Monday, March 02, 2015

တောင်သူလယ်သမားနေ့


မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေ ခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက် ကျနောက်ကျဖြစ်ခံရသည်။ ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက် တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက် သို့ ရောက်သော အခါ
 တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည် ။ တောင်သူလယ် သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှော ဖလှယ် ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့ တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


Sunday, March 01, 2015

အောင်မြင်သူများမှာ ရှိကြသည့် ဗိုလ် ၅ ပါး


ဗိုလ်ဆိုတာ အမှန်တော့ ပါဠိသက် မြန်မာစကားပါ။ “ဗလ”ဆိုတဲ့ ပါဠိစကားကနေ ဗိုလ်လို့ ဖြစ်လာတာ။
အဓိပ္ပါယ်ကတော့ လိုရင်းဆိုရရင် “အား” သို့မဟုတ် “အစွမ်း”ပါပဲ။ ဗုဒ္ဓစာပေမှာတော့ ဗိုလ်နဲ့ပတ်သက်ပြီး
စာရေးသူ လက်လှမ်းမီသလောက် နှစ်မျိုးတွေ့ရပါတယ်။ အဘိဓမ္မာမှာက ဗိုလ် (၅)ပါး။ သုတ္တန်မှာက
ဗိုလ် (၇)ပါးလို့ ပြပါတယ်။

အဘိဓမ္မာက ပြတဲ့ ဗိုလ်(၅)ပါးက .........
သဒ္ဓါဗိုလ်၊ 
ဝီရိယဗိုလ်၊ 
သတိဗိုလ်၊ 
သမာဓိဗိုလ်၊
ပညာဗိုလ်
တို့ ဖြစ်ပါတယ်။

သုတ္တန်က အဆိုပါ (၅)ပါးမှာ ဟိရိဗိုလ်နဲ့ သြတ္တပ္ပဗိုလ်နှစ်ပါးပေါင်းထည့်ပြီး (ရ)ပါးလို့ ပြပါတယ်။