Sunday, July 17, 2016

ကိုရီးယားသမ္မတနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကြမယ်ဆိုရင် ...



နိုင်ငံရပ်ခြားကို အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့နေရာမှာ မြန်မာလုပ်သားတွေအနေနဲ့ အကြိုက်တွေ့ ဆုံးနိုင်ငံ ကတော့ ကိုရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ ကိုရီးယားသမ္မတနိုင်ငံကို သွားရောက်တဲ့မြန်မာ လုပ်သား
တွေဟာ ဈေးနှုန်းသက်သာစွာနဲ့ သွားရောက်နိုင်ပြီး နှစ်နိုင်ငံအစိုးရသဘောတူညီချက်များစွာက အလုပ် သမားတွေအတွက် အကောင်းဆုံးနဲ့အလုံခြုံဆုံး ရွှေ့ပြောင်းလုပ်သားခံစားခွင့်တွေ ပေးစွမ်းပါတယ်။

#နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု

၂၀ဝ၃ ခုနှစ်ဝန်းကျင်မှာ တောင်ကိုရီးယားကို မြန်မာအလုပ်သမားတွေ စတင်သွားရောက်လုပ်ကိုင်ကြ တာဖြစ်ပြီး ၂၀ဝ၇ ခုနှစ်မှာ တရားဝင်ချိတ်ဆက် ဆောင်ရွက်မှုစတင်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေအင်းဝလို့
ခေါ်တဲ့ အေဂျင်စီတစ်ခုက လုပ်ကိုင်ပါတယ်။ ၂၀၁၀မတိုင်မီမှာ နှစ်နိုင်ငံအစိုးရချင်းသာ ပူးပေါင်းဆောင်ရွက် သွားတော့မယ်လို့ ကိုရီးယားဘက်က အဆိုပြုလာတဲ့အတွက် မြန်မာအစိုးရက ကုန်ကျစရိတ်သက်သက
သာသာနဲ့ အလုပ်သမားအခွင့်အရေးတွေ၊ လုပ်ခလစာခံစားခွင့်တွေ ညှိနှိုင်းလို့ နှစ်နိုင်ငံ တရားဝင်အလုပ် လုပ်ကိုင်တဲ့စနစ်ကြီး ပေါ်ထွက်လာခဲ့ပါတယ်။

ဇွန်လအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁၄၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၇၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော် ဇူလိုင် ၁၆


နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ကာ အလုပ်အကိုင် အခွင့်အ လမ်းများ ပိုမိုရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိရာ ယခုနှစ်အတွင်းပြည်ပသို့ တရားဝင်စေလွှတ်ခဲ့ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရရှိခြင်းတို့ တိုးပွားလျက်ရှိကြောင်း သိရသည်။


ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကိုဦးစားပေးဆောင်ရွက်နေပြီး သင့်တော်ကောင်းမွန်သည့်
အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိ ရန် အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရှိရသည်။