Saturday, March 22, 2014

ဖောင်စီးရင်း ရေငတ်ကြသူများ



၁
တကယ်တော့ အားလုံးဟာ စနစ်တစ်ခုကြောင့် မိမိတို့ရဲ့ချစ်ခင်တွယ်တာ လှသော   မွေး ရပ်နိုင်ငံနဲ့ မိဘညီ အစ်မောင်နှမ ဆွေမျိုး သားချင်တွေကို ချစ်ပါလျှက်နဲ့ ပစ်ခွာ ထား၍ အဝေးတမြေသို့ အသက်ဖက်နဲ့ထုပ်ပြီး ထွက်လာရတဲ့သူတွေပါ။

တိုင်းတပါး၌ ဘယ်အချိန်မှာများ ဘယ်သူကများ သက်လို့ပဲ သေမှာလာ မိမိအလုပ် လုပ်ရာ လုပ်ငန်းခွင် ထဲမှာပဲ အလုပ်လုပ် ရင်  သေမယ်လာဆိုတာ  မသိရပဲ အမိမြေ က မိသားစုစားဝတ်နေရေး အခက်ခဲတွေ ကို ဖြေရှင်းနေရင် သေမည့်နေ့ကို စောင့်နေ   ရတဲ့သူတွေပါပဲ။

ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ရောက်လာကြသူတွေဟာ နေရပ်ပေါင်းစုံ လူမျိုးပေါင်းစုံစွာနဲ့ ဘာသာ စကားမတူ နေရပ်မတူကြသောလည် အားလုံး ရဲ့ရင်ထဲမှာ တူညီတဲ့ ဘုံရည်ရွယ်ချက်ကတော့ အမိမြန်မာ နိုင်ငံ က ကျန်ရှိနေ တဲ့ မိသားစုတွေ နေ့စဉ်အသက် ဆက်နိုင်ရင် မသေထမင်း မသေဟင်းလေး စားနိုင်
မို့နဲ့ မိမိ တို့တွေ အနာဂတ်ကာလတစ်ခုမှာ လူတန်းစေ့ နေနိုင်ရေ စတဲ့တူညီတဲ့ ရည်ရွယ် ချက်တွေ နဲ့စွန့်စွန့်စာစာနဲ့ လာရောက် အလုပ်လုပ်ကိုင်ကြရသူတွေပါ။

၂
နံနက်အာရုဏ်တက်နဲ့အတူ နိုးထလာတဲ့ မြို့ကလေးဟာ ပိုမိုစည်ကားလာပေ သည် ။အလုပ်သွားအလုပ်ပြန် များဖြင့် ပျားပန်းခက် သကဲ့သို့ ဖြစ်နေပါတော့သည်.. ထို့အတူ လူမစည်ကာသင့်တဲ့ အရပ်ထဲမှာ ဆေးရုံး ဆိုတာလည် တစ်ခုအပါဝင်ပါပဲ   ဒါပေမယ့်......

Wednesday, March 19, 2014

ပြိတ္တာတို့၏ အကျွတ်အလွတ်ပွဲ (ပေတ ဥဒ္ဒိဿဒါန)


မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ ္ဒိဿ ဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ဖူးသည်။ ထို့ အပြင် ယခု ပျံလွန်တော်မူသွား ကြပြီဖြစ်သော တိပိဋက ဆရာတော်များနှင့် ဆရာ တော်ကြီး အတော်များများ ကြွရောက် ချီးမြှင့် ကြကြောင်းလည်း မိန့်ကြားသည်။


          အကျွတ်အလွတ်ပွဲပြုလုပ်သော ကာလမှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်၊ နံနက် ခုနစ်နာရီ တွင် နှစ်စဉ် အချိန်မပြောင်းဘဲ တိတိကျကျ ပြုလုပ်သည်။ ထိုအကျွတ် အလွတ်ပွဲကို ဦးဆောင်ကြသော လူပုဂ္ဂိုလ် များမှာ သံမဏိ ဦးမောင်မောင်နှင့် နိုင်ငံ့ဂုဏ် ရည် ဦးသူတို့က ဦးဆောင်ကြသည်။ ကြံတော သုသာန် ၌ ပင် ပေတဥဒ္ဒိဿဒါန(တစ္ဆေစာ)ကို အိုးကြီးအိုးငယ်တွေနှင့် ချက်ပြုတ်ကြသည်။


Tuesday, March 18, 2014

ပန်းကလေးများ ပွင့်ပါစေ၊ ပွင့်သောပန်းများ မွှေးပါစေ၊ မွှေးသောပန်းတိုင်း လန်း ပါစေ.........



ဒီကလေးမလေးက ထိုင်းနိုင်ငံ မဟာချိုင်မြို့ လူစည်ကားတဲ့ ရေထွက် ပစ္စည်း ရောင်းဝယ်တဲ့ဈေး
 ဒေသအခေါ် ဖယ်ဆိုတဲ့ လုပ်ငန်းတစ်ခုမှာနေ့တိုင်း တွေ့ရတတ်ပါတယ်။ အသား ခပ်လတ်လတ် မျက်လုံး ဝိုင်းဝိုင်း မျက်ခုံးကောင်းကောင်း နှုတ်ခမ်းပါးပါးလေးနဲ့ ကောင်မလေးပါ။ သနပ်ခါး ပါးကွက်ကြား လိမ်းထားတဲ့ အသက် ၁၄နှစ် ကလေးမလေးက ဂုတ်ထောက်နေတဲ့ ဆံပင်လေးကို ကြက်တောင်စည်းလေး စီးထားပါတယ်။

