Friday, August 14, 2020

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျနေသူ ၂ ဦး၊ တသက်တကျွန်းပြစ်ဒဏ်လျှော့


ထိုင်းဘုရင်ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် နှစ် ဦးကို တသက်တကျွန်းပြစ်ဒဏ် လျှော့ပေါ့လိုက်တဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။


ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းက မယ်တော် သီရိခက်ရဲ့ သက်တော် ၈၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ပေးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် နှစ် ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့လည်း ပါဝင်ခဲ့တာဖြစ်ကြောင်းထိုင်းနိုင်ငံ အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။

Thursday, August 13, 2020

ဘိန်းစာရွက်ပြုတ်ရည်ရောင်းချသူမြန်မာအလုပ်သမား၂ဦးဖမ်းဆီးခံရ



စမွတ်ဆာခွန်ခရိုင်ခရိုင်အုပ်ချုပ်ရေး၊ ခရိုင်ရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှုးအပါဝင် ပူးပေါင်းအဖွဲ့သည် ယနေ့(၁၃.၈.၂၀၂၀) ညနေ ၂နာရီအချိန်ခန့်တွင် ထပ်စိုင်မြို့နယ် ရပ်ကွက်(၄)၌ ဘိန်းစာရွက်ပြုတ်ရည်ရောင်းချနေသည့် မြန်မာအလုပ်သမားနှစ်ဦးကိုသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Newsource|#ทรงกลดสุขอาภรณ์

Tuesday, August 11, 2020

အထောက်ထာမဲ့မြန်မာအလုပ်သမားများဖမ်းဆီးရမိ


ပထုန်ဌာနီခရိုင် ပထုန်ဌာနီမြို့  ပေါ်ဖလပ်မြို့နယ် ရပ်ကွက်(၆)အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအား သတင်းရရှိချက်အရ ပထုန်ဌာနီခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့တပ်များအပါဝင် တာဝန်ရှိသူများကယနေ့(၁၁.၈.၂၀၂၀) ညနေ ၅နာရီအချိန်က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်း၌ မြန်မာအလုပ်သမားအလုပ်သမား ၂၁ဦး(ကျား ၁၄၊ မ၇)တို့ကို တွေ့ရှိကြောင်းသိရသည်။

၎င်းအလုပ်သမားများကို စစ်ဆေးခဲ့ရာ အထောက်မရှိဘူး ၁၇ဦး(ကျား ၁၁၊ မ၆)တို့ကိုဖမ်းဆီးရမိသဖြင့် ယင်းတို့ကို တရားမဝင်နေထိုင်မှုဖြင့်အရေးယူရန် နခွန်ပထုန်ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။