Monday, May 09, 2016

ထိုင်းရောက် မြန်မာလုပ်သားဘဝမြှင့်တင်ရေး ရက်၁၀၀စီမံချက်ဖြင့် ဆောင်ရွက်နေဟု သံအမတ်ကြီးဦးဝင်းမောင်ပြော


ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား ပိုမိုကာကွယ်မှုရှိစေရန် ရက် ၁၀၀ စီမံချက်ကို မြှင့်တင်၍ လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။


ထိုင်းနိုင်ငံသို့ လာရောက် လုပ်ကိုင်မည့် မြန်မာလုပ်သား များ အဆင်ပြေစေရန် နယ်စပ် ဂိတ် လေးဂိတ်တွင် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဘာသာစကား သင်တန်းများ ပို့ချမည်ဖြစ်ပြီး နှစ် နိုင်ငံ ရေးထိုးထားသည့် အလုပ် သမားခေါ်ယူရေး စာချွန်လွှာ (MoU) စာချုပ်၌လည်း မြန်မာ လုပ်သားများအား ကာကွယ်နိုင် မည့် အချက်များ ထပ်မံထည့် သွင်းထားကြောင်း သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

 ထိုင်းနိုင်ငံသည် မြန်မာလုပ်သား အများဆုံးရောက်ရှိနေ သည့်နိုင်ငံဖြစ်ပြီး တရားဝင်လာ ရောက်သူနှင့် တရားမဝင် ရောက်ရှိနေသူများ အားလုံး ခြောက်သန်း ခန့်ရှိကြောင်း သိရသည်။ ထို့အပြင် မြန်မာလုပ်သားများ ရောက်ရှိနေသည့် နိုင်ငံများအနက် ပြဿနာအများဆုံး ရင်ဆိုင်ရသည့် နိုင်ငံလည်းဖြစ်၍ ယခုကဲ့သို့ စီမံချက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


Sunday, May 08, 2016

မုန်းတိုင်းတိုက်ခတ်မှုကြောင့် လယ်တီဓမ္မရိပ်သာဖွင့်လှစ်ရာ သက်တမ်းနှစ်၁၀၀ခန့်ရှိသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်း နှင့် သာသနိကအဆောက်အအုံများပျက်စီး


 


မလှိုင် ၊၊ မေ ၇
စောမောင်
မန္တလေးတိုင်းဒေသကြီး၊မိတ္တီလာခရိုင် ၊မလှိုင်မြို့နယ် ၊မြင်းတွင်းစံပြကျေးရွာ ရှိ မြသိန်းတန်လယ်တီ ဓမ္မရိပ် သာ မှာ ပြီးခဲ့ သည့်  မေ ၁ ရက်ညနေ ၃ နာရီက လေပြင်း မုန်တိုင်းတိုက်ခတ် မှုကြောင့် သက်တမ်းနှစ် ၁၀၀ခန့်ရှိသော ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအပါဝင်၊ ဓမ္မစကူးလ် ဖွင့်လှစ်ထားသော ဓမ္မာရုံနှင့် ဆွမ်းစားကျောင်းများ ပျက်စီးခဲ့ ရကြောင်း သိရသည်။

'' ဆရာတော်က နယ်မှာတရားဟောကြွသွားလို့ အခုမှကျောင်းပြန်ရောက်တာပါ၊ ကျောင်းထိုင်ဆရာတော် ရွာ အတွက်ကိုလည်း အ၀ီစိရေတွင်း တူးလှူ ဒါန်းဖို့လုပ်နေတုန်း လေပြင်း မုန်တိုင်းတိုက်ခတ် မှုကြောင့်
ကျောင်းပါ ပျက်စီးခဲ့ရပါတယ်၊ ကျွန်တော်တို့ ရွာကရှေးဟောင်းဘုန်းတော်ကြီးကျောင်းပြန်လည်ပြုပြင်ဖို့ အလှူ ရှင်များလိုအပ်လျက်ရှိနေပါတယ်'' ဟု ဒေသခံတစ်ဦးကပြောသည်။


ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီပေးရေးဗဟိုဌာန


ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီပေးရေးဗဟိုဌာန
(Migrant Resource Center- MRC)

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resource Center -MRC) များကို ဖွင့်လှစ်ရခြင်းမှာ ဒေသတွင်း အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းလုပ်ငန်းစဉ် များနှင့် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင်ရွှေ့ပြောင်းသွားလာခြင်းအတွက် အဆင့်ဆင့်ဦးစားပေးဆောင်ရွက် ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ၊ ဖြစ်နိုင်ခြေ ရှိသော
ရွှေ့ပြောင်းအလုပ် သမားများ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ မှန်ကန်စွာရရှိရေး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး၊


ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများမှ တစ်ဆင့် ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု များပေးနိုင်ရေး၊ ရွှေ့ပြောင်းသွားလာခြင်းဖြစ်စဉ်တွင် ဘေးကင်းလုံခြုံစွာနေထိုင်
နိုင်ရေး စသည့်ဝန်ဆောင်မှုများပေးနိုင်ရန် ရွှေ့ပြောင်း လုပ်သား များ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာန (Migrant Resource Center- MRC) ကို ရွှေ့ပြောင်းသွားလာမှု အများဆုံးနေရာဒေသများဖြစ်သည့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာ စံမြို့နယ်၊ မြင်းခြံမြို့နယ်၊ မိတ္ထီလာ
မြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့နယ်တို့တွင် International Labour Organization -ILOInternational Organization for Migration-IOM နှင့် ပူးပေါင်း၍လည်းကောင်း၊


ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တို့တွင် International Organization for Migration-IOM နှင့်ပူးပေါင်း၍ လည်းကောင်း၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန လက်အောက်ရှိ မြို့နယ်အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် လည်းကောင်း၊ ယင်းရုံးများနှင့် ပူးပေါင်း၍လည်းကောင်း ဖွင့်လှစ်ထားပြီးဖြစ်သည်။