သူ့အရှေ့မှာတော့ ဝယ်သူမရှိတော့တဲ့ ပုစွန်တွေကို ကီလိုစားဖြင့် အခွံခွားထားတဲ့ ပုစွန်ပုံ ရှိနေပါတယ်။ သူ့ရဲ့ ပိန်လှီလှီ လက်ကလေးတွေနဲ့ ပုဇွန်တွေကို တစ်ကောင်ပြီးတစ်ကောင် လူကြီးတွေနှင့်အပြိုင် ကီလိုများများရဖို့ အတွက် အလုအယက် ခွာနေပြီး အလုပ်ဦးစီး ဝဏ္ဏဆီကနေ ပုစွန်တွေ ထပ်တောင်းနေပါတယ်။

သူ့က မရွှေဇင် ၊ဘ၀ပေးအခြေအနေနဲ့ နာမည်နဲ့ ကတော့ ပြောင်းပြန်ပါ။ တစ်ခါတလေမှာတော့ သူကို မဟာချိုင်က ဈေးတွေမှာ ပလတ်စတစ် ခုံပုလေးနဲ့ မုန့်တွေ ရောင်းနေတာ တွေ့ရသလို၊ အလုပ်ရုံကနေ အလုပ်သမားတွေ ပြန်ချိန်မှာလည်း အစ်ကိုတို့ အစ်မတို့ရေ အကြော် စုံတွေ ရမယ်လို့ အော်ရောင်းနေ တာမျိုးလည်း တွေ့နိုင်ပါတယ်။



Sunday, March 16, 2014

မနာလိုစိတ်နှင့် အားကျသောစိတ်

ပထမဆုံး ကျွန်တော်တို့ပုထုစဉ်လူသားများရဲ့ စိတ်သဏ္ဌာန်မှာ မနာလိုစိတ်လေးတွေ အနည်းနဲ့အများ ကိုယ်စီကိုယ်စီ ရှိနေတယ်ဆိုတာကိုတော့ လက်ခံရမယ့်အချက်ပါပဲ။ မနာလိုစိတ်(ဣဿာ) ကိုတော့   ထွေထွေ ထူးထူး ပြောနေစရာလိုမယ်မထင်ဘူး။ ဘုရားဟော အဘိဓမ္မာတော်ပါ အကုသိုလ်စေတသိတ် များထဲက တစ်ပါးဖြစ်လို့ မကောင်းတဲ့စိတ်ထားဆိုတာ အထင်အရှားသိနိုင်ပြီ။

လူလောကမှာ အချို့သောလူတွေဟာ အောင်မြင်ကြပြီး အချို့လူများက မအောင်မြင်ကြ၊ အချို့လူများ က အလုပ်အကိုင်အဆင်ပြေပြီး အချို့လူများက ဒုက္ခရောက်ကြတာ၊ အချို့လူများက ကံကောင်းကြပြီး အချို့ မှာ တော့ ကံအကျိုးမပေးကြတာတွေဟာ လောကသဘာဝအတိုင်း မညီမညာရှိနေကြတာချည်း ပဲဖြစ် ပါတယ်။ 

ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည်

ဤလောကကြီးတွင် ခေါင်းဆောင်ဟူသည် နေရာတိုင်းတွင်ရှိမြဲဖြစ်၏။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်
စေ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် တိုင်း၊ နိုင်ငံတွင်ဖြစ်စေ ခေါင်းဆောင်ဟူ၍ ရှိနေမြဲပင်ဖြစ်ပေသည်။ အသင်းအဖွဲ့ အမျိုးမျိုးတွင်လည်း ခေါင်းဆောင်ဟူ၍ ရှိရ၏။ ယုတ်စွအဆုံး ခေတ္တယာယီပြုလုပ်ကျင်းပသော အခမ်းအနားမျိုးတွင်ပင်လျှင် ခေါင်းဆောင်ဆိုသူကို ထားရှိမြဲဖြစ်၏။ထိုကဲ့သို့ ခေါင်းဆောင်ထားရှိခြင်း သည်   လောကအစဉ်အလာဖြစ်ချေ၏။ ရှိသင့်ရှိထိုက်၊ ကျင့်သင့်ကျင့်ထိုက်သည့်အစဉ်အလာလည်း ဖြစ်ချေ သည်။

ရဟန်းတော်များ၏ အဖွဲ့အစည်းတွင်လည်းခေါင်းဆောင်ရှိရပါသည်။ လူမှုရေးအဖွဲ့အစည်း၊ ပရဟိတအဖွဲ့ အစည်း၊ နာရေးအဖွဲ့အစည်း သာရေးအဖွဲ့အစည်း၊ နိုင်ငံ့အဖွဲ့အစည်း စသည်ဖြင့် အဖွဲ့အစည်းတိုင်း မှာ   ခေါင်းဆောင်ရှိရသည်သာဖြစ်ချေ၏။ နောက်လိုက်ဖြစ်သူများက ခေါင်းဆောင်ဖြစ်သူကို ရိုသေလေးစားကြ ရ၏။ ယုံကြည်အားထားမှုလည်း ရှိကြရ၏။ ခေါင်းဆောင်ဖြစ်သူက နောက်လိုက်များ ကို စောင့်ရှောက် ထိန်း သိမ်း နိုင်မှုရှိကြရ၏။ ဤနေရာတွင် စောင့်ရှောက်မှုဟူသည်မှာ အမှန်တကယ်လိုအပ်နေ သည်ကို ဖြည့် ဆည်းပေးခြင်းဖြစ်၏။ ထိန်းသိမ်းမှုဆိုသည်မှာ ဆိုးကျိုးဖြစ်ပေါ်လာစေမှုမျိုးကို တရားသောနည်းလမ်းဖြင့် ထိန်းချုပ်ပေးခြင်း ကာကွယ်ပေးခြင်း လမ်းညွှန်မှုပေးခြင်းပင်ဖြစ်ချေ၏။