်ကြားထားပါကြောင်း ယင်း ကိစ္စနှင့်ပတ်သက်၍ နယ်မြေရဲစခန်းအနေဖြင့် Case အားသိရှိရပါက ပြန်ကြားပေး မည်ဖြစ်ပါကြောင်း၊ပြန်လည်ဖြေကြားခဲ့ပြီး၊အလုပ်သမားသံအရာရှိရုံးအနေဖြင့် ၄င်း အဆောက်အဦး တွင် မြန်မာ အလုပ်သမားများ ရှိနေကြောင်းသိရှိရပါ၍ နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည်များ ကူညီစောင့် ရှောက်ပေး နိုင်ပါရန်နှင့် အလုပ်သမားများနှင့် ပတ်သက်၍ အကြောင်း အရာတစ်စုံတစ်ခုရှိခဲ့ပါကလည်း အလုပ်သမားသံအရာရှိရုံးသို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်ပေး နိုင်ပါရန် ညှိနှိုင်းခဲ့ပါသည်။


Monday, October 08, 2018

ထိုင်းနိုင်ငံတောင်ပိုင်း၊ပကျွတ်ခရိုင် ရှိ Dole Thailand စက်ရုံ အလုပ်သမားရေးရာကိစ္စ



၁။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ ပကျွတ်ခရိုင်၊ DOLE Thailand အလုပ်ရုံမှ အလုပ်သမားများသည် ၂၈-၉-၂၀၁၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိဖုန်း (၀၉-၄၈၈၄၅၄၈၄) သို့ ဆက်သွယ်လာခဲ့ပြီး၊ ၎င်းတို့စက်ရုံမှ မြန်မာအလုပ်သမား ၁၀၀ ကျော်အား၊ စက်ရုံမှ အလုပ်ထုတ်ပစ်ခဲ့ကြောင်း ၊ အလုပ်ပြန် ဝင်ရောက်ရန်အတွက် စမတ် ကြေး ၃၅၀၀ ဘတ်ပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ စက်ရုံတွင် အလုပ်လုပ်ခဲ့သည် မှာနှစ်အတော် များများ ကြာပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့ပါသည်။



မြန်မာလုပ်သားတစ်ရာကျော်အား အလုပ်ထုတ်ခဲ့သော ထိုင်းသစ်သီးစက်ရုံကို သံရုံးက အမည်ပျက်စာရင်းသွင်း၍ အမှုဖွင့်

 ထိုင်းနိုင်ငံ ဟွေ့ဟင်မြို့ တွင် မြန်မာလုပ်သားတစ်ရာ ကျော်အား အလုပ်ထုတ်ပယ်သော ဒိုလီထိုင်းသစ်သီးစက်ရုံကို အမည်ပျက်စာရင်း သတ်မှတ်ပြီး အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်)၌ အမှုဖွင့်တိုင်ကြားထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦးက ပြောကြား သည်။

 ထိုင်းသစ်သီးစက်ရုံသည် မြန်မာလုပ်သား ၁၂၂ ဦးကို အ လုပ်ထုတ်ပယ်မှုနှင့် အလုပ်သ များ အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေကြောင်း တိုင်ကြားမှုကြောင့် မြန်မာသံရုံးနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန (ဆဝါဒီ ကန်)တို့ သွားရောက်စစ်ဆေးဖြေရှင်းရာ နှစ်ဖက်သဘောတူညီမှု မရ၍ ဒိုလီသစ်သီးစက်ရုံသို့ မြန်မာလုပ်သားများ စေလွှတ်ခြင်းမပြု ရန် မြန်မာသံရုံးက အမည်ပျက်စာရင်း သတ်မှတ်ခဲ့ကြောင်း ၎င်း ကပြောသည်။