ထိုင်းနိုင်ငံ၊လယောင်ခရိုင်မှ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်
စကုမြို့နယ် မုတ်ခဲ၊ရွှေချောင်း၊မြောင်းခြားနှင့်အိုင်မကျေးရွာတို့မှ မြန်မာအလုပ်သမား အမျိုးသား ၄ဦး၊
အမျိုးသမီး၁ဦးတို့ကို ယမန်နေ့၌ အလုပ်သမားသံအရာရှိရုံးက သွားရောက်ကယ်တင်ခဲ့ရကြောင်း သိရသည်။
ပွဲစားဖြစ်သူထံ အလုပ်သမားတစ်ဦးလျှင် မြန်မာကျပ်ငွေ၇သိန်းခန့်ပေးခဲ့ရပြီး၊ တရားဝင်MOUစနစ်ဖြင့်ပို့ဆောင်ပေးမည်ဟုပြောဆိုခဲ့သော်လည်း အလုပ်သမားများကို မြန်မာနဲ့ထိုင်းနယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊မေတ္တာမြို့နယ်ခွဲ၊ဆင်ဖြူတိုင်ရွာအနီးရှိ ထီးခီးနယ်စပ်ဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ထိုင်းနိုင်ငံဘက်သို့ ယမန်နှစ်ာက်တိုဘာလ က ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
