သနပ်ခါးဆိုတာ မြန်မာတို့ရဲ့ရိုးရာအလှအပဆိုင်ရာကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရှေးတုန်းကတည်းက ဒီကုန် ပစ္စည်းတွေရဲ့ဈေးကွက်က မြန်မာတစ်ပြည် လုံးမှာရှိနေခဲ့သလို ဒီနေ့ခေတ်ပြည်ပအလှကုန်ပစ္စည်းတွေ တနင့် တပိုးဝင်လာတဲ့အချိန်မှာတောင် သနပ်ခါးဈေးကွက်က ခိုင်ခိုင်မာမာရှိနေတုန်းဖြစ်ပါ တယ်။
ဒီနေရာမှာ သနပ်ခါးဈေးကွက်ဆိုရင် လူအများစုအနေနဲ့ "ရွှေပြည်နန်း" ဆိုတဲ့အမှတ်တံဆိပ်ကို ပြေးမြင်မိကြ မယ် ထင်ပါတယ်။ လက်ရှိဒီတံဆိပ်ဟာ ပြည်တွင်းဈေးကွက်မှာ အောင်မြင်နေရုံ သာမက ပြည်ပဈေးကွက် ကို ပါ ထိုးထောက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ရွှေပြည်နန်း သနပ်ခါးအနေနဲ့ သူ့ရဲ့ရပ်တည်မှုကို ဘယ်လိုတည်ဆောက် ခဲ့သလဲဆို တာသိနိုင်ဖို့ ဒီလမျက်နှာဖုံးဆောင်းပါးကနေ စီစဉ်တင်ဆက်ပေး လိုက်ပါ တယ်။
ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။ ။ B2B Magazine က စီးပွားရေး လုပ်ငန်းရှင်တွေကို အင်တာဗျူး လုပ်လေ့ရှိပါတယ်။ လုပ်ရတဲ့အကြောင်း ရင်းကလည်း အောင်မြင်တဲ့လူတွေကိုအားကျ စေချင်တာ၊ နမူနာ ယူစေချင် တာပေါ့။ အဲဒီတော့ဆရာတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကြည့်တဲ့ အခါ နိုင်ငံတော်ကို ပြောင်းချင်ရင် ပုဂ္ဂလိကစီးပွားရေးက အခြေခံပဲ။ အခုဆို ခေတ်တွေစနစ်တွေက ပြောင်းသွားပြီ။ အဲဒီအခါကျတော့ ပုဂ္ဂလိက လုပ်ငန်းမှာလုပ်တဲ့လူ တွေကို ဆရာက တစ်လတစ်ခါ Cover Story အနေနဲ့လုပ် တာပါ။ အဲဒီတော့ဆရာ ပထမဆုံး နည်းနည်း သိချင် တာကတော့ လုပ်ငန်းစခဲ့တဲ့နောက်ခံလေးကို နည်းနည်းပြောစေ ချင်ပါတယ်။