Friday, May 11, 2018

ထိုင်းလုပ်ငန်းရှင်မှ မြန်မာအလုပ်သမားများကိုလုပ်ခမရှင်းပေသည့်အပြင်အထောက်ထားများသိမ်းဆည်းမှုဖြစ်


ဘန်ကောက်၊ ၁၁.၅.၂၀၁၈| အလုပ်သမားဟစ်တိုင်

ပထုန်ဌာနီခရိုင် လန်စစ်မြို့နယ် စဖန်တန် ဆွယ်(၁၈)ရှိ ဆောက်လုပ်ရေးလုပ်သား ၁၈ဦး(အမျိုးသား၁၂ဦး၊အမျိုးသမီး၆ဦး)သည် တစ်လစာလုပ်အားခမရခြင်းနှင့် အလုပ်ရှင်ဖြစ်သူက စာရွက်စာတမ်းများသိမ်းဆည်းထားကြောင်းအလုပ်သမားများ၏ပြောကြားချက်အရသိရသည်

အဆိုပါ မြန်မာအလုပ်သမား ၁၈ဦးတို့သည် CIစာအုပ်နှင့် ပန်းရောင်ဘတ်ကိုင်ဆောင်ထားကြသည့်
အလုပ်သမားများအပြင် အထောက်အထားမဲ့အလုပ်သမားများလည်းပါဝင်ကြောင်းသိရပြီး အလုပ်သမား
တစ်ဦးလျှင်  ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၁၀၀၀ခန့်လုပ်အားခများကို အလုပ်ရှင်ထံမှရရှိမည်ဖြစ်ကြောင်းသိရသည်။


Thursday, May 10, 2018

ပင်လယ်စာ ထုတ်စက်ရုံ လုပ်ငန်းလည်ပတ်မှု ဘာကြောင့်ရပ်ဆိုင်ရသလဲ



လိပ်ကျွန်လူသက်မှုစုံစမ်းစစ်ဆေးရေးကော်မတီဝင် ဥပဒေအကြံပေး(Legal Adviser) ရှေ့နေ ဦးအောင်မျိုးသန့်က ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ခရိုင်ရှိ မြန်မာလုပ်သား ၂၀၀ ခန့် အလုပ်လုပ်နေသည့် ပင်လယ်စာ ထုတ်စက်ရုံ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်ရသည့်အခြေနေနဲ့ပက်သက်၍ ပြောကြားချက်ရုပ်သံ....


Wednesday, May 09, 2018

ထိုင်းနိုင်ငံ ရှိ ပင်လယ်စာထုတ်သည့်စက်ရုံပိတ်သိမ်းသဖြင့် မြန်မာအလုပ်သမား၂၀၀ခန့်အလုပ်လက်မဲ့ဖြစ်နေ





ဆူရတ်ဌာနီ၊ ၉.၅.၂၀၁၈

ထိုင်း နိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ဆူရတ်မြို့ အနီး ရှိ ပင်လယ်စာ ထုတ်စက်ရုံ(ဒေသအခေါ်) အမိုးနီးစက်ရုံ မှာ ပိတ်သိမ်းလိုက်သောကြောင့် ယင်းစက်ရုံ တွင် လုပ်ကိုင်နေသောမြန်မာ အလုပ်သမား ၂၀၀ ခန့် အလုပ်လက်မယ့် ဖြစ်နေကြောင်း သိရသည်။

အဆိုပါ စက်ရုံမှာ ဂျပန်နိုင်ငံသို့ ပင်လယ်စာများတင်ပို့နေသော စက်ရုံ ဖြစ်ကာ ဂျပန်နိုင်ငံ မှ ပင်လယ်စာ မှာ ယူမှု ရပ်ဆိုင်းလိုက်သောကြောင့် ယခုကဲ့သို့ စက်ရုံပိတ်သိမ်း လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။

   “အခုလ၃ရက်နေ့ မွန်လွဲ၂နာရီလောက်မှာ အလုပ်သမားတွေကို အစည်းဝေးခေါ်ပြီး ၅ရက်နေ့ကျရင်
စက်ရုံပိတ်မယ်ပြောတယ် အခုလိုစက်ရုံပိတ်မယ်ဆိုတာကြိုတင်အကြောင်းမကြားပဲ ပိတ်သိမ်းလိုက်လို့
ကျွန်တော်တို့မှာ အလုပ်အသစ်ရှာဖို့နဲ့အလုပ်သစ်မရခင်နေထိုင်စရာတွေအတွက်ပါ အခက်ခဲတွေရှိနေ
တယ်နောက်ပြီးကျွန်တော်တို့အလုပ်သမားတွေရသင့်ရထိုက်တဲ့ နစ်နာကြေးကိစ္စနဲ့ပက်သက်ပြီးတော့
လည်းအလုပ်ရှင်က ဘာမှမပြောဘူး” အဆိုပါစက်ရုံ၌ ၁နှစ်ခွဲခန့်အလုပ်လုပ်နေသည့် ကိုအောင်ဆန်းဝင်က
ဟုပြောသည်။

Sunday, May 06, 2018

ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီး မှတ်တမ်းဓာတ်ပုံ


ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ဖာ့ပဒဲန်းမြို့ ၊ဆုစဝပ်(၇၄)လမ်းရှိ ဝပ်ချုံကျောင်းတိုက်၌ မြန်မာအလုပ်သမားများစုပေါင်းတည်ထားကိုးကွယ်သည့် ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးသို့ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးနှင့်အဖွဲ့ ယနေ့ရောက်ရှိခဲ့သည့် မှတ်တမ်းဓာတ်ပုံ....

အဆိုပါ စေတီတော်ကြီးမှာ လိုအပ်ချက်များရှိနေပါသဖြင့် လက်ဆက်လှူဒါန်းကြပါအုန်းလို့နိဗ္ဗာန်အကျိုးမျှော်၍နှိူးဆော်တိုတ်တွန်းလိုက်ပါတယ်